"ကာမ"နှင့်စပ်ဆိုင်၍ ကျမ်းစာကမည်သို့ဆိုသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, November 19, 2021

"ကာမ"နှင့်စပ်ဆိုင်၍ ကျမ်းစာကမည်သို့ဆိုသနည်း


၁။
"ကာမ"ဟူသော စကားလုံး ဖွင့်ဆိုမှု။

"ကာမ" ဟူသောစကားလုံးသည်ဟိန္ဒူဘာသာနှင့်ဗုဒ္ဓဘာသာတို့တွင်အသုံးပြုများသောစကားလုံးဖြစ်သည်။ထိုကာမ နှင့်စပ်ဆိုင်သောဖြစ်တည်မှုကြောင့်သင့်နောင် ဘဝကို မည်သို့ဖြစ်စေမည်၊ မည်သို့သောဘဝကိုရရှိစေမည်စသဖြင့် အဆုံးအဖြတ်ကိုပေးကြသည်။

 ကာမဆိုတာအဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့တို့ကိုကာမဟုခေါ်ပါသည်ကာမရဲ့အရည်အချင်းကိုကာမဂုဏ်လို့ခေါ်ကြပါသည်။

သင်သည်ကြင်နာသနားတတ်သူ၊စာနာတတ်သူဖြစ်လျင်တမလွန်ဘဝ တွင် ကောင်းရာမွန်ရာဘဝကို ရရှိမည်ဖြစ်ပြီး၊ အကယ်၍ ဆိုးသွမ်းကြမ်းတမ်းသူဖြစ်လျင်နှစ်သက်ဖွယ်မရှိသောဘဝကို ကူးပြောင်းသွားရမည်ဟု ဆိုကြသည်။

တနည်းဆိုရလျင်လက်ရှိ "သင့်စိုက်ပျိုးမှုအတိုင်းနောင်ဘဝတွင်ပြန်လည်ရိတ်သိမ်းရမည်" ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကာမဟူသော အကျိုးဆက်နှင့် အကြောင်း တရားအား"သံသရာ" ကိုအခြေပြုထားသောဘာသာရေး အဆုံးအမတစ်ခုဟုဆိုရပေမည်။

နှုတ်ကပတ်တော်တွင်"သံသရာ" ဟူသောအရာကို လုံးဝငြင်းပယ်ထားသောကြောင့်ထို"ကာမ" ကိုအခြေခံသော နောင်ဘဝဘဝဟူသောအရာ ကိုလုံးဝ လက်ခံခြင်း၊ ထောက်ပံ့ခြင်းလုံးဝမပြုထားပါ။

 

၂။ရခဲ မွန်မြတ်လှသော လူ့ဘဝ။

နှုတ်ကပတ်တော်တွင်"လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရ၏" (ဟေဗြဲ၊ ၉း၂၇) ဟုဆိုထားသည်။

နှုတ်ကပတ်တော်ကရှင်းလင်းသောဖြစ်စဉ်နှစ်ခုကိုချပြထားပါသည်။ ခရစ်ယာန်များအနေဖြင့်"သံသရာ" နှင့် "ကာမ" ဟူသောအကြောင်းတရားကို လုံးဝငြင်းပယ် ထားသည်။  ၄င်းတို့ကိုရှင်းလင်းစေရန်မှာ...

()  လူသည်တစ်ခါသာသေရမည်။

ဆိုလိုသည်မှာလူသည် တစ်ကြိမ်သာသေခြင်းတရားကိုရင်တိုင်ကြရမည်ဖြစ်ပြီး၊သေပြီးနောက်တွင်ဟိုဘဝသို့ ရောက်ရခြင်း၊သည်ဘဝသို့ရောက်ရှိရခြင်းစသောအဆုံးမသတ်နိုင်သည့်သံသရာဖြစ်စဉ်ကိုမသွန်သင်ပါ။

() ထို့နောက် တရားစီရင်ခြင်းရှိမည်။

လက်ရှိဘဝမှအသက်ဆီမီးစာကုန်ဆုံးသွားသည်နှင့်ကျွန်ုပ်တို့သည်ရားစီရင်ခြင်းကို မလွဲမသွေကြုံဆုံကြရပေ မည်။ထိုသို့ဆိုခြင်းဖြင့်ဒုတိယဟူသော အခွင့်အရေးလုံးမရှိ၊နောင်ဘဝတွင် လွတ်မြောက်ရာလမ်းကို ကြိုးစားမည်၊ ဟိုဘဝတွင် ကယ်တင်ခြင်းကိုလက်ခံယူမည်ဟူသောအခွင့်အလမ်းများပြုရန်မရှိတော့။

"ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာ နေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏" ( ကော၊ ၆း၂)ဆိုသည့်အတိုင်း ရရှိထားသော လက်ရှိဘဝသည် အမြတ်ဆုံးသော ဘဝသာ ဖြစ်သည်။

 

၃။စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်း နိယာမ။

 နှုတ်ကပတ်တော်ကစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းအကြောင်းကိုပြောဆို ထားပါသည်။ 

"ငါသိမြင်သည်အတိုင်း၊မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့ နှင့်အညီ စပါးရိတ်တတ်ကြ၏" (ယောဘ၊ ၄း၈)

"မျက်ရည်ကျလျက်မျိုးစေ့ကြဲသောသူတို့သည်ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်"(ဆာ၊ ၁၂၆း၅)

"ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့ သည် အလွန်မြတ်သည်မဟုတ်လော" (လု၊ ၁၂း၂၄)

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းဟူသည်ယခုဘဝတွင် ရိတ်သိမ်းခံစားရခြင်း သာဖြစ်ပြီး၊နောင်လာမည့် ဘဝ ဘဝများစွာတွင် ခံစားရမည်၊ စံစားရမည်ဟု သွန်သင်နေခြင်းမဟုတ်ရပါပေ။

လက်ရှိသင့်အသက်တာတွင် လုပ်ဆောင်နေသောအရာများသည်စိုက်ပျိုးနေခြင်းဖြစ်ပြီ၊လက်ရှိဘဝမှာပင် သင်ရိတ် သိမ်းရပါလိမ့်မည်။

ရှင်းလင်းစွာဆိုရလျင်လက်ရှိဘဝတွက် သင့်စိုက်ပျိုးနေမှုများကအစက်ဆီမီးစာကုန်ဆုံးပြီးနောက်ဘဝတွင်"ဆုလာဘ်" နှင့် "အပြစ်ဒဏ်" အဖြစ် ခံယူရန်သာ ရှိပေသည်။

 

၄။သင်္ချိုင်းသည် လမ်းဆုံးမဟုတ်။

အသက်ဆီမီးစာချုပ်ငြိမ်းသွားပြီးနောက်တွင်အခြားအခြားသောဘဝဖြင့်ဤလောကသို့ သင်ပြန်လာစရာအကြောင်း မရှိတော့။

 သွားရမည့်လမ်းနှစ်ခုမှာ....

  •  ထာဝရအို၊ နာ၊ သေခြင်းကင်းရာ သုဂတိဘုံဌာနနှင့်
  • ထာဝရအို၊ နာ၊ ဘေးရှိရာ ဒုဂတိဘုံဌာနသာဖြစ်သည်(မ၊ ၂၅း၄၆)
ယခုဘဝဖြစ်စဉ်သာကျွန်ုပ်တို့အဖို့မွန်မြတ်လှပြီး၊အကျိုးရှိစွာအသက်ရှင်ဖို့အရေးကြီးလှပါသည်။ထို့အတွက်ရှင်ပေါလုက"မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည်ဇာတိပကတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံ ကို ရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည် ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်" (ဂလာ၊ ၆း၈-)ဟုဆိုခဲ့သည်။

 

၅။ဘုရားဖက်လျက် အသက်ရှင်ခြင်း။

အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်းကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟဖြင့်သာမက ဗီဇအပြစ်တည်းဟူသော အမြစ်စွဲလျက်ရှိသော လောကီသားများအဖို့ သေခြင်းသည် မလွဲမသွေကြုံဆုံကြရပေမည်။

ခရစ်တော်၏ကိုယ်စားယတြာသည်ကျွန်ုပ်တို့၏ ယခုဘဝ နောင်ဘဝတည်းဟူသော နှစ်သွယ်သောဘဝအတွက် ကယ်ချွတ်ရာအမှုကိုပြုပေးခဲ့ပြီးဖြစ်သည်။

"ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက် ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက် ကာလရှိ၏" ( ကော၊ ၆း၂)

ထိုဘုရားကိုဖက်ယမ်းပြီးလျင်အို၊ နာ၊ သေခြင်းကင်းသော နန်းအမတကို အရယူနိုင်ပါပြီ။"ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ"(ဧဖက်၊ ၂း၈-) ကယ်တင်ခြင်းဟူသည် ဘုရားသခင်ပြုသော မဟာကျေးဇူး တရားလမ်းစဉ်သာဖြစ်ပေသည်။

အချုပ်ဆိုရသော်"ကာမ" ဟူသောအကြောင်းတရားနှင့်"သံသရာ" ဟူသောအကြောင်းတရားသည်နှုတ်ကပတ် တော်မှသွန်သင်သော လူ့ဘဝ၊ သေခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့နှင့်လုံးဝဆက်နွယ်မှုမပြုနိုင်သောအမြင်၊ ခံယူကျင့်သုံးမှု၊ သြဝါဒတို့ဖြစ်ကြောင်း ရှင်းလင်းကွဲပြားစွာ နားလည်သဘောပေါက်ပြီဟုဆိုရပေမည်ဟုယုံကြည် လျက်...

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ What does the Bible say about karma? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages