ရောဒေသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

ရောဒေသည် မည်သူနည်း


၁။ သမိုင်းနောက်ခံ။
နှုတ်ကပတ်တော်တွင် ရောဒေဟူသောအမည်ကို တစ်ကြိမ်သာဖေါ်ပြခြင်းခံရပြီး၊ အမည်ရင်းမှာ ဂရိဘာသာစကား အားဖြင့် “မနှင်းဆီ” ဟူ၍ဆိုလို ပါသည်။ တစ်ကြိမ်တည်းသာဖေါ်ပြခြင်းခံရသော်လည်း ရောဒေ၏အခန်းကဏ္ဍသည် လွန်စွာ အရေးပါပြီး ယနေ့ယုံကြည်သူများအဖို့ ကောင်းမွန်၍၊ ကောင်းမြတ်သောပုံသက်သေကို ပေးထားသူတစ်ဦးလည်းဖြစ်သည် (တမန်၊ ၁၂)။
 
၂။ ကနဦးခရစ်ယာန်များ။
ကနဦးအသင်းတော်များကာလတွင် ဂျူး (ဣသရေလ) နှင့် ရောမတို့သည် ခရစ်ယာန်များကိုရန်သူသဖွယ်ဆက်ဆံ၍ ပြုမူသောကြောင့် ခရစ်ယာန်တို့ သည် ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများကို သိုသိုသိပ်သိပ်ဖြင့်ပြုလေ့ရှိကြသည်။ ယေရုရှလင်မြို့တွင် မာကု၏မိခင်၊ မာရိပိုင်သောအိမ်တွင် ခရစ်ယာန်တို့စုဝေးခဲ့ကြသည်ကိုလည်း ဖေါ်ပြထားသည်။ အစဉ်အ လာအရ ထိုမာရိသည် ခရစ်တော်ဘုရားနောက်ဆုံးညစာစားခဲ့သော အိမ်ဟူ၍ ဆိုကြသည်။
 
၃။ ဘုရားသခင် နားညောင်းတော်မူခြင်း။
ရောဒေသည် ထိုမာရိအိမ်ရှိ အစေခံမလေးဖြစ်ပြီး ထိုနေရာမှပင်လျင် အသင်းတော်ကြီးထွားလာကြခြင်းဖြစ်သည်။ ခရစ်ယာန်တို့သည် တစ်ခုသော ညတွင် မာရိအိမ်၌စည်းဝေးနေပြီး “သင်းဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏” (တမန်၊ ၁၂:၅) ဟုဖေါ်ပြထားပါ သည်။ ထိုသို့ဆုတောင်းကြခြင်းမှာ ပေတရုအဖမ်းခံထားရခြင်းမှ လွတ်မြောက်စေရန်ဖြစ်သည် (တမန်၊ ၁၂:၃-၄)။ 
 
ဘာကြောင့် ဆုတောင်းကြရသလဲဆိုလျင် ယောဟန်၏ ညီအစ်ကိုဖြစ်သော ယာကုပ်သည် မကြာခင်လေးမှပင် မာတုရအဖြစ် သတ်ဖြတ်ခံခဲ့ရခြင်း ကြောင့်ဖြစ်သည် (တမန်၊ ၁၂:၂)။ အလားတူ ပေတရု အားလည်းထို့အတူပြုရန် ရောမအစိုးရကစီစဉ်ထားသောကြောင့်ဖြစ်သည်။ 
 
အသင်းတော်အနေဖြင့် ဆုတောင်းလျက်နေစဉ် ဘုရားသခင်သည် အံ့ဖွယ်အမှုများကိုပြုလျက် ပေတရုအား ကောင်း ကင်တမန်ကိုစေလွတ်၍ အကျဉ်းချခံနေရခြင်းမှ ကယ်တင်ပေးခဲ့သည် (တမန်၊ ၁၂:၆-၁၀)။ ထိုအခါ ပေတရုသည် အိပ်မက် မဟုတ်အမှန်တကယ်ဖြစ်ကြောင်း သိသောအခါ သူသွားဖို့သိသောနေရာက မာရိအိမ်သာလျင်ဖြစ်သည် (တမန်၊ ၁၂:၁၁-၁၂)။
 
၄။ အစေခံမလေး ရောဒေ။
ပေတရုသည် မာရိအိမ်သို့ရောက်၍ တံခါးခေါက်သောအခါ အစေခံမလေး ရောဒေသည်ဖြေကြားလျက် တံခါးလာ ဖွင့်ပေးသည်။ ပေတရုအသံကို ကြားသောအခါ ရောဒေကောင်းစွာမှတ်မိသည်။ ထိုအခါလွန်စွာစိတ်လှုပ်ရှား၍ ဝမ်းမြောက်ပြီး တံခါးမဖွင့်ပေးဖြစ်ပဲ အိမ်တွင်းသို့ဝင်၍ ပြောကြား လေသည်။ ပေတရုအား တံခါးဝတွင်ထားရစ်ပြီး လူတိုင်းအား ဘုရားသခင့် နားညောင်းမှုကိုပြောပြသည် (တမန်၊ ၁၂:၁၄)။ ထိုအခါ မည်သူမျှ မယုံကြည်နိုင်ကြ အထူးသဖြင့် ရောဒေသည်ဦးနှောက်လွတ် သွားပြီဟုတင်မှတ်ကြသည် (တမန်၊ ၁၂:၁၅)။ 
 
“ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြ၏” (တမန်၊ ၁၂:၁၅)။ ထိုအခါ အမှန်ဖြစ်ကြောင်း ပြောသောအခါ အခြားသော ယုံကြည်သူတို့သည် ထိုအရာသည် ရှင်ပေတရု၏ ကောင်းကင်တမန်အစောင့်အရှောက်သာဖြစ် ရမည်ဟူ၍ဆိုကြသည်။ အထူးသဖြင့် ဘုရားသခင်မှ သူတို့ဆုတောင်းချက်ကို နားညောင်းတော်မူကြောင်း ယုံကြည်ခြင်းထက် အခြားသောနည်းလမ်းဖြင့်သာလျင်ရှိနေခဲ့ကြသည်။ 
 
၅။ အဆက်မပြတ်တံခါးခေါက်သံ။
ထိုအချိန်တွင် ပေတရုသည် တံခါးလာမဖွင့်မချင်းတံခါးကို အဆက်မပြတ်ခေါက်လျက်ရှိသည်။ နောက်ဆုံး၌ ယုံကြည်သူတို့ တံခါးလာဖွင့်ပေးချိန် ပေတရုအားမြင်သောအခါ အံ့ဩမှင်သက်လျက်ရှိကြသည်။ ရောဒေသည် ဘုရားသခင်မှ သူတို့ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းကြောင်း အဆက်မပြတ်ပြောခဲ့သော်လည်း သူတို့မယုံကြည်ခဲ့ကြ။ 
 
ရောဒေ မူကား ဘုရားသခင်မှ သူတို့ဆုတောင်းချက်ကို နားညောင်းတော်မူကြောင်း အမှန်ယုံကြည်ခဲ့သည်။ ထို့နောက် ပေတရုမှလည်း ဘုရားသခင် သည် သူ့အားမည်သို့အံ့ဩဖွယ်ကောင်းစွာ ကယ်လွတ်ခဲ့ကြောင်းကို အကြောင်းစုံရှင်းပြလေတော့သည် (တမန်၊ ၁၂:၁၇)။ 
 
၆။ ယုံကြည်သူ၏ မယုံကြည်ခြင်းများ။
စိတ်ဝင်စားစရာကောင်းသည်မှာ အသင်းတော်တွင်း၌ စိတ်အားကြီးစွာဆုတောင်းနေကြသော်လည်း ဘုရားသခင်မှ အဖြေစကားပေးပို့သောအခါ၌ ယုံကြည်သူတို့သည် မယုံကြည်နေကြခြင်းက လွန်စွာစိတ်ဝင်စားစရာကောင်းနေပါသည်။ ဆုတောင်းခြင်း၏ အရေးပါသောကဏ္ဍတစ်ခုမှာ အဖြေရရှိရေးကို မေ့လျော့နေကြခြင်းဖြစ်သည်။
 
ရောဒေသည် ပထမဆုံးပေတရုရောက်လာချိန်တွင် ယုံကြည်မှုရှိပြီး ထိုဆုတောင်းခြင်းအဖြေကိုဝမ်းမြောက်စရာအ ဖြစ်အခြားသူများကို ကြားပြော ရန် စိတ်အားထက်သန်စွာရှိနေသူတစ်ဦးဖြစ်သည်။ အခြားသူများမယုံကြည်ကြသည့်တိုင် ရောဒေသည် သူ့ဝမ်းမြောက်ခြင်းကို အဖျက်စီးမခံ ဝမ်းမြောက်မြဲဝမ်းမြောက်လျက်ရှိသည်။ 
 
ယနေ့ကျွန်ုပ်တို့သည်လည်း ရောဒေနည်းတူ ဘုရားသခင်အမှုပြုတော်မူခြင်းကို အခြားသူများအား ပြန်လည်ဝမ်း မြောက်စေဖို့ဆင့်ကမ်းလျက် မိမိဖြစ်တည်မှုအားဖြင့် ဘုရားသခင့်အစေခံကောင်းများဖြစ်နိုင်ကြပါသည်။ 
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ Who was Rhoda in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages