လုဒိသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, November 19, 2021

လုဒိသည် မည်သူနည်း


၁။ သမိုင်းနောက်ခံ။


လုဒိနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ၌ အနည်းငယ်မျှသာဖေါ်ပြထားသည်ကိုတွေ့ရသည်။  လုဒိအမည်နှင့်စပ်ဆိုင်ပြီး နှုတ်ကပတ်တော်၌ နှစ်ကြိမ် သာဖေါ်ပြထားသည်ကိုတွေ့ရသည် (တမန်၊ ၁၆)။  အထူးသဖြင့် လုဒိ၏ပြောင်းလဲခြင်းနှင့် လုဒိကိုယ်တိုင်နှစ်ခြင်းမင်္ဂလာခံယူခြင်းတို့ကို တွေ့ရသည် (တမန်၊ ၁၆:၁၁-၁၅)။

လုဒိအသက်တာနှင့်ပတ်သက်ပြီး အဖိုးမဖြတ်နိုင်သည့် ပြောင်းလဲလာခြင်း၏ သင်ခန်းစာနှင့် ဣသရေလလူမျိုးတို့ ၏ပြောင်းလဲခြင်း အစစ် အမှန်တို့ကို ကျွန်ုပ်တို့ မြင်တွေ့သိရှိနိုင်ပါသည်။

 

၂။ ကုန်သည်ဖြစ်သောလုဒိ။

            လုဒိသည်အမှန်အားဖြင့် သွာတိရဲမြိ့မှလာသူဖြစ်ပြီး၊ ဖိလိပ္ပိမြို့၌ အခြေချနေထိုင်ကာ ရောင်းဝယ်ဖေါက်မှုပြုနေခြင်း ဖြစ်သည်။  ရှင်ပေါလု၏ ဒုတိယသာသနာခရီး၌ လုဒိနှင့်ဆုံတွေ့ခဲ့သည်။ ရောင်းဝယ်ဖေါက်ကားမှုတွင် အထင်ကအရ အဝတ်အထည်များကို ရောင်းသူ တစ်ဦးဖြစ်သည်။ ထိုစဉ်က ဆိုးဆေးလောကနှင့် ကုန်သည်များလောကတွင် အရေးပါအရာရောက် သူတစ်ဦးအဖြစ် ထင်ရှားခဲ့သူဟူ၍ ရှေးဟောင်း သုတေသနာတူးဖေါ်ရေးအဖွဲ့များက သူတို့တွေ့ရှိသော မှတ်တမ်းများကို ကိုးကား၍ဆိုကြသည်။ သို့သော် နှုတ်ကတ်တော်၌ အထောက်အထား မရှိသောကြောင့် မှန်သည်/မှားသည်ဟူ၍ကား မဆို နိုင်ပါ။

 

၃။ ချီးမွမ်းကိုးကွယ်မှုရှိသောလုဒိ။

လုဒိသည် ဘုရားကို ချီးမွမ်းကိုးကွယ်သူတစ်ဦးဖြစ်ကြောင်းတွေ့ရပြီး (တမန်၊ ၁၆:၁၄)၊ ဥပုသ်နေ့ကိုလည်း လွန်စွာ အလေးထားသူတစ်ဦး ဖြစ်သော ကြောင့် ဣသရေလလူမျိုးဖြစ်ဟန်လည်းတူပါသည်။

သူ့ပြောင်းလဲခြင်းတွင် အခြားအမျိုးသမီးများကိုလည်း အတူစုဝေးစေလျက် ဥပုသ်နေ့တွင် ဖိလိပ္ပိမြို့ပြင်ရှိမြစ်ကမ်း တွင်အတူကိုးကွယ်မှုပြုခြင်းနှင့် ဆုတောင်းပဌနာပြုခြင်းများကိုတွေ့ရသည်။

ထို့ကြောင့်လည်း ထိုမြစ်ရှိရာသို့ ပေါလု၊ တိမောသေ၊ လုကာနှင့် သိလတို့ရောက်ရှိလာပြီး ထိုအမျိုးသမီးစုများကို ဟောပြောဝေငှခဲ့ကြသည်။ အထူးသဖြင့် ဖိလိပ္ပိမြို့ရှိ တရားဇရပ်တို့တွင် ဣသရေလအမျိုးသားများဖြင့် ပြည့်နှက်နေသော ကြောင့်အမျိုးသမီးများသည် " ဥပုသ်နေ့၌ ငါတို့ သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏" (တမန်၊ ၁၆:၁၃) ဟုဆိုစကားကိုထောက်၍ သိနားလည်ရပါသည်။


၄။ ဘုရားသခင့်မစမှုခံယူရရှိသူ။

လုဒိသည် ခရစ်တော်ဘုရား၏ ဧဝံဂေလိတရားကိုကြားနာမှုပြုစဉ် ဘုရားသခင်သည် သူ့နှလုံးသားတံခါးကိုဖွင့်လှစ် ပေးတော်မူခဲ့ကြောင်းဆိုထား ပါသည် (တမန်၊ ၁၆:၁၄)။ ကြားနာ၍ ယုံကြည်မှုရှိသည့်နောက် နှစ်ခြင်းမင်္ဂလာကိုခံယူခဲ့ရာတွင် သူသာမက သူ့မိသားစုများပင်လျင် အတူခံယူခဲ့ ကြသည်။

“ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေကြပါဟုတောင်းပန်၏”  (တမန်၊ ၁၆:၁၅)။ ဟူသောစကားနှင့်အတူ ရှင်လု ကာက “ငါတို့ကို အနိုင် သွေးဆောင်လေ၏” ဟူ၍ လုဒိ၏ စိတ်ရင်းအမှန်နှင့် ဧည့်ဝတ်ကျေပြွန်မှုကိုပြဆိုထားပါသည်။

လုဒိသည် စစ်မှန်သောယုံကြည်သူတစ်ဦးဖြစ်သည်ကို သာသနာပြုဆရာတို့သည်လည်း သိမှတ်ပြီး လုဒိအိမ်သို့ဝင်၍ တည်းခိုမှုကိုပြုခဲ့ကြပါသည်။


၅။ လူသစ်နှင့် ပန်းတိုင်သစ်ရှိသူ။

 လုဒိပြောင်းလဲခြင်းကိုကြည့်လျင် လူသစ်ဖြစ်လာသည်နှင့်အမျှ ပန်းတိုင်သစ်၊ လမ်းစဉ်သစ်များရှိလာကြောင်းကို အထင်းသားမြင်တွေ့ခံစားရသည်။ ထိုအချိန်ထိ ဧဝံဂေလိတရားသည် အာရှမိုင်းနားသို့ကျယ်ပြန့်စွာမဟောမပြောကြသေးပါ။ ယခုသာသနာ့ခရီးစဉ်တွင် ရှင်ပေါလုသည် အာရှသို့ ဦးတည်သွားခဲ့သော်လည်း ဘုရားသခင်သည် သူ့အစီအစဉ်များကိုပြောင်း လဲစေပြီး ထိုအစား မာကေဒေါနိသို့ပို့ဆောင်ပေးခဲ့သည် (တမန်၊ ၁၆:၆-၁၀)။
 
လုဒိသည် ဇာတိအားဖြင့် အာရှမိုင်းနားသူတစ်ဦးဖြစ်သော်လည်း  ဥရောပတွင်ပြောင်းလဲလာသည့် ပထမဦးဆုံးသူ တစ်ဦးဖြစ်ပြီး၊ ပထမဦးဆုံး ပြောင်းလဲလာသည့် အာရှိမိုင်းနားသူဖြစ်ကြောင်း နှုတ်ကပတ်တော်၌ မှတ်တမ်းတင်ထားပါသည်။


၆။ သွာသိရအသင်းတော်။

            နောက်ပိုင်းတွင် ကျွန်ုပ်တို့အားလုံးသိရှိရသည်က သွာသိရအသင်းတော်အကြောင်းပင်ဖြစ်သည် (ဗျာ၊ ၂:၁၈)။ ရှင်ပေါ လု၏ သာသနာခရီးစဉ်များတွင် မည်သည့်ခရီးစဉ်များ၌မျှ သွာသိရသို့သွားခဲ့သည့်အကြောင်း မဖေါ်ပြထားခဲ့သလို၊ သွားခဲ့ခြင်းလည်းမရှိပါ။ သို့သော် သွာသိရအသင်းတော်တည်ရှိလာသည်။ ထို့ကြောင့် သွာသိရအသင်းတော်သည် သွာတိရမြို့ သူဖြစ်သော လုဒိသည် မိမိနေရပ် ဌာနေသို့သွား ရောက်ပြီး အစပြုရာမှ ဖြစ်နိုင်လာကြောင်း သမိုင်းပညာရှင်များက ဆိုစမှတ် ပြုကြသည်။ သို့သော်လည်း နှုတ်ကပတ်တော်က ထိုအကြောင်းကို မှတ်တမ်းတင်ထားခြင်းမရှိပါ။


၇။ ဘုရားမေတ္တာကိုယ်စားပြုသူ။
 
လုဒိအသက်တာဖြစ်စဉ်သည် ချစ်တော်မူသော ယုံကြည်သူ ဘုရားသားသမီးများအပေါ် ဘုရားသခင့်ထောက်မခြင်း၊ မစခြင်း၊ ပံ့ပိုးခြင်များအတွက် အကောင်းဆုံးသောစံနမူနာဖြစ်သည်။
 
လုဒိသည် ဘုရားသခင်အားကိုးကွယ်မှုပြုသူတစ်ဦးဖြစ်သော်လည်း တမန်တော်၊ ၁၀ တွင် ရှိသော ကော်နေလိကဲ့သို့ ဧဝံဂေလိတရားကိုကြားနာရမှု အခွင့် အလမ်းများစွာမရခဲ့ပါ (တမန်၊ ၁၀)။ သို့သော် ဘုရားရှင်သည် လုဒိအဖို့ ဝမ်းမြောက်စေဖို့ ရန်ဧဝံဂေလိသတင်းတရားကို ရှင်ပေါလုတို့အား မှန်ကန်သောအချိန်၊ မှန်ကန်သောနေရာ၌ မှန်ကန်စွာကြားနာနိုင်ဖို့ မှန်ကန် သောဘုရားလူများကို စေလွှတ်၍ကြားနာစေခဲ့သည်။
 
လုဒိသည် ထိုသတင်းစကားကို ကြားသောအခါ အသက်ပေးချစ်တော်မူသော သခင်ကို အသက်တာပုံအပ်၍ ကိုးစား မှုပြုခဲ့သည်မှာ သူတစ်ဦး တည်းသာမက မိသားစုများအတွက်ပါဆင့်ကမ်းခဲ့သည်။ လုဒိပြောင်းလဲခြင်းကိုကြည့်လျင် ဘုရား သခင်သည် ယေရှုခရစ်တော်ပြောတော်မူသဲ့သို့ “ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်” (ယော၊ ၆:၄၄) ပါ။
 
ထို့အတူ လုဒိသည် ပြောင်းလဲလာသောလူသစ်တစ်ဦးဖြစ်သည့်အားလျော်စွာ အခြားသောယုံကြည်သူများနှင့် မိတ် သဟာယပြုခြင်းကိုလည်း မြင်တွေ့ရသည်။ ထို့အတူ လူသစ်တစ်ဦးဖြစ်သည့်အားလျော်စွာ လုဒိ၏ထူးခြားချက်မှာ ဧဝံဂေလိ တရားဟောပြောသူတို့အား ဧည့်ဝတ်ပြုရာတွင် "မလာပါရစေနဲ့၊ မစားမသောက်တော့ပါဘူး” ဟူ၍ပြောခြင်းအခွင့်ကိုပင်လျင် မပေး မေတ္တာပြ၊ ဧည့်ဝတ်ကျေပြွန်ခြင်းမှာ ကျွန်ုပ်တို့အဖို့ အတုယူစရာ ပင်ဖြစ်ပါသည်။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ Who was Lydia in the Bible? အားမြန်မာမူပြုပါသည်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages