မင်္ဂလာရှစ်ပါးဟူသည် အဘယ်နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, November 19, 2021

မင်္ဂလာရှစ်ပါးဟူသည် အဘယ်နည်း


၁။ မည်သူမိန့်တော်မူခဲ့ပါသနည်း။

မင်္ဂလာရှစ်ပါးကို သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင် မိန့်တော်မူခဲ့သော စကားဖြစ်သည်။ ထိုမင်္ဂလာရှစ်ပါးမှာ “မင်္ဂလာရှိ၏..... ဟူသောစကားဖြင့်အစပျိုး” ထားသောစကားဖြစ်သည်။ အချို့က တောင်ပေါ်ဒေသနာဟူ၍လည်း ဆိုကြပါသည်။

ထိုမင်္ဂလာရှစ်ပါးနှင့်ပတ်သက်ပြီး ယနေ့တိုင်အောင် ခုနှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးအစရှိသဖြင့် ဆွေးနွေးငြင်းခုံမှုများ လည်းရှိနေကြသည့်တိုင် နှုတ်ကပတ်တော်ကို လေ့လာသောအခါတွင် ရှစ်ပါးသာဖြစ်ကြောင်းတွေ့မြင်ရပါသည်။ မ၊ ၅:၁၀-၁၂)။

၂။ မူလဘာသာစကားကို လေ့လာခြင်း။

မူရင်းမှာ ဂရိဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လိုပြန်ဆိုရာတွင် “မင်္ဂလာရှိသူ”၊ “ကောင်းကြီးခံစားသူ”၊ “သုခချမ်းသာ ရှိသူ” အစရှိသဖြင့်ပြန်ဆိုနိုင်ပြီး၊ တိုက်ရိုက်ပြန်ဆိုမှုပြုမည်ဆိုလျင်ကျယ်ဝန်းသော အသက်တာရှိသူ”ဟုဆိုရ ပေမည်။

၃။ စစ်မှန်သော မင်္ဂလာတရား။

ထိုတောင်ပေါ်ဒေသနာတွင် ခရစ်တော်ဘုရားမှ အပြင်ပန်းသဏ္ဌာန်အသွင်အပြင်ထက် စစ်မှန်သော သုခချမ်းသာ စစ်ကိုဟောပြောနေခြင်းဖြစ်သည်။

အထူးသဖြင့် အတွင် စိတ်ဝိညာဉ်၏ ကြွယ်ဝချမ်းသာမှုနှင့် စုံလင်ခြင်းကိုသာ ဦးတည်ဟောပြောနေခြင်းဖြစ်သည်။

စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် အတွင်းစိတ်ဝိညာဉ်မှ စီးဆင်းလာသော အရာဖြစ်သည်။

ပထမဆုံး စစ်မှန်သည့် ဝမ်းမြောက်ခြင်းခံစားရသူဖြစ်သည်မှန်လျင် အခြားသောကောင်းကြီးမင်္ဂလာများကို ခံစား ရန်လည်းမဝေးတော့ပါပေ။

ခြေတော်ရာလိုက်လျောက်နေသောသူများ အဖို့ 

ဘုရားသခင်ပြင်ဆင်ပေးသည့် 

ဆုလဘ်များဟုလည်းဆိုနိုင်ပါသည်။ 

၄။ ပထမ မင်္ဂလာနှင့် ဒုတိယမင်္ဂလာ။

ထိုသို့ဆိုရာတွင် မည်ကဲ့သို့သောနည်းဖြင့် ပထမရရှိခံစားကြရမည်နည်း ထိုမင်္ဂလာတရားတို့ကား အဘယ်နည်း....

    (၁) စိတ်နှလုံးနှိမ့်ချသောသူတို့၏ မင်္ဂလာ။

    (၂) စိတ်မသာညည်းတွားသောသူတို့၏ မင်္ဂလာ။

    (၃) စိတ်နူးညံ့သိမ်မွေ့သေသူတို့၏ မင်္ဂလာ။

    (၄) ဖြောင့်မတ်ခြင်းကို ဆာငတ်သူတို့၏ မင်္ဂလာ။

    (၅) သနားစုံမက်တတ်သောသူတို့၏ မင်္ဂလာ။

    (၆) စိတ်နှလုံးဖြူစင်သူတို့၏ မင်္ဂလာ။

    (၇) ရန်ငြိမ်းစေတတ်သူတို့၏ မင်္ဂလာ။

    (၈) ဖြောင့်မတ်ခြင်းကြောင့် နှောင့်ရှက်ညှင်းဆဲခံရသူတို့၏ မင်္ဂလာ။

စသည်ဖြင့် ရှစ်ခုရှိပါသည်။ ထိုမင်္ဂလာတရားများပြီး ထပ်မံခံစားရမည့် မင်္ဂလာတရားတို့မှာ... နိုင်ငံတော်နှင့်ယှဉ်၍ ဖြစ်တည်လာသော မင်္ဂလာတရားတို့ဖြစ်ပါသည်။၏

ထိုမင်္ဂလာကို ခံစားရရှိသူတို့သည် နိုင်ငံတော်ကိုဝင်စားခံစားကြရမည်ဖြစ်ပြီး၊ စစ်မှန်သော ဘုရား၏ မေတ္တာတော် အရိပ်အာဝါသအောက်တွင် စစ်မှန်သော သန္တိသုခချမ်းသာစစ်ကို ခံစားကြရမည့်အမှုသာဖြစ်ပါသည်။

၅။ ဘာကြောင့် မင်္ဂလာရှိစေပါသနည်း။

ထိုမင်္ဂလာရှစ်ပါးသည် ဘုရားသခင်ကိုချစ်၍ ဘုရားအလိုတော်နှင့် ခြေတော်ရာလိုက်လျောက်နေသောသူများ အဖို့ ဘုရားသခင်ပြင်ဆင်ပေးသည့် ဆုလဘ်များဟုလည်းဆိုနိုင်ပါသည်။

ဘုရားသခင့်အလိုတော်နှင့် ဘုရားသခင့်နိုင်ငံတော်အတွင်း၏ သူ၏ အပြောအဆို၊ အမူအကျင့်၊ အနေအထိုင်တို့မှာ သာသနာပလူများတို့၏ ပြုမူ၊ ကျင့်ကြံခြင်းတို့နှင့် လုံးဝကွဲပြားခြားနားနေပါသည်။

တိုက်ရိုက်ပြန်ဆိုရလျင် ထိုမင်္ဂလာတရားဖြစ်စဉ်ကို ဓမ္မဟောင်း၌လည်း ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။

အထူးသဖြင့် ဆာ၊ ၁:၁၊ ၃၄:၈၊ ၆၅:၄၊ ၁၂၈:၁ အစရှိသဖြင့် မြင်တွေ့နိုင်ပါသည်။ ထို့အတူ အခြားသော ဓမ္မသစ် များတွင်လည်း ယော၊၂၀:၁၉၊ ၁၄:၂၂၊ ယာကုပ်၊ ၁:၂၁၊ ဗျာ၊ ၁၄:၁၃ တို့တွင်လည်း ကျွန်ုပ်တို့မြင်တွေ့နိုင်ပါသည်။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What are the Beatitudes? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages