အရှင်သခင်ဖြစ်ခြင်းနှင့်ဆိုင်သော ကယ်တင်ခြင်းက ဘာလဲ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

အရှင်သခင်ဖြစ်ခြင်းနှင့်ဆိုင်သော ကယ်တင်ခြင်းက ဘာလဲ

 ၁။ ကယ်တင်ရှင်။

        အရှင်သခင်နှင့်စပ်ဆိုင်သော ကယ်တင်ခြင်းဟူသည် ခရစ်တော်ဘုရားအား မိမိ၏ အသက်သခင်ကယ်တင်ရှင်ဟူ၍ သိမှတ်ဝန်ခံမှုပြုခြင်းမှ သာလျင် ကယ်တင်ခြင်းခံရမည်ဟူသော သွန်သင်ချက်ဖြစ်သည်။ ထို့အတူပြုခြင်းက အသက်တာတွင် ကယ်တင်ခြင်းနှင့်စပ်ဆိုင်ပြီး စစ်မှန်သော အသက်တာ ပြောင်းလဲမှုကို သီးပွင့်စေသည်ဟူ၍ ဆိုထားခြင်းဖြစ်သည်။


            ထိုသို့သောသူများအတွက် အသက်တာတွင်ကောင်းသောအရာများ ထင်ရှားလာခြင်းမရှိပါက ထိုသူ၏ ကယ်တင် ခြင်းဟူသည် သံသယယူစရာအဖြစ်မှတ်ယူကျင့်သုံးကြသည်။ နှုတ်ကပတ်တော်၌မူ ခရစ်တော်ဘုရားအား လက်ခံယုံကြည် သူတိုင်းအသက်တာပြောင်းလဲခြင်း အကျိုးကျေးဇူးများကို ရရှိသည်ဟူ၍ ဆိုထားပါသည် (၂ ကော၊ ၅:၁၇၊ ဂလာ၊ ၅:၂၂-၂၃၊ ယာ၊ ၂:၁၄-၁၆)။

 

၂။ ဖြစ်တည်မှု။

            သို့သော်လည်း လူတစ်ဦးပြောင်းလဲခြင်းနှင့် စပ်ဆိုင်ပြီး အသီးအပွင့်များထွက်ပေါ်လာသည်ဆိုခြင်းက အချိန်ကာလ၊ နေရာဒေသနှင့်အတူ မတူကွဲပြားမှုများရှိပါသည်။ နှုတ်ကပတ်တော်က ကယ်တင်ခြင်းဟူသည် မိမိတို့၏ ကုသိုလ်ကောင်းမှုနှင့် ကိုယ်ကျင့်သီလတို့မပါပဲ ယုံကြည်ခြင်းသက်သက်ကြောင့်ဖြစ်ကြောင်းဆိုထားပါသည် (ယော၊ ၃:၁၆၊ ဧဖက်၊ ၂:၈-၉)။

            နှုတ်ကပတ်တော်က လူသည် ကယ်တင်ခြင်းခံစားရပြီးနောက် အသက်တာပြောင်းလဲလာကြောင်း အတိအလင်းဆို ထားပါသည် (ဧဖက်၊ ၂:၁၀)။ ထို့ကြောင့် ချိန်ခွင်ညီမျှမှုပြုရန်ဟူသည် ခက်ခဲပါသည်။ ထို့အတူ ကျွန်ုပ်တို့သည် အခြားသူတစ်ဦး ၏အသက်တာနှင့် ကယ်တင်ခြင်းအတွက် စီရင်ခြင်းမပြုသင့်ကြောင်းကိုလည်း အားလုံးသိကြပြီးဖြစ်သည် (မ၊ ၇:၁)။  ဘုရား တစ်ပါးတည်းကသာလျင် သူ့သိုးစုတော်နှင့် ထိုသိုးစုတော်များအတွက် စုံလင်သောအသက်တာကြီးရင့်မှုအသွားအလာကို ပိုမို သိမြင် တော်မူပါသည်။


၃။ နှုတ်ကပတ်တော်နှင့် ညီပါသလား။

            ထို့ကြောင့် အရှင်သခင်နှင့်ဆိုင်သော ကယ်တင်ခြင်းဟူသည် နှုတ်ကပတ်တော်နှင့်ညီပါသလား။ ထို့အတူ ခရစ်တော် အားမိမိအသက်သခင်အဖြစ်ယုံကြည်သူတိုင်း အသက်တာပြောင်းလဲလာမှုရှိသည်ကို မည်သူမျှမငြင်းပယ်နိုင်ပါ (၂ ကော၊ ၅:၁၇)။

         အပြစ်တရားမှလွတ်မြောက်ခြင်းခံရပြီး ခရစ်တော်ကို လက်ခံယုံကြည်၍ ကယ်တင်ခြင်းသို့ရောက်သောသူသည် အပြစ်တရား၌ ဆက်လက်ရှင်သန်လိုစိတ်မရှိပါ (ရောမ၊ ၆:၂)။ ထိုနည်းတူ ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင် လက်ခံ ခြင်းက ဝိညာဉ်ရေးကြီးထွားမှုဖြစ်စေသည်မှာ မှန်သော်လည်း ကယ်တင်ခြင်းကို ထိုသို့ပြု၍မရောက်နိုင်ပါ။

            ခရစ်ယာန်အသက်တာဟူသည် သခင်ဘုရားကို နေ့ရက်စဉ်တိုင်း ဝန်ခံမှုပြုလျက် ရှင်သန်နေထိုင်ခြင်းဖြစ်သည် (၂ ပေ၊ ၁:၅-၈)။ ထို့ကြောင့် လူတစ်ဦးသည် ကယ်တင်ခြင်းသို့ရောက်လိုသောငှါဟူသောစိတ်ဖြင့် ဘုရားသခင်အား အသက် သခင် ကယ်တင်ရှင်အဖြစ် ဆက်ကပ်ပြုမူနေထိုင်ရမည်ဟူ၍ကား မည်သို့မျှ မမှန်ကန်ပါ။


၄။ ကျေးဇူးတော်နှင့်ယှဉ်သော ကယ်တင်ခြင်း။

            ဘုရားသဘောနှင့် တရားသဘောကို မည်သို့ပင်ဖြည့်ဆည်းနေစေကာမူ ကယ်တင်ခြင်းဟူသည် ဘုရားသခင့်အလို တော်နှင့်အညီ သားတော်ကို လက်ခံယုံကြည်ခြင်းဖြင့်သာရရှိနိုင်ပါသည် (ယော၊ ၃:၁၆၊ ဧဖက်၊ ၂:၈-၉)။

            ခရစ်တော်သည် အရှင်သခင်တစ်ပါးလည်းဖြစ်သည် (ဖိ၊ ၂:၁၀)။ ထို့ကြောင့် ခရစ်ယာန်တိုင်း ခရစ်တော်ကို အသက် သခင်ကယ်တင်ရှင်အဖြစ်ကိုးကွယ်ဆည်းကပ်ကြရန်လိုအပ်ပါသည် (ယာ၊ ၄:၇)။ အသက်တာပြောင်းလဲခြင်းနှင့် ခရစ်တော် အားအသက်သခင်ကယ်တင်ရှင်အဖြစ်လက်ခံခြင်းက ကယ်တင်ခြင်း၏ အသီးအပွင့် (သို့) အကျိုးရလာဒ်များသာဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ကယ်တင်ခြင်းရရှိမည်ဟူ၍ သမ္မာကျမ်းစာ၌ မည်သည့်နေရာမှ သွန်သင်မထားပါ။


 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ ။ What is Lordship salvation? အားမြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages