တာမာဟူသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, November 14, 2021

တာမာဟူသည် မည်သူနည်း


၁။ အမည်တူ လူတူမရှား။

            နှုတ်ကပတ်တော်တွင် တာမာဟူသောအမည်ဖြင့် အမျိုးသမီး သုံးဦးကိုဖေါ်ပြထားပါသည်။ တစ်ဦးမှာ အဗရှလုံ၏ ချစ်စဖွယ်ကောင်းသောသမီးဖြစ်ပြီး၊ နှုတ်ကပတ်တော်၌ အနည်းငယ်သာ ဖေါ်ပြထားခြင်း ခံထား ရပါသည် (၂ ရာ၊ ၁၄:၂၇)။ ထို တာမာအမည်ရှိသော အမျိုးသမီးပင်လျင် ရှင်ဘုရင်ရောဗောင်နှင့်ထိမ်းမြားသော မိဖုရားမာခါ၏ မိခင်ဖြစ်သည် (၂ ရာ၊ ၃:၃)။

            အခြားတာမာအမည်ရှိသော အမျိုးသမီးနှစ်ဦးမှာ မိသားစုဝင်များ၏လျစ်လျူရှုခြင်း၊ ပြစ်တင်၊ ရှုတ်ချ ခံရခြင်းတို့ဖြင့် ဘဝအခြေအနေကို ခါးစည်းခံခဲ့ကြရသူများဖြစ်သည်။ ထိုဖြစ်စဉ်နှစ်ခုဦးလုံးမှာ ကျွန်ုပ်တို့ အားလုံး အတွက် သမိုင်းသိစေလို ခြင်း၊ ကယ်တင်ရှင်ကြွလာတော်မူမည့်ဖြစ်စဉ်များနှင့် သင်ခန်းစာရ ယူလိုသော ကြောင့်သာ ဘုရားသခင်မှ နှုတ်ကပတ်တော်၌ ဖေါ်ပြထားခြင်းဖြစ်ပေသည်။ ယခုစာမူတွင် ယုဒ၏ချွေးမဖြစ်သော တာမာနှင့် ဒါဝိဒ်၏သမီးတော်ဖြစ်သောတာမာတို့ အကြောင်းကိုဖေါ်ပြပေးသွားပါမည်။

 

၂။ ယုဒချွေးမတာမာ။

            ယာကုပ်သား ယုဒတွင် (ယုဒအနွယ်ဝင်) သားသုံးဦး ရှိသည်။ ထိုသားသုံးဦးမှာ “ဧရ၊ ဩနန်နှင့် ရှေလ” တို့ဖြစ်သည်။ တာမာအမည်ရှိသော အမျိုးသမီးသည် သားဧရနှင့် ထိမ်းမြားသော်လည်း သားသမီးမရပဲ ကွယ်လွန်သွားခဲ့သဖြင့် မုဖိုးမဖြစ် ကျန်ရစ်ခဲ့သည်။

            ဆွေမျိုးဂုဏ်ကိုစောင့်ထိန်းရမည့် ဓလေ့အရ တာမာအား ဩနန်နှင့် ထိမ်းမြားပေးခဲ့သည်။ သို့သော် လည်း ဧရနည်းတူ သားသမီးမရပဲ ဆုံးပါးသွားခဲ့ရပြန်ပါသည်။ ရှေလသည် ငယ်သေးသောကြောင့် ထိမ်းမြား ခြင်းမပြုမှီ ချွေးမဖြစ်သူ တာမာကို မိဘအိမ်သို့ပြန်၍နေရ ယုဒဆိုခဲ့သည်။ သို့သော်လည်း ရှေလအရွယ် ရောက်လာသည့်တိုင်  ယုဒသည် ကတိမတည်ပဲ၊ ချွေးမ အပေါ်၌တာဝန်ကိုမကျေပြွန်ခဲ့ကြောင်းကို တာမာသိမြင်လာခဲ့သည်။

            ထို့ကြောင့် တာမာသည် ရုပ်ဖျက်လျက် ယုဒကိုသိမ်းသွင်းခဲ့သဖြင့်၊ ယုဒသည် ချွေးမဖြစ်သူနှင့်အတူ နေ၍ ကိုယ်ဝန်ရှိ သောအခါတွင် သားနှစ်ဦးကိုမွေးဖွားခဲ့သည်။ သားနှစ်ဦးအမည်မှာ “ဖါရက်” နှင့် “ဇာရ” တို့ဖြစ်ပြီး၊ ထိုဖြစ်စဉ်များကို က၊ ၃၈ တွင်ဖတ်ရှုနိုင်ပါသည်။

 

၃။ ဒါဝိဒ်သမီး တာမာ။

            ဒါဝိဒ်မင်းကြီးတွင် တာမာအမည်ရှိသော သမီးတစ်ဦးရှိခဲ့သည်။ ထို့အတူ တာမာ၌ အဗရှလုံအမည်ရှိ သော အစ်ကို တစ်ဦးနှင့်အတူ ဝမ်းကွဲအစ်ကို အာမနုန်လည်းရှိပါသည်။ အာမနုန်သည် ညီမဖြစ်သူ တာမာအပေါ် တွင်တပ်မက်သောစိတ်ရှိ၍ မစားမသောက်နိုင်ဖြစ်ကာ၊ နောက်ဆုံးလှည့်စားခြင်းပြုလျက် တာမာအား  သားမယား အဖြစ်ပြုကျင့်ခဲ့ပါသည်။

           

၄။ တာဝန်ပျက်ကွက်သော ဖခင်။

            စိတ်မကောင်းစရာမှာ ဒါဝိဒ်မင်းကြီးသည် ထိုဖြစ်စဉ်ကိုသိ၍ စိတ်ဆိုးဒေါသထွက်ခဲ့သည့်တိုင်အောင် အာဗရှလုံကို အပြစ်မပေးခဲ့သကဲ့သို့၊ တာမာနှင့်ထိမ်းမြားမှုပြုရမည်ဟူ၍လည်း တစ်ခွန်းတစ်ပါဒမျှမပြောခဲ့ပါ။

            ထိုသို့ဖခင်ဝတ္တရားကို ဒါဝိဒ်မင်းကြီးမပြုသောအခါ အဗရှလုံသည် ညီမအစား အစ်ကိုတစ်ဦးအနေဖြင့် အာမနုန်ကို လက်တုန့်ပြန်ရန်တေးမှတ်ထားခဲ့လေသည် (၂ ရာ၊ ၁၃:၁-၂၂)။ ဖခင်ဖြစ်သူဒါဝိဒ်၏ မိသားစု အပေါ် တွင် လျစ်လျှူရှုမှုကြောင့် အဗရှလုံသည် ယူကြုံးမရဖြစ်သည်မှအစ၊ ခါးသည်းခြင်းနှင့်အတူ ထီးနန်းလုရန် အထိပင်ဖြစ်စေခဲ့ပါသည်။

 

၅။ ဘုရားသခင့်အကြံအစည်တော်။

            ကျွန်ုပ်တို့အနေဖြင့် ယုဒသည် ချွေးမဖြစ်သူနှင့်ရသော သားနှစ်ဦးကို နှုတ်ကပတ်တော်၌ ပလပ်ထားခြင်း (သို့) တိမ် ကောခြင်းများနှင့်အတူ နှုတ်ကပတ်တော်၌ မပါရှိတော့ဟု ထင်မှတ်ထားကောင်း ထင်မှတ်ကြ ပေမည်။

            သို့သော်လည်း အံ့ဩစရာမှာ ကယ်တင်ရှင်မျိုးရိုးဆင်းသက်မှုသည် တာမာ၏သား ဖါရက်အားဖြင့် ဘုရားသခင် ကတိတော်ကို မြဲတည်စေခဲ့ပါသည်။ နာဇရက်မြို့သားယေရှုသည် ဖါရက်မျိုးဆက်အားဖြင့် ဘုရား သခင်ကောင်းကြီးပေးခဲ့ပါ သည်။

 

၆။ အဗရှလုံမှသင်ယူခြင်း။

            ဒါဝိဒ်၏ဖြစ်စဉ်တွင်လည်းမြင်တွေ့ရပါသည်။ အာဗရှလုံသည် ဖခင်ဖြစ်သူ၏ မိသားစုအပေါ် တာဝန် ဝတ္တရား ပျက်ကွက်မှုကြောင့် မုန်းတီးခြင်း၊ နာကျည်းခြင်းများဖြစ်စေပြီး ထိုမတရားမှုကြောင့် နောက်ဆုံး ဒါဝိဒ်၏ထီးနန်းကို ပင်လျင် အာဗရှလုံအဆုံးတိုင်စေလိုခဲ့သည်။

            အဗရှလုံသည် အာမနုန်ကိုသတ်ဖြတ်ရန် ကြံစည်မှုမှာ မှားယွင်းသော်လည်း ကျွန်ုပ်တို့သည် တာမာကို စာနာကြ၍၊ အာဗရှလုံကိုကိုယ်ချင်းစာ၍ သနားကရုဏာသက်ကြသည်။ ဒါဝိဒ်၏စာရိတ္တပျက်ယွင်းခြင်း ကြောင်း အာဗရှလုံမှ ကြံစည်မှု ပြုသော်လည်း ဘုရားသခင်သည် ကယ်တင်ရှင်ဆင်းသက်လာမည့် မျိုးဆက်အား အာဗရှလုံအစား ဒါဝိဒ်အားဖြင့်သာလျင် ထားရှိမြဲ၊ ထားရှိ၍ကောင်းကြီးပေးလျက်ရှိပါသည်။

 

၇။ သင်ခန်းစာများဖြင့်ပြည့်သောကျမ်းစာ။

            နှုတ်ကပတ်တော်တွင် ထိုသို့ စိတ်မချမ်းမြေ့စရာများစွာများကို ဘာကြောင့် ထည့်သွင်းရေးထားရပါ သနည်း။ အထူး သဖြင့်မိသားစုအတွင်း၊ အိမ်ထောင်အတွင်းနာကျဉ်းစေမှုနှင့် ဝမ်းနည်းစရာများဘာကြောင့် ရေးသားထားရပါသနည်း။

            ထိုဖြစ်စဉ်အလုံးစုံ၌ ရိုးရှင်းစွာဆိုရလျင် ဘုရားသခင့်အကြံအစည်တော်များကို ပြသနေခြင်းဖြစ်ပါ သည်။ အထူးသ ဖြင့် ဖြောင့်မတ်ခြင်းမရှိသော လူသားများအားဖြင့် ဘုရားသခင့်အစီအစဉ်များကို အကောင် အထည်ဖေါ်၍ ပြည့်စုံစေခြင်းမှာ လွန်စွာဝမ်းမြောက်လျက်၊ အားကိုးမှုပြုရန် အခွင့်အလမ်းပင်ဖြစ်ပါသည်။

            ဟေဗြဲ၊ ၁၁ ကိုကြည့်လျင် ဓမ္မဟောင်းရှိသူတို့၏ ယုံကြည်ခြင်းအရာကို ဘုရားသခင်မည်သို့ ချီးမြောက် ၍ အသိအ မှတ်ပြုတော်မူကြောင်းများကို မြင်တွေ့ရပါသည်။ သူတို့သည် စုံလင်ခြင်းမရှိ၊ အဝိဇ္ဇာနယ်သား၊ ပုထုဇဉ်များဖြစ်သော်လည်း သူတို့ယုံကြည်ခြင်းများဖြင့် ဘုရားသခင်သည် သူတို့အားဖြောင့်မတ်သော သူများ အဖြစ် ဆိုခဲ့ပါသည် (က၊ ၁၅:၆)။

            ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း” (၁ ကော၊ ၁၀:၁၁)။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

 

မှတ်ချက်။ ။ Who was Tamar in the Bible? အား မြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages