စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းက ဘာလဲ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, January 17, 2022

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းက ဘာလဲ


၁။ ဖန်ဆင်းခံလူသားများ။
 
လူသားတို့သည် ဘုရားအားကိုးကွယ်ဝတ်ပြုကြခြင်းမှာ လူ့သဘာဝပင်ဖြစ်ပေတော့သည်။ ဆာလံဆရာ ကိုယ်တိုင်က “သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား” (ဆာ၊ ၄၂:၁) ဆိုထားပါသည်။ ပညာရှင်အချို့က လူတို့သည် အယုတ်၊ အမြတ်၊ အကြီး၊ အငယ်၊ ကျား၊ မမရွေး ကိုးကွယ်ဆည်းကပ်ခြင်းက သဘာဝပင်ဖြစ်နေကြောင်းဆိုကြသည်။ 
 
လူတို့သည် ဘုရား (သို့) တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ရာကို ကိုးစားခိုလှုံလေ့ရှိကြောင်းလည်း ကျွန်ုပ်တို့ ကိုယ်တိုင်မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် မည်သို့နည်းဖြင့် မည်သူ့ကိုကိုးကွယ်ဆည်းကပ်ကြမည်နည်း။ နှုတ်က ပတ်တော်၌ စစ်မှန်သောကိုးကွယ်ဝတ်ပြုခြင်းကို မည်သို့ဆိုထားသနည်း (ယော၊ ၄:၂၃)။ သို့မဟုတ် မှားယွင်းသော ဝတ်ပြုကိုးကွယ်ခြင်းကို မည်သို့ဆိုထားသနည်း။
 
၂။ နံဝိညာဉ်သစ္စာတရားဖြင့် ကိုးကွယ်ခြင်း။
 
ခရစ်တော်ဘုရားက ဝတ်ပြုကိုးကွယ်ရာ၌ “နံဝိညာဉ်ဖြင့်လည်းကောင်း သစ္စာတရားဖြင့်လည်းကောင်း” ကိုးကွယ်ရမည်ဟုမိန့်တော်မူထားပါသည် (ယော၊ ၄:၂၄)။
စစ်မှန်သောကိုးကွယ်မှုသည် ဘုရားသခင့်ဝိညာဉ်တော် လမ်းပြမှုများအားဖြင့်သာရရှိကြောင်း ရှင်ပေါလုဆိုခဲ့ သည် (ဖိ၊ ၃:၃)။ ဆိုလိုသည်မှာ စစ်မှန်သော ဝတ်ပြုကိုးကွယ် ခြင်းသည် ခရစ်တော်ဘုရားအား အသက်သခင် အဖြစ်လက်ခံယုံကြည်ပြီးနောက် လူသစ်၊ စိတ်သစ်ဖြင့်ရှိနေသော အသက်တာသစ်မှ စီးဆင်းလာခြင်း ဖြစ်ကြောင်းသိရပါသည်။ 
 
စိတ်ဝိညာဉ်ဖြင့်ကိုးကွယ်ခြင်းဟူသည် အတွင်းနှလုံးသားသဘောကို ပြညွန်ခြင်းဖြစ်ပြီး ဘာသာတရား၊ အကျင့်အကြံ၊ ထုံးတမ်းစဉ်လာများကိုဆိုလိုခြင်းမဟုတ်။ ထို့ကြောင့် နံဝိညာဉ်ဖြင့်ကိုးကွယ်ခြင်းဟူသည် ဘုရား သခင်မှုလူသားတို့အားမ ည်သို့ကိုးကွယ်ရမည်ဆိုသော နှုတ်ကပတ်တော်နှင့်အညီဖွင့်ပြထားမှုအတိုင်း ကိုးကွယ် ဝတ်ပြုခြင်းကိုဆိုလိုပါသည်။ 
 
၃။ စစ်မှန်စွာကိုးကွယ်မှုပြုခြင်း။
 
နှုတ်ကပတ်တော်နှင့်အညီ ဝတ်ပြုကိုးကွယ်မှုပြုသူများဖြစ်ရန် ကျွန်ုပ်တို့ကိုယ်တိုင်က ခရစ်တော်ဘုရား လမ်းစဉ်အတိုင်းတည်ရှိနေရန် လိုအပ်ပါသည် (၂ ယော၊ ၁:၉၊ တရား၊ ၄:၁၂၊ ၁၂:၃၂၊ ဗျာ၊ ၂၂:၁၈-၁၉)။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းသည် နှုတ်ကပတ်တော်ဖွင့်ပြထားရှိသော လမ်းညွန်မှုအတိုင်းဖြင့်သာ ရရှိနိုင်ပါသည်။ 
 
ထို့ ကြောင့် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုပြုလိုသူသည် လူတို့သတ်မှတ်ထားသောလမ်းစဉ်၊ ဆရာတစ်ဦးဦး၏ အတွေးအခေါ်နှင့် ဘာသာတရား၏ကျင့်ထုံးများဖြင့် အစားထိုး၍မရနိုင်ပါ။ 
 
၄။ အသင်းတော်နှင့်ဝတ်ပြုခြင်း။
 
ကနဦးအသင်းတော်ကိုကြည့်လျင် ဝတ်ပြုကိုးကွယ်ခြင်းဆိုသောစကားအတိုင်း “ဝတ်ပြုခြင်း” ဆိုသည့် အစေခံမှုများလည်းပါရှိပါသည်။ ထိုအစေခံမှုများကိုကြည့်လျင် အတူတကွပွဲတော်မှီဝဲခြင်း (တမန်၊ ၂၀:၇)။ အတူ တကွဆုတောင်းခြင်း (၁ ကော၊ ၁၄:၁၅-၁၆)၊ အတူတကွဘုရားသခင်ကို ချီးမွမ်းကျူးဧခြင်း (ဧဖက်၊ ၅:၁၉)၊ အလှူ ငွေများထည့်ဝင်ပူဇော်ကြခြင်း (၁ ကော၊ ၁၆:၂)၊ နှုတ်ကပတ်တော်ကိုအတူတကွဖတ်ရှုခြင်း (ကောလော၊ ၄:၁၆)၊ နှုတ်ကပတ်တော်ကို အတိအလင်းဟောပြောခြင်း (တမန်၊ ၂၀:၇) တို့ဖြစ်သည်။
 
၅။ ပွဲတော်ပြုလျက်ကိုးကွယ်ခြင်း။
 
ခရစ်တော်ပြန်လာသည့်တိုင်အောင် အောက်မေ့ဖို့ဟူသော စကားတော်အတိုင်းပြုကြလေ့ရှိသည် (၁ ကော၊ ၁၁:၂၅-၂၆)။ ဆုတောင်းခြင်းသည်လည်း ဘုရားသခင်ကိုသာ တိုက်ရိုက်ကြားလျောက်ခြင်းဖြစ်ပြီး (နေ၊ ၄:၉၊ မ၊ ၆:၉)၊ သေလွန်ပြီးသူများ (သို့) အခြားသူတစ်ဦးဦးအား ဆုတောင်းခြင်း၊ ပဌနာပြုခြင်းများမရှိပါ။ 
 
ထို့အတူစိတ်ပုတီးမှအစ၊ ဝတ်ရွတ်စဉ်များနှင့် နေ့နံအလိုက်ပဌနာပြုခြင်းစသည်တို့ကိုလည်း နှုတ်ကပတ် တော်၌ဖေါ်ပြမထားပါ။ အထက်ဆိုခဲ့သော ပဌနာပြုခြင်းနှင့် ပွဲတော်တို့သည်လည်း ဘုရားသခင့် အလိုတော်နှင့် ညီ စွာကျွန်ုပ်တို့လုပ်ဆောင်ကြရန်ဖြစ်သည် (၁ ယော၊ ၅:၁၄)။
 
၆။ ကျူးဧလျက်ကိုးကွယ်ခြင်း။
 
ကိုးကွယ်ကျူးဧခြင်းတို့ကို ဝတ်ပြုခြင်း၌တွေ့ရပါသည်။ တမန်တော်ကြီးရှင်ပေါလုက “ဆာလံသီချင်းမှ စသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရား ရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့” (ဧဖက်၊ ၅:၁၉-၂၀)။ 
 
ဘုရားသခင်အား ချီးမွမ်းကျူးဧခြင်းတို့သည်လည်း နှုတ်ကပတ်တော်တွင်ဖေါ်ပြထားရှိသော ဘုရား သခင့် ဂုဏ်တော်နှင့် ဘုရားသခင့်အဖြစ်တော်များနှင့်ညီညွတ်စွာ ချီးမွမ်းကျူးဧရန်ဖြစ်သည် (ကောလော၊ ၃:၁၆)။ 
 
၇။ ပေးလှူပူဇော်လျက် ကိုးကွယ်ခြင်း။
 
ပေးလှူပူဇော်ခြင်းသည် ကိုးကွယ်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရှင်ပေါလုက ဘုရားလူများ အား အောက်ပါအတိုင်းတိုက်တွန်းမှုပြုခဲ့ပါသည်။ “သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိ ပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထား စရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာ တဘို့ကိုထုတ်၍ စုထားကြလော့” (၁ ကော၊ ၁၆:၁-၂)။ 
 
သခင်ဘုရားသာသနာ၌ထောက်မခြင်း၊ ပံ့ပိုးခြင်း၊ ပေးလှူခြင်းသည် သာသနာရှိသူများ၏ ပုံမှန်ဝတ္တရား တာဝန်တစ်ခုလည်းဖြစ်ပါသည်။ အခွင့်အလမ်းရှိသည့်အတိုင်း သာသနာ၌ပါဝင်ဆက်ကပ်မှုတို့သည်လည်း အမှန် လိုအပ်ပါသည် (၂ ကော၊ ၉:၇)။ 
 
ထိုမျှမက သာသနာနှင့် အသင်းတော်အတွက် ယုံကြည်သူတို့အား ငွေကြေးဆိုင်ရာ၌ “စေတနာစိတ်” ဟူ သောစကားကိုအဓိကပြဆိုထားပါသည်။ အသင်းတော်သည် အပြင်လောကစီးပွားရေးသဖွယ်ရှိသော ကုမ္ပဏီတစ် ခုမဟုတ်ပါ။ အထူးသဖြင့်လောကီအကျိုးနှင့် လောကုတ္တရာအကျိုးကို သယ်ပိုးရန်ဘုရားသခင် ထားရှိသော ပန်း တိုင်တစ်ခုလည်းဖြစ်သည်။ 
 
ထို့ကြောင့် အသင်းတော်သည် အတွင်း၊ အပြင်ရှိသူများကို တည်ဆောက်မှု၊ တွဲခေါ်မှု ပြုနိုင်ရန် အတတ်နိုင်ဆုံး ပေးလှူကြရန်ဖြစ်သည် (မ၊ ၂၁:၁၂-၁၃)။ 
 
၈။ နှုတ်ကပတ်တော်ဟောပြောလျက်ကိုးကွယ်ခြင်း။
 
အထူးသဖြင့် စစ်မှန်သောကိုးကွယ်ခြင်း၌ နှုတ်ကပတ်တော်ကို ဝေမျှသွန်သင်ခြင်း၊ ဟောပြောခြင်းသည် မရှိမဖြစ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သွန်သင်မှုသည် နှုတ်ကပတ်တော်ကိုသာအဓိကထားသွန်သင်ပြီး၊ ထိုနှုတ်ကပတ်တော်ဖြင့် အသင်းတော်၊ အသက်တာအသီးသီးကိုတည်ဆောက်မှုပြုကြရန်ဖြစ်သည် (၂ တိ၊ ၃:၁၆-၁၇)။ 
 
စစ်မှန်သောနှုတ်ကပတ်တော်ဟောပြောသူ (သို့) သွန်သင်သူသည် ဝိညာဉ်တော်လမ်းပြတော်မူသည့်အ တိုင်း နှုတ်ကပတ်တော်ကိုအခြေပြုသွန်သင်၍ မိမိနှင့်သိုးစုတော်များကို တည်ဆောက်မှုပြုသူဖြစ်သည်။ ထိုသို့ဖြင့် ရှင်ပေါလုက “နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအား ထုတ် လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်း သွေးဆောင်လော့” (၂ တိ၊ ၄:၂)။ 
 
နှုတ်ကပတ်တော်မပါရှိသော စုရုံးခြင်းနှင့် ဆောင်ရွက်မှုအငန်းအတာတို့သည် နှုတ်ကပတ်တော်နှင့်ညီ သောကိုးကွယ်ခြင်းမမည်ပါ။ ထို့အတူ ဝတ်ပြုခြင်းလည်းမမည်ပါ။ 
 
၉။ နှုတ်ကပတ်တော်နှင့်အညီ ကိုးကွယ်ခြင်း။
 
နှုတ်ကပတ်တော်နှင့်အညီကျင့်သုံးကိုးကွယ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားအလိုတော်ကိုဆောင်ရွက်နိုင် ပါသည်။ ထို့ကြောင့် လောကီသားများနည်းတူ နှုတ်ကပတ်တော်ကင်းမဲ့ခြင်း (သို့) ဘုရားအလိုတော်ကင်းမဲ့ သော ဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းများကိုပြုခြင်းသည် ဘာသာတရားသက်သက်သာဖြစ်၍ စစ်မှန်သော ဝတ်ပြုကိုးကွယ် ခြင်းမမည်ပါ။ 
 
ခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်မှရွေးနှုတ်ကယ်တင်ခဲ့သောအရှင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသက်သခင်ဘုရားရှင်၏ မစခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ စောင့်ရှောက်ခြင်းစသည်တို့သည် လွန်စွာ ကြွယ် ဝလှပါသည်။ “ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သော သဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ငါတို့ဘုရား သခင်သည် လောင်သောမီးဖြစ်တော်မူ၏” (ဟေဗြဲ၊ ၁၂:၂၈-၂၉)။ 
 
နာမတော်တော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ What are the ingredients to a truly biblical worship service? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages