ဆန္ဒလေးတစ်ခု - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, January 26, 2022

ဆန္ဒလေးတစ်ခု


အကောင်းအဆိုးသိတယ်
လိုဘအတွက်ဆို
တေမိလိုကျင့်ကြံ
ဘာလာလာဒေါင်းတယ်
အဲ့ဒါက ရင့်ကျက်ခြင်းလား
လူရည်လည်ခြင်းလား။
 
အကောင်းအဆိုးသိတယ်
လိုဘအတွက်ဆို
ဒဿဂီရိလိုမျက်နှာနဲ့
လိုအပ်ရင်ထမင်းလက်ဆုံးလည်းစားတယ်
အဲ့ဒါ ရင့်ကျက်ခြင်းလား
ဟန်ဆောင်ခြင်းလား။
 
အကောင်းအဆိုးသိတယ်
ပရအတွက်ဆို
ဇနကနှလုံးမူ၍
ရေလိုမီးလိုပေးဆပ်
ခန္ဓာ၊ စိတ်၊ ဝိညာဉ်မနှေးဘူး
အဲ့ဒါ ရင့်ကျက်ခြင်းလား
တုံးအခြင်းလား။
 
အကျွန့်အဖို့တော့
လောကီ၊ လောကုတ်အကျိုးမယုတ်ရင်
တွန့်ဆုတ်မနေဘူး
လောကဓံတရားလည်း
ဂရုမပြုနိုင်ဘူး
ရိုးရိုးလေးကျင့်ကြံ
သခင့်ဘုန်းအတွက်ပဲနေချင်တယ်။
 
ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages