လူ/သူတော်စဉ်များကို ကိုးကွယ်ခြင်းကျမ်းစာနဲ့ညီပါသလား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, December 30, 2021

လူ/သူတော်စဉ်များကို ကိုးကွယ်ခြင်းကျမ်းစာနဲ့ညီပါသလား


၁။ အတုမဲ့ အနှိုင်းမဲ့။

နှုတ်ကပတ်တော်တွင် ဘုရားမှတစ်ပါး ကိုးကွယ်ခြင်/ဝတ်ပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ရှင်းလင်စွာမြင်တွေ့ နိုင်ပါသည်။ 

 

နှုတ်ကပတ်တော်တွင် ဘုရားမှတစ်ပါး ထိုသို့ခံယူခြင်း (သို့) ထိုသို့ပြုမူဆောင်ရွက်ခြင်းကို “မိစ္ဆာ” လမ်စဉ်ဖြစ် ပြီး စာတန်မာရ်နတ်၏ အဖြစ်ချင်ဆုံးသောဘုရားနေရာယူခြင်းပင်ဖြစ်သည်။ စစ်မှန်သောဘုရားကို သက်ဝင် ယုံကြည် သူတိုင်း ထိုသို့ကိုးကွယ်ခြင်းမျိုးကိုငြင်းပယ်ကြသည်။ 

 

၂။ ဓမ္မသစ်၌ မည်သို့ဆိုထားသနည်း။

ရှင်ပေတရုနှင့် တမန်တော်များသည်လည်း ထိုသို့သောကိုးကွယ်ခြင်းမျိုးကို လက်မခံငြင်းပယ်ခဲ့ကြသည်။

 

တရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ် လေ၏။ ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏”(တမန်၊ ၁၀:၂၅-၂၆)။

 

ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့် တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့ အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင် လျက်၊ အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏” (၁၄:၁၃-၁၅)။ 

 

ထိုနည်းတူ မြင့်မြတ်သည်ဟူ၍ ကျွန်ုပ်တို့ တင်စားကြသော ကောင်းကင်တမန်များသည်လည်း ထိုသို့ကိုးကွယ် ခြင်းမျိုးကို ငြင်းပယ်၍ ကိုးကွယ်မှုကို မခံယူကြပါ။

 

ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော် ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက် ဟောသော စကားချက် သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏”(ဗျာ၊ ၁၉:၁၀)။

 

ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင် တမန်၏ ခြေရင်း၌ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏ အစ်ကို ပရောဖက် တို့နှင့်ဤစာစောင်၏ စကားကို စောင့်ရှောက်သော သူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရား သခင်ကိုကိုးကွယ်လော့ဟုပြောဆို၏” ၂၂:၈-၉)။  

 

အထက်ဖေါ်ပြပါဖြစ်စဉ်များ၌ အားလုံး၏ တုန့်ပြန်ချက်မှာ "ဘုရား သခင်ကိုသာကိုးကွယ်ပါ” ဟူ၍ တစ်သံတည်း သာလျင် ထွက်ဆိုကြပါသည်။ 

 

၃။ အချို့သောကိုးကွယ်မှုများ။

နှုတ်ကပတ်တော်တွင် မည်သို့ဆိုထားပါစေ “မာရိနှင့် သန့်ရှင်းသူ” တို့အား ကိုးကွယ်ခြင်းမဟုတ်၊ အမှတ်ရ ဂုဏ်ပြု သည့် အနေဖြင့်သာလျင်မာရိနှင့် ရှေးသန့်ရှင်းသူများကို ပြုလုပ်ထားကြခြင်းဖြစ်သည်ဟူ၍ အချို့က ဆိုကြသည်။ 

 

မည်သို့သောစကားလုံးကိုပင်လျင် သုံးနေပါစေ လက်တွေ့သက်သေများက ပြောင်းလဲမသွားကြပါ။ “ဂုဏ်ပြု ခြင်း” ဆိုသောအရာမှာ တစ်စုံတစ်ဦးအား အလေးအမြတ်ထားခြင်း၊  ရိုသေခြင်းသာလျင် ဖြစ်သည်ဟူ၍ ဆိုစေဦးတော့ နှုတ်ကပတ်တော်တွင် “ဘုရားတစ်ပါးတည်းသာလျင်” ထိုသို့သောလေးစားမြတ်နိုးမှုကို ခံယူထိုက်ကြောင်းဆိုထား ပါသည်။ 

 

 ဟေဗြဲ ၁၁ တွင်ကြည့်လျင် ယုံကြည်ခြင်းနှင့်စပ်ဆိုင်ပြီး ရိုသေလေးစားထိုက်သော ရှေးဘိုးဘေး များအကြောင်း ကိုများစွာဖေါ်ပြထားပါသည်။ ထို့ကြောင့် မယ်တော်မာရိအား မယ်တော်အနေဖြင့် ရိုသေလေးမြတ်ခြင်းသည် ပြဿနာမဟုတ်ပါ။ ထို့အတူ မာရိအား”အမျိုးသမီးများအားလုံးအထက်” ချီးမွမ်း ထားသည်ကိုလည်း အရှင်းသား မြင်တွေ့ရပါသည် (လု၊ ၁:၂၈)။ သို့တိုင်အောင် ခရစ်တော်၌ အိပ်စက်ပြီးသူများကိုမူကား ကိုးကွယ်ခြင်း၊ ဝတ်ပြု ခြင်း၊ ခစားခြင်းမျိုးကိုကား နှုတ်ကပတ်တော်တွင် လုံးဝ ပြောဆိုထားခြင်းမသိရပါ။ 

 

၄။ လက်တွေ့ဆန်ပါသလား။

ထို့အတွက်အမှန်အမှားကို ဝန်ခံရန်ဖိအားပေးလျင် “မာရိနှင့် သန့်ရှင်းသူ” နှင့် “ဟိုလူ သည်လူတို့အား” ကိုးကွယ်ခြင်းမဟုတ်သူတို့အားဖြင့်ဘုရားသခင့်ဘုန်းနှင့် အမှုတော်များကိုမြင်တွေ့ကြခြင်းဖြစ်၍ ဂုဏ်ပြုခြင်း ဟု ဆိုကြသည်။ သို့တိုင် အောင်မာရိ၊ သန့်ရှင်းသူနှင့် ထိုသို့သောတို့သည် “ကျေးဇူးအထူးရှိသောသူများ”၊ “ထူးမြတ်သောသူများ”၊ “ဂုဏ်ပြုခံထိုက်သူများ” စသည်ဖြင့်တွေးထင်လျက်ရှိနေကြပြီး အမွန်မြတ်ဆုံးအဖြစ် လွန်ကျူးစွာ မြင့်တင်ထားလေ့ရှိကြသည်။ 

 

နှုတ်ကပတ်တော်၌  ဘုရားမှတစ်ပါး ကိုးကွယ်ခြင်း/ဝတ်ပြုခြင်း/ ဦးချခြင်းများမပြုရဟုမိန့်တော် မူထား သကဲ့သို့၊ ထိုနည်းဖြင့်ဘုရားသခင့်အား ကိုယ်ပွား/ရုပ်တုများကိုလည်း ကောင်းကင်အောက် မြေကြီးပေါ်၌ မည်သည့် အရာမှအစားထိုးခြင်းမပြုရဟူ၍ဆိုထားပါသည် (ထွက်၊ ၂၀:၄-၅)။ 

 

ထိုအတွက် ရောမ၊ ၁:၂၅ က ပို၍ရှင်းလင်ပေမည် “သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ ၏ ဟူ၍ဆိုထား ပါသည်။ 

 

မယ်တော်မာရိအပါအဝင် အခြားသောလေးစားအားကျ အတုယူထိုက်သောသူများစွာရှိကြပါသည်။ သူတို့အား လုံးကိုလည်းဘုရားသခင်ဖန်ဆင်ထား၍ ဝမ်းမြောက်ဂုဏ်ယူ လေးစားထိုက်သည်မှန်ပါသည်။ သို့သော်လည်း ထိုသူတို့အားလုံးအား ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ ကိုးကွယ်ခြင်း၊ ဦးချခြင်း၊ ဝတ်ပြုခြင်းမျိုးကို ခွင့်မပြုသည် သာမက ထိုသို့ပြုခြင်းကို “ရုပ်တုကိုးကွယ်သူ” (သို့) “မိစ္ဆာလမ်းစဉ်” အဖြစ်နှုတ်ကပတ်တော်တွင် အတိအလင်း ဆိုထားပါသည်။

 

ချီးမွမ်းကိုးကွယ်ခြင်း (သို့) ဦးညွတ်ပျပ်ဝပ်ခြင်းတည်းဟူသော ကိုးကွယ်ခြင်းကို ဘုရားသခင်တစ်ပါးတည်းသာ လျင် ခံယူထိုက်ပါသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်း အသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏” (ဗျာ၊ ၄:၁၁)။

 

မြန်မာစကားတွင် “မနှိုင်းယှဉ်အပ်၊ မကြံစည်အပ် အတုအတူမရှိသောဘုရား” တစ်ပါးတည်းသာလျင် ကျွန်ုပ်တို့၏ ကိုးကွယ်ခြင်း/ဝတ်ပြုခြင်း/ဦးချရှိခိုးခြင်းကို ခံယူထိုက်သောဘုရားဖြစ်ပါသည် (နေဟ၊ ၉:၆၊ ဗျာ၊ ၁၅:၄)။


 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ ။ Is worship of saints/Mary Biblical? အားမြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages