ဝါရှတိသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, November 13, 2021

ဝါရှတိသည် မည်သူနည်း



 ၁။ သမိုင်းနောက်ခံ။


    ဝါရှတိသည် တိုင်းပြည် တစ်ရာ့နှစ်ဆယ့်ခုနှစ်ပြည်ကို အုပ်စိုးသော ရှင်ဘုရင် အာရွှေရု၏ မိဖုရားဖြစ် သည်။ ဘုရင် အာရွှေရုနှင့် မိဖုရားဝါရှတိအကြောင်းကို ဧသတာတွင်တွေ့ရပါသည်။
    ဧသတာဝတ္ထုသည် ရုပ်ဆင်းအင်္ဂါလှပသော ဣသရေလအမျိုးသမီးဖြစ်ပြီး၊ မိဘနှစ်ပါးမရှိတော့သည့် နောက် ဦးလေးဖြစ်သူ မော်ဒကဲမှ ထိန်းသိမ်းစောင့်ရှောက် ကျွေးမွေးခြင်းကိုခံထားရသောသူ တစ်ဦးဖြစ်ကြောင်း လည်း တွေ့ရပါသည်။
    ဧသတာနှင့် မော်ဒကဲနှစ်ဦးလုံးသည် ယုဒရှင်ဘုရင်ယေယကိမ်လက်ထက်တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုဒ်ခနေဇာမှ သိမ်းပိုက်အောင်မြင်ပြီးချိန်၌ ဖမ်းဆီးခံလာ ကြရသူများဖြစ်သည်။ မိဖုရားဝါရှိတိကို သမိုင်း ကြောင်းများအရ ဘီစီ၊ ၄၈၀ ခန့်ဟု ပညာရှင်များကသတ်မှတ်ထားကြပါသည်။

၂။ နန်းတွင်းရှိစားသောက်ပွဲ။
       ဧ၊ ၁ ကိုကြည့်လျင် ရှုရှန်နန်းတော်၌ စားသောက်ပွဲကြီးရှိနေခဲ့သည်။ အထူးသဖြင့် “အိန္ဒိယပြည်မှစ၍ ကုရှပြည် တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ် ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊ ရှုရှန် နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ် တွင်၊ ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏” (ဧ၊ ၁:၁-၃) ဟူ၍ တွေ့ရပါသည်။
   ပွဲတော်ကာလသည် ရက်ပေါင်း (၁၈၀) ကာလအထိရှည်ကြာခဲ့သည်။ ထိုကာလ၌ မိဖုရားဝါရှိတိလည်း မိမိမောင်းမ ခြွေရံများဖြင့် ပွဲလမ်းသဘင် ပြုလျက်ရှိပါသည်။
     ပွဲခံ၍ ခုနှစ်ရက်မြောက်သောအခါ ဘုရင်အာရွှေရုသည် “ယဇ်မူးလွန်နေခဲ့သည်။ ထိုသို့မူးရူးနေရာမှ မိဖုရား ဝါရှတိအား “ရာဇသရဖူ” နှင့်တကွရှေ့တော်မှောက် သို့ခစားကြွလာစေရန်ဆင့်ခေါ်ခဲ့သည်။ ထိုသို့ ခေါ်ခြင်းမှာလည်း မိမိသည် မိဖုရားချောချောကိုရထားကြောင်း ဝါကြွားလိုခြင်း ကြောင့်ဖြစ်သည် (ဧ၊ ၁:၁၀-၁၁)။
 
၃။ မိဖုရားဝါရှတိ ငြင်းဆိုမှုပြုခြင်း။
            ထိုအခါ အကြောင်းအမျိုးမျိုးကြောင့် မိဖုရားသည် ထိုသို့ရှေ့တော်မှောက်အခစားလာရခြင်းကို ငြင်း ပယ်ခဲ့သည် (ဧ၊ ၁:၁၂)။ ထိုအခါ အများသူငါ မူးမတ်၊ ဗိုလ်ပါများအကြား မိမိအားထိုသို့ ငြင်းဆိုရမည်လားဟူ၍ အမျက်တော်ထွက်ခဲ့သည်။
            ထိုအခါ နန်းတွင်အကြံပေးများက မိဖုရားဝါရှတိ၏အမှုကို ဒီအတိုင်းထားလျင် တိုင်းပြည်မှာရှိသော အမျိုးသမီးများ အားလုံးက သူတို့ခင်ပွန်းများကို မရိုမသေပြုကြပါလိမ့်မည်ဟူသော စကားများဖြင့် မိဖုရား ဝါရှတိ အရေးယူရန်စကားဆိုကြ သည်။ “မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ပစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော် မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသား များ အပေါင်းတို့ကို ပြစ်မှားပါပြီ။ ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့ အပြားပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။ မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြား သိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့ အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွား စရာအကြောင်းရှိပါလိမ့်မည်” (ဧ၊ ၁:၁၆-၁၈) ဟုဆိုကြ သည်။

၄။ အာရွှေရုအမိန့်တော်များ။
            ထိုသို့သောစကားများကို ကြားသောအခါ အာရွှေရုသည် ဝါရှတိအားအောက်ပါအတိုင်း အမိန့်တော် ကိုကြော်ငြာ ချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့မှာ...
            (၁) နောက်တစ်ဖန်ရှေ့တော်မှောက်ဝင်မလာရ။
            (၂) မိဖုရားအဆန်တန်စာကို ရုပ်သိမ်းခြင်းတို့ပြုခဲ့လေသည်။
            “ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင် စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။ သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမ အပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။ ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက် ၍ မမုကန် လျှောက်သည်အတိုင်း ရှင်ဘုရင်ပြုလေ၏” (ဧ၊ ၁:၁၉-၂၁)။

၅။ အမှုအရာကို ညှိညွတ်မှုပြုခြင်း။
        ထိုသို့ဖြင့် မိဖုရားဝါရှတိကို မိဖုရားရာထူးမှ ထုတ်ပယ်ခဲ့ပြီး မိဖုရားအသစ်ရွေးချယ်အံ့သောငှါ တိုင်း ပြည်ရှိ အပျို ကညာများကိုရွေးချယ်မှုပြုခဲ့သည်။ ထိုအထဲ တွင် ဧသတာအမည်ရှိသော ဣသရေလ အမျိုးသမီး ငယ်တစ်ဦးလည်းအပါ အဝင် ဖြစ်လာခဲ့ရသည်။
    ဘုရားသခင့်အကြံအစည်တော်အတိုင်း ဧသတာသည် မိဖုရားဝါရှတိနေရာတွင် ဆက်ခံမည် မိဖုရားဖြစ် လာခဲ့သည်။ မှန်ကန်သော အချိန်၊ မှန်ကန် သောနေရာတွင် မှန်ကန်သောသူကို ဘုရားသခင်ခန့်အပ်ခြင်းဖြင့် လူမျိုးတော်များကျရောက်လတံ့ သောဘေးမှ ကယ်တင်ရန်ဘုရားပြုတော်မူသော အမှုကို ကျွန်ုပ်တို့မြင်တွေ့ နိုင်ပါသည်။
“ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မ စကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏” (၁ ရာ၊ ၂:၃)။

၆။ ဓလေ့ထုံးစံဖြင့်လေ့လာခြင်း။
            ဣသရေလတို့၏ အစဉ်အလာများအရ ဝါရှတိသည် ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ၏ သမီးဖြစ်သည် ဟူ၍သိရပါ သည်။ ဒံ၊ ၅ တွင်ပါရှိသည့်အတိုင်း ဗေလရှာဇာသည် ထိုညတွင်းချင်းတွင်အသတ်ခံရသည်။ ထို့ကြောင့် သမီးဖြစ်သူ ဝါရှတိသည် စစ်အောင်နိုင်သော ပါရှားဘုရင်မှ အာရွှေအားဇနီးအဖြစ် လက်ဆောင် ပေးအပ်ခဲ့ သည်ဟူ၍ ဖေါ်ပြပါရှိသည်။
           အခြားအခြားသော ဓလေ့ထုံးစံများအရ မိဖုရားဝါရှတိသည် ရှင်ဘုရင်အာရွှေရု၏ ရှေ့တော်မှောက်သို့ ဝင်ရောက်၍ ခစားရန် ဆင့်ခေါ်ခြင်းမှာ ယနေ့ခေတ် “ဖေါ်ချွတ်အက” သဘောဖြင့် မူးရူးနေသူများ ဖျော်ဖြေပေး ရန်ဖြစ်သည်။ အထူးသဖြင့် ခင်ပွန်းဖြစ်သော အာရွှေရုကိုလည်း ရာဇသွေးသားမပါသော ဆိုးညစ်သူ အဖြစ်ရှု မြင်ထားသည်ဟုဆိုကြသည်။
           ထို့အတူအချို့သော ဓလေ့ထုံးစံများက မိဖုရားဝါရှတိ နန်းချခြင်းသက်သက်မဟုတ်၊ ကွက်မျက်ခဲ့ သည်ဟုဆိုသည်။ သို့သော် လည်း မည်သို့ပင်ဆိုစေတော့ အထက်ပါအကြောင်းအရာများကို နှုတ်ကပတ် တော်၌ ဖေါ်ပြထားခြင်းမရှိသဖြင့် ဗဟု သုတအလို့ ငှါသာတင်ပြထားခြင်းဖြစ်ပါသည်။

၇။ ထူးခြားဖြစ်စဉ်။
        နှုတ်ကပတ်တော်ရှိ ထူးခြားမှုမှာ ဧသတာဝတ္ထုတွင် ဘုရားဟူသောအမည်ကို လုံးဝဖေါ်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ ထိုသို့မဖေါ်ပြသော်လည်း ဘုရားသခင့်အတူပါရှိမှုကို အတိုင်းသားမြင်တွေ့နိုင်ပြီး၊ ထိုဘုရား၏ ပံ့ပိုးမှု၊ မစမှုကို ထင်ရှားစွာမြင်တွေ့ နိုင်ပါသည်။
ဧသတာဝတ္ထုရှိဖြစ်စဉ်၌ မိဖုရားဝါရှတိ၏ ခင်ပွန်းအပေါ်ထားရှိသောစိတ်ထားနှင့်၊ ယုတ်မာသော ဟာမန်၏စိတ်ထား စိတ်ယုတ်တို့ အပေါ်တွင် ဧသတာနှင့် မော်ဒကဲတို့က ဘုရားထံမှလာသော ပညာ တရား များဖြင့် ဣသရေလလူမျိုးတော်များကို ကယ်တင်ခဲ့ခြင်းက အတုယူစရာများပင်ဖြစ်ကြသည်။
    ဘုရားသခင့်လက်တော်သည် ဧသတာဝတ္ထုတွင်ထင်ရှားစေပြီး၊ ကြီးမြတ်သောထိုအရှင်၏ အံ့ဖွယ် အမှုနှင့် တန်ခိုး တော်တို့က ယုံကြည်သူ သားသမီးများ အတွက် အကောင်းဆုံးကိုဖြစ်စေတော်မူကြောင်း ကျွန်ုပ် တို့သိမြင်ရပါသည်။ “ဘုရား သခင်ကို ချစ်သောသူ တည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူ သောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့ သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏” (ရော၊ ၈:၂၈)။

 

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ Who was Vashti in the Bible? အားမြန်မာမူပြုပါသည်။


 

 

 

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages