မေလခိဇေဒက်သည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 17, 2021

မေလခိဇေဒက်သည် မည်သူနည်း



၁။ မေလခိဇေဒက် အဓိပ္ပါယ်။
 

မေလခိဇေဒက်အဓိပ္ပါယ်မှာ "ဖြောင့်မတ်ခြင်းအရှင်"ဟု အဓိပ္ပါယ်ရပြီး ရှာလင်(ယေရုရှ လင်)မြို့မှ ဘုရင်ဖြစ် သည့်နည်းတူ အမြင့်ဆုံးသောဘုရား၏ ယဇ်ပုရောဟိတ်လည်း ဖြစ်သည် (က၊ ၁၄း၁၈-၂၀၊ ဆာ၊ ၁၁၀း၄၊ ဟေဗြဲ၊ ၅း၆-၁၁၊ ၆း၂၀-၇၂၈)။

 

၂။ အာဗြဟံနှင့် တွေ့ဆုံခြင်း။

မေလခိဇေဒက်သည် တခနမျှပေါ်လာပြီး ထိုကမ္ဘာဦးကျမ်းမှာပင် တစ်ဖန်ပျောက်ကွယ် သွားခဲ့ပြန်ပါသည်။ အာဗြဟံနှင့် မေလခိဇေဒက်သည် တိုက်ပွဲမှပြန်လာသော အာဗြဟံ နှင့် နွမ်းနယ်နေသောလူစုကို စားသောက် စရာများယူလာပေးပြီး ပထမဦးဆုံးတွေ့ ဆုံခြင်းဖြစ်သည်။ အာဗြဟံအား "ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရား သခင်သည် အာဗြဟံအားကောင်းကြီးပေးတော်မူပါစေသော၊ သင်၏ရန်သူတို့ကို သင်၏ လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာရှိတော် မူစေ သတည်း"ဟု မြွတ်ဆို လျှက်ကောင်းကြီးပေးခဲ့သည် (က၊ ၁၄း၁၈-၂၀)။
 
အာဗြဟံသည် မေလခိဇေဒက်အား ရရှိလာသောဥစ္စာများမှ ဆယ်ဖို့တစ်ဖို့ကိုပေးလှူ ခဲ့သည်။ ထိုသို့ ပူဇော်မှုကို ကြည့်ခြင်းအားဖြင့် မေလခိဇေဒက်သည် မိမိထက်ဝိညာဉ် ရေးရာတွင် ကြီးမြတ်သော ယဇ်ပုရောဟိတ် ဖြစ်မှန် အသိအမှတ်ပြုမှုကိုဖော်ပြနေခြင်း ဖြစ်သည်။

 

၃။ မေလခိဇေဒက်နှင့်  ပရောဖက်ပြုချက်။

ဆာ၊ ၁၁၀ တွင်မေရှယနှင့်စပ်ဆိုင်သော ပရောဖက်ပြုချက်ကို ဒါဝိဒ်အားဖြင့်မြင်တွေ့ နိုင်ပြီး (မ၊ ၂၂း၄၃) မေလခိဇေဒက်ကို ခရစ်တော်နှင့်ခိုင်းနှိုင်းထားသည်။

 

၄။ မေလခိဇေဒက်နှင့် အရိုက်အရာ။

 

ဟေဗြဲဩဝါဒစာစောင်သည် မေလခိဇေဒက်နှင့် ခရစ်တော်ကို ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်းအရှင်အဖြစ် ဦးစားပေးဖော်ပြထားသည်။ မေလခိဇေဒက်၏ ဘုရင်ဖြစ် ခြင်းနှင့် ယဇ်ပုရောဟိတ်အဖြစ်ကိုယူလျှက် ခရစ်တော်သည်လည်း အာရုန်အနွယ်ဖြစ် သော လေဝိတို့၏ ယဇ်ပုရောဟိတ်အရာကိုဆက်ခံသူအဖြစ်သာမက သာ၍မြင့်မြတ် သောယဇ်ပုရောဟိတ်အဖြစ် ခရစ်တော်ကို မီးမောင်းထိုးပြထားသည် (ဟေဗြဲ၊ ၇း၁-၁၀)။

 

၅။ မေလခိဇေဒက်နှင့် ခရစ်တော်ဖြစ်တည်မှု။

အချို့က မေလခိဇေဒက်သည် ခရစ်တော်လူ့ဇာတိမခံယူမှီက အသွင်ယူထားသော ခရစ်တော်အဖြစ် ခံယူ ထားကြသည်။ ၄င်းမှာလည်း ဖြစ်နိုင်ချေရှိပြီး အာဗြဟံထံသို့ လာရောက်မှုကိုထည့်တွက်နိုင်သည်(က၊ ၁၇) တွင် အာဗြဟံဟည် ဘုရားသခင်ကို လူ့အသွင်ဖြင့်မြင်ပြီး စကားပြောဆိုခဲ့သည်မဟုတ်ပါလား။

ဟေဗြဲ၊ ၆း၂၀ တွင် "မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်ငါတို့ အတွက် ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော် မူ၏" ဟုဆိုရာတွင် "နည်းတူ" ရာထူးဌာန ဆိုင်ရာကို ဆက်ခံခြင်းဖြစ်သည်။

အခြားနေရာများတွင် ထိုအကြောင်းကို ကျွန်ုပ်တို့တွေ့ရမည်မဟုတ်။ သို့သော် မေလခိ ဇေဒက်နှင့် ခရစ်တော် သည် အမှန်တကယ်တစ်ဦးတည်းဟု မှတ်ယူပါက အဖြေရှင်း သွားပေလိမ့်မည်။ ယခု "နည်းတူ" (Order)တွင်  ထာဝရယဇ်ပုရောဟိတ်ဆိုသည်မှာ ခရစ်တော်သာဖြစ်ပြီး၊ ခရစ်တော်မှတစ်ပါး အခြားမရှိနိုင်တော့ပေ။

 

၆။ အစ အဆုံးနှင့် ဖြစ်တော်ပေါင်းချုပ်။

ထိုနည်းတူ မေလခိဇေဒက်သည် "အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်း အခြားမရှိဘဲ၊ ဘုရား သခင်၏ သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည်၏" ဟု (ဟေဗြဲ၊ ၇း၃) တွင်တွေ့ရ သည်။ မေးစရာမေးခွန်းမှာ ၄င်းမှာ ဟေဗြဲအရ "ပုံဆောင်ချက်လား" "တကယ်လား"ဆိုသည့်ဆိုလိုချက်ပင်ဖြစ်သည်။ 

အကယ်၍ အမှန်ဖြစ်တည်မှုကိုပြဆိုပါက၊ ခရစ်တော်မှတစ်ပါး ထိုမေလခိဇေဒက်ကို ကျိုးကြောင်း ဆီလျှော်စွာ ဖြင့် အဖြေရှာရန်မရှိတော့။ လောကတွင် "ထာဝရယဇ်ပုရော ဟိတ်ဟူသည်မရှိ"၊ "အဘမရှိ၊ အမိမရှိဟုလည်း မရှိ"။

အကယ်၍ က၊ ၁၄ မှာ ဘုရားမှ လူ့အသွင်ယူခဲ့သည်ဟုဆိုက (က၊ ၁၄း၁၇-၁၉) ရှိ အာဗြ ဟံကိုကောင်းကြီး ပေးခဲ့သူမှာ သားတော်သာဖြစ်မည်၊ "ဖြောင့်မတ်ခြင်းအရှင်" (ဗျာ၊ ၁၉း၁၁၊ ၁၆)၊ "ငြိမ် သက်ခြင်းအရှင်" (ဟေရှာ၊ ၉း၆)နှင့် လူနှင့်ဘုရားအကြား တည်ရှိ သော ကိုယ်စားဖြန်ဖြေသူ(၁ တိ၊ ၂း၅)မှာ သားတော်ဘုရားပင် ဖြစ်ပေမည်။ 

၈။ မေလခိဇေဒက်မှာ ပုံဆောင်ခြင်းလား အမှန်လား။

အကယ်၍ မေလခိဇေဒက်သည် ပုံဆောင်ချက်ဟုဆိုခဲ့ပါက"အဘမရှိ၊ အမိမရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏သားတော်နှင့်တူ၍ ယဇ်ပုရော ဟိတ်အရာ၌ အစဉ်အမြဲတည်၏"ဟူ၍ အာဗြဟံနှင့်တွေ့ခဲ့သူသည် နက်နဲရာအဖြစ် သာတည်ရှိနေပေလိမ့်မည်။  

သို့သော်လည်း ကမ္ဘာဦးတွင်ဖော်ပြသော ထိုမေလခိဇေဒက်မှာ ရည်ရွယ်ချက်ကောင်း စွာ ရှိထားသောကြောင့် ခရစ်တော်နှင့်အတူယှဉ်တွဲရှုမြင်ခြင်းက အကောင်းဆုံးသော အဖြေကိုရရှိပေမည်။

 

 ထိုသို့ဆိုက မေလခိဇေဒက်နှင့် ခရစ်တော်သည် တစ်ဦးတည်းလား။

 

အဖြေမှာ နှစ်မျိုးလုံးကို အသုံးပြု နိုင်ပါသည်။

၁။ မေလခိဇေဒက်သည် ခရစ်တော်နှင့်အလားသဏ္ဌာန်တူသော ပုံရိပ်သာသနာ အဖြစ်ရှုမြင်လက် ခံနိုင်သကဲ့သို့ ၂။ လူ့အသွင်ဆောင်ယူထားသော ခရစ်တော်အား အာဗြဟံသည်စစ်ပွဲမှအပြန်တွင် ဆုံတွေ့ လျှက် မင်္ဂလာခံယူ ခြင်း ဖြစ်ပေသည်။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages