ဂါထာမန္တရား ဟူသည်အဘယ်နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, November 19, 2021

ဂါထာမန္တရား ဟူသည်အဘယ်နည်း


၁။ အနက်အဓိပ္ပါယ်။

ဂါထာ မန္တရားဟူသည် “ဂါထာ”၊ “စာသား”၊ “ကဗျာ”၊ “စကားလုံး” နှင့် “အကြောင်းအရာ” တစ်ခုခုကို နှုတ်တိုက် တဖွဖွရွက်ဆိုနေခြင်းကိုဆိုလိုပါသည်။ အထူးသဖြင့် ထိုသို့ပြုမူခြင်းဖြင့် “အစွမ်းတန်ခိုး” နှင့် “ကောင်းကျိုး” တစ်ခုခုကို ဖြစ်စေမည်ဟု ယုံကြည်သက်ဝင်လျက်ှရိကြသည်။

၂။ မည်သို့အသုံးပြုသနည်း။

ထို့ကြောင့် “ဂါထာ မန္တရား” ဟူသည် စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာအတွက် အသုံးပြုသော လက်နက် တန်ဆာပလာဟုဆိုရမည်။ အထူးသဖြင့် ဘာသာရေးဆိုင်ရာများတွင် ပိုမိုအသုံးပြုလေ့ရှိကြသည်။

အထက်တွင်ဖေါ်ပြခဲ့သော “ဂါထာ”၊ “စာသား”၊ “ကဗျာ”၊ “စကားလုံး” နှင့် “အကြောင်းအရာ” တို့ကို ရွက်ဆို ခြင်းဖြင့် ထိုရွတ်ဆိုသူ၏ စိတ်ဓါတ်ရေးရာတွင် အားအင်အဖြစ်အသွင်ပြောင်းစေခြင်းကို “မန္တရား” ဟုလည်း ဆိုနိုင်ပါသည်။

၃။ သမိုင်းနောက်ကြောင်း။

မန္တရား (Mantra) ဟူသော စကားလုံးမှာ သက္ကတ ဘာသာစကားမှလာခြင်းဖြစ်ပြီး၊ စကားလုံးနှစ်လုံးဖြင့် တည်ဆောက်ထားပါသည်။ ထိုစကားလုံး နှစ်လုံးမှာပင်လျင် သူ့ဆိုလိုရင်း အဓိပ္ပါယ်ကို ပေါ်လွင်လျက်ရှိသည်။

  • Man = တစ်စုံတစ်ခုသော အတွေးအခေါ်၊ အကြောင်းအရာဖြစ်ပြီး။
  • Tra = လက်နက် တန်ဆာပလာ ဟူ၍ဆိုထားပါသည်။

ထို့ကြောင့် Mantra မန္တရားဟူသော စကားလုံးမှာ “စိတ်ကူးလက်နက်တန်ဆာ” (သို့) “စိတ်ကူးစိတ်သန်း” များဟုဆိုနိုင်ပါသည်။

အချို့သောသူများက “မန္တရား” ဟူသော “ဂါထာ”၊ “စာသား”၊ “ကဗျာ”၊ “စကားလုံး” နှင့် “အကြောင်းအရာ”တို့ သည်အဓိပ္ပါယ်မဲ့ခြင်း (သို့) အဓိပ္ပါယ်မရှိခြင်းဖြစ်ကောင်းဖြစ်သော်လည်း လူတစ်ဦး၏ အတွင်းစိတ်အဖို့ အစွမ်းတန်ခိုးများစွာပေးသည်ဟုဆိုကြသည်။

၄။ တရုတ်ဆိုရိုးစကားနှင့် မန္တရား။

တရုတ်တို့၏ ဓလေ့ယုံကြည်မှုဖြင့် ဖေါ်ပြရလျင် “မန္တရား” ကို “စစ်မှန်သောစကား” အဖြစ်ဆိုကြသည်။ ဆိုလို သည်မှာ အမှန်တကယ်လည်း အစွမ်းတန်ခိုးသက်ရောက်မှုရှိသည်ဟုဆိုထားသည်။

ဆိုလိုသည်မှာ “စစ်မှန်သော” စကားလုံးတို့ကို ပြောဆိုခြင်းဖြင့် ထိုသူ၏ အသက်တာတွင် “အမှန်ဖြစ်လာရ” သည်ဟုဆိုသည်။

စာပေလောကစကားအားဖြင့် ဆိုရလျင် “တတ်ကျမ်း” များနှင့်တူလှပေသည်။ အထူးသဖြင့် “ဂါထာမန္တရား” တို့သည် ယဉ်ကျေးမှု၊ ဓလေ့၊ နိုင်ငံအလိုက် ကွဲပြားခြားနားသော နိယာမများဖြစ်သည်ဟုဆိုရပေမည်။

၅။ အစစ်အမှန်နှင့် ဖြစ်တည်မှု။

ဂါထာမန္တရားများနှင့် ပတ်သက်၍ “ပြောသည့်အတိုင်းဖြစ်ရမည်” ဆိုသော်လည်း ပြဿနာတစ်ရပ်ရှိပါသည်။ ၎င်းမှာ “အထပ်ထပ်၊ အဖန်ဖန်” ရွက်ဆိုခြင်းဖြင့် အားလုံးကို အမှန်တရားဖြစ်လာရမည်ဟုမဆိုနိုင်ပါ။

အကြောင်းမှာ “မုသာ” စကားကို မည်သို့ပင် ကြိမ်ဖန်များစွာရွတ်ဆိုနေကာမူ “အမှန်”ဖြစ်မလာနိုင်ပါ။

ဥပမာအားဖြင့့် “ငါပျံသန်းနိုင်သည်” ဟုမည်သို့ပင် ရွတ်ဆိုပါစေ ပျံသန်းလာနိုင်မည်မဟုတ်။ အကြောင်းမှာ လူသည် လူသာဖြစ်ပြီး၊ ငှက်သည် ငှက်သာဖြစ်ပါသည်။

၆။ နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

ဂါထာ မန္တရား” နှင့်စပ်ဆိုင်ပြီး နှုတ်ကပတ်တော်က လုံးဝ သဘောတူထောက်ခံမှုမရှိထားပါ။

အထက်တွင်ဆိုခဲ့သည့်အတိုင်း “ဂါထာ”၊ “စာသား”၊ “ကဗျာ”၊ “စကားလုံး” နှင့် “အကြောင်းအရာ” တို့ကို ဗဟိုပြုဖို့ လည်း အားမပေးပါ။ ထိုအစား “ဘုရားကိုသာ ဗဟိုပြု” ခိုင်းထားပါသည်။

အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုမှာ နှုတ်ကပတ်တော်ဖြင့် လုံးဝကိုက်ညီနေသောအရာတစ်ခု ဖြစ်သည့်နည်းတူ ယုံကြည်သူတိုင်း လိုက်နာသင့်သော စံတစ်ခုမှာ....

ဘာပဲဖြစ်ဖြစ် ဘုရားကို မျက်မှောက်ပြုနော်” ဟူသော ဆိုဆုံးမစကားပင်ဖြစ်ပါသည်။

စစ်မှန်သော ငြိမ်သက်ခြင်းကို “ဂါထာ မန္တရား”ဖြင့်မဟုတ်ဘဲ ဆုတောင်းပဌနာပြုခြင်းဖြင့်သာ ကျွန်ုပ်တို့ ရရှိနိုင်ပါ သည် (ဖိ၊ ၄:၅-၇)။

ထို့အတူ ခရစ်တော်ဘုရားကလည်း အောက်ပါအတိုင်း သတိပေးတော်မူခဲ့ပါသည်။

သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြ နှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့နည်းတူ မပြုကြနှင့်” (မ၊ ၆:၇-၈)။

ထိုအစား ကျွန်ုပ်တို့အား ဘုရားသခင့်အလိုတော်ရှိသော အရာမှာ....

ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ် သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြ လော့” (ဖိ၊ ၄:၈) ဟုဆိုထားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် “ဂါထာ”၊ “စာသား”၊ “ကဗျာ”၊ “စကားလုံး” နှင့် “အကြောင်းအရာ”များတွင် သာသနာပ လူများနည်းတူ အသက်ရှင်၊ မှီခိုခြင်းမရှိဘဲ ဘုရားသခင် မိန့်တော်မူသော အကြံအစည်တော်နှင့် အလိုတော်တွင်သာ ကိုးစားခိုလှုံခြင်းဖြင့် အသက်ရှင်ကြပါစို့။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What is a mantra? အားမြန်မာမူ ပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages