နှုတ်ကပတ်တော်ဖြင့် မညီသောကိုးကွယ်ခြင်းများရှိပါသလား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, January 26, 2022

နှုတ်ကပတ်တော်ဖြင့် မညီသောကိုးကွယ်ခြင်းများရှိပါသလား


နိဒါန်း
 
ကိုးကွယ်ခြင်းဟူသည် နှုတ်ကပတ်တော်အရ “ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ခစားဝင်ရောက် ခြင်း၊ အထံတော်တိုးဝင်ခြင်း” အစရှိသဖြင့်ဆိုနိုင်ပါသည်။ အထူးသဖြင့် ကိုးကွယ်ခြင်းဟူသည် “အတ္တပျောက်ဆုံး ခြင်းအနုပညာ” (သို့) “မိမိအလိုစွန့်လွတ်ခြင်း” ဟူ၍ပင်ဆိုစမှတ်ရှိကြပါသည်။ 
 
ယနေ့ခေတ်တွင် အချို့ထင်ပေါ်သူများ (သို့) နာမည်ကြီးသူများ၏ ပြုမူဆောင်ရွက်ခြင်း၊ ကိုးကွယ်ခြင်း တို့မည်သည် ကိုးကွယ်ခြင်းမမည်၊ ဖျော်ဖြေရေးနှင့်အလားတူညီမှုများစွာရှိပါသည်။ ထိုအထဲမှာ အချို့ကိုကောက် နှုတ်ပြလိုပါသည်။
 
၁။ ဂီတတူရိယာဦးစားပေးသော ကိုးကွယ်မှု။
အချို့သောအသင်းတော်များတွင် ကိုးကွယ်မှုအတွက် သာ၍ကောင်းစေအံ့သောငှါ ဂီတတူရိယာများစွာ ပံ့ပိုးလျက်ဆောင်ရွက်လုပ်ဆောင်ကြသည်။ ဂီတသည် ဘုရားသခင်အား နှလုံးသားဖွင့်ဟလျက် ကျူးဧခြင်းတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါသည် (ဆာ၊ ၉၅:၁၊ ၁၄၉:၁၊ ထွက်၊ ၁၅:၁၊ ဧဖက်၊ ၅:၁၉)။ 
 
သို့သော်လည်း ဂီတတူရိယာများသည် ကိုးကွယ်မှုတွင်ပင်မနေရာပေးလွန်းခြင်းက “ရုပ်တုသဖွယ်” ဖြစ် လာစေနိုင်ပါသည်။ ထို့ကြောင့် ကိုးကွယ်သောအခါ၌ မည်သည့်အရာသည် ကျွန်ုပ်တို့၏ “ဦးစားပေး” ဖြစ်သည်ကို အမြဲဆန်းစစ်ရန်လိုအပ်ပါသည်။
 
သို့တည်းမဟုတ် ဂီတအမျိုးအစား၊ ကိုးကွယ်မှုဟန်ပန်၊ စတိတ်စင်ဦးစားပေးမှု၊ ဦးဆောင်မှုပြုသူကိုအသားပေးခြင်း စသည်တို့က ကိုးကွယ်မှုတွင် အပေါင်းလက္ခဏာထက် အနှုတ်လက္ခဏာဖြစ် လာစေတတ်ပါသည်။ ထို့ကြောင့် ကိုးကွယ်မှုတွင် ဘုရားသခင့်ဘုန်းတော်ထင်ရှားစေခြင်း၊ ဘုရားသခင့်ဂုဏ်တော် မြှင့်တင်ခြင်းသာ အဓိကဦးထိပ်ထား ရန်လိုအပ်ပါသည်။
 
၂။ လွတ်လပ်မှုလွန်ကဲသော ကိုးကွယ်မှု။ 
 
အချို့သောအသင်းတော်များတွင် လူတစ်ဦးချင်းအား လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခြင်းဖြင့် သမ္မာတရား နှင့်မညီသောလမ်းစဉ်များသို့ ပို့ဆောင်နေလျက်ရှိကြပါသည်။ ဘုရားသခင်အား မျက်မှောက်ပြုလျက် ကိုးကွယ်မှု ပြုနေစဉ် အချို့သောသူတို့က လှည့်ပတ်ပြေးလွှားနေခြင်း၊ ကွေးကောက်တိုး‌ဝှေ့လျက်ယိမ်းထိုးခြင်း၊ အော်ဟစ်၍ ပြုနေခြင်းတို့က အခြားသူများအား ကိုးကွယ်မှုတွင် အနှောက်အယှက်ဖြစ်စေပါသည်။ 
 
နှုတ်ကပတ်တော်တွင် ကွဲပြားမှုကို ဘုရားသခင်မပြုလုပ်ဆောင်မိန့်ဆိုထားပြီးဖြစ်သည့်အားလျော်စွာ ရှင်ပေါလု ကိုယ်တိုင်လည်း ကိုးကွယ်ရာ၌ ဘုရားသခင့်အလိုတော်နှင့်အညီ ကိုးကွယ်မှုပြုကြရန် ဆိုထားပါသည် (၁ ကော၊ ၁၄:၂၆-၃၃)။ ထို့အတူ ကိုးကွယ်ရာတွင် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြ လော့” (၁ ကော၊ ၁၄:၄၀) ဟုဆိုထားပါသည်။ 
 
၃။ ဝမ်းမြောက်ခြင်းကင်းသော ကိုးကွယ်မှု။ 
 
ဆန့်ကျင်ဘက်အနေဖြင့် အချို့အသင်းတော်များသည် နှုတ်ကပတ်တော်နှင့် မညီညွတ်သော ကိုးကွယ် မှုကိုအစားထိုးသတ်မှတ်ထားကြသည်။ အထူးသဖြင့် ကိုးကွယ်သောသူတို့၏ ခံစားချက်၊ လွတ်လပ်မှုကို ဘောင် ကန့်သတ်ထားပြီး ဇယားအတိုင်းပုံသေနည်းဖြင့် ကိုးကွယ်မှုပြုကြသည်။
 
သူတို့သည် တစ်ပါတ်တစ်ခါ အသင်းတော်သို့လာရောက်ကြသော်လည်း အသက်ရှင်သောနှုတ်ကပတ် တော်အစား၊ အသင်းတော်ဇယားအတိုင်း ဝတ်ရွတ်စဉ်ဖတ်သကဲ့သို့ဖတ်၍၊ အချိန်တန်သောအခါ အစီအစဉ်တိုင်း အမှတ်စဉ်လိုက် တစ်ခုပြီးတစ်ခုဆောင်ရွက်ကာ ပြန်သွားကြသည်။ သူတို့သည် ထိုအရာကို ကိုးကွယ်မှုဟူ၍ သတ် မှတ်ကြသော်လည်း နှုတ်ကပတ်တော်က “လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီး ကိုးကွယ်ကြ၏” (မ၊ ၁၅:၈၊ ဟေရှာ၊ ၂၉:၁၃)ဟု ခရစ်တော်ဘုရားက အပြစ်တင်တော်မူခဲ့သည်။ 
 
အသင်းတော်သို့သွားခြင်းသည် ဘုရားသခင်အား ဝမ်းမြောက်ရွှင်လန်းစွာ ဂုဏ်တော်ကျူးဧရင်း၊ အထံ တော်၌ တိုးဝင်ဆုတောင်းခြင်းနှင့်အတူ ဘုရားသခင့်အလိုတော်ကို သင်ယူရင်း၊ အချင်းချင်းတည်ဆောက်မှုပြုကြ ရန်ဖြစ် ဖြစ်ပြီး၊ ဘုရားသခင်လည်း ထိုသို့ပင်အိလုတော်ရှိထားပါသည် (၂ ကော၊ ၉:၇)။ 
 
၄။ အစဉ်အလာဖြင့် ကိုးကွယ်ခြင်း။
ခရစ်တော်ဘုရား လူ့ဇာတိမခံယူခင်ကတည်းကပင်လျင် လူတို့သည် မိမိတို့၏ အတွေးအခေါ်၊ အယူအဆ များဖြင့်ကိုးကွယ်မှုကို သတ်မှတ်ရေးဆွဲထားလျက်ရှိကြသည်။ ထိုသို့သော ကိုးကွယ်မှုမျိုးကို ခရစ်တော်ကိုယ်တိုင် တားမြစ်လျက်၊ ကန့်ကွက်တော်မူခဲ့သည် (မာ၊ ၇:၇-၈၊ ကော၊ ၂:၈)။ 
 
ကိုးကွယ်ခြင်းဟူသည် ကျွန်ုပ်တို့ခံစားချက် ကောင်းစေခြင်းသက်သက်မဟုတ်သလို၊ ပါတီကဲ့သို့ အပျော် သက်သက်မျိုးမဟုတ်ရပါ။ များစွာသောသူတို့သည် သာသနာပများနည်းတူ လေ့ကျင့်ထိန်းကျောင်းမှုကို ခံခဲ့ကြရ ပြီး ထိုအတိုင်းပင် ကြီးပျင်းလာ၍ ဆင့်ကမ်းပြုစုပေးလျက်ရှိကြသည်။ 
 
ထို့အတွက်လည်း နှုတ်ကပတ်တော်နှင့် ညီသည်/ မညီသည်ကိုလည်း တစ်ကြိမ်တစ်ခါမျှ မေးမြန်းခြင်း၊ စူး စမ်းခြင်း၊ ရှာဖွေခြင်း၊ သင်ယူခြင်းလည်းမရှိကြ။ 
 
နိဂုံး
 
မည်သိုသောကိုးကွယ်မှုမျိုးမဆို နှလုံးသားမှအရင်းတည်သော ကိုးကွယ်ခြင်းမဟုတ်လျင် ဘုရားသခင့် အလိုတော်နှင့်လွဲသွားစေနိုင်ပါသည်။ ထို့ကြောင့်လည်း ရှမာရိအမျိုးသမီးအမေးကို ခရစ်တော်က အောက်ပါတိုင်း မိန့်ဆိုလျက် ဖြေကြားတော်မူခဲ့ပါသည်။ “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ် သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏” (ယော၊ ၄:၂၄)။ 
 
သမ္မာတရားအတိုင်း ကျွန်ုပ်တို့ ကိုးကွယ်မှုကိုပြုကြလျင် မိမိအလိုပျောက်ဆုံးပြီး (သို့) အတ္တပျောက်ဆုံး၍ ဘုရားသခင့်မျက်မှောက်တော်တွင် ကြည်နူးခြင်းအသက်တာ၊ ငြိမ်ဝပ်ခြင်းအသက်တာ၊ ပြီးပြည့်စုံသောလူ့ဘဝ အနှစ်သာရကို ခံစားရရှိနိုင်ပါသည်။ ဘုရားသခင်အား အသက်တာပေးလှူထားပြီး ပြုမူသမျှ၊ ဆောင်ရွက်သမျှ၊ နေထိုင်ကျင့်ကြံမှုပြုနေသမျှတို့သည် ဘုရားသခင်အား ကိုးကွယ်ခြင်းသာဖြစ်ပါသည်။
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ Are any of the various worship styles unbiblical? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages