ကယ်တင်ခြင်းအဖို့ ခြေလှမ်းများကအဘယ်နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

ကယ်တင်ခြင်းအဖို့ ခြေလှမ်းများကအဘယ်နည်း

 
 
 
 
 
 
၁။ လူများစွာ၏ ထင်ကြေးများနှင့် သမ္မာကျမ်းစာ။
 
             အချို့သောသူတို့က ကယ်တင်ခြင်းအတွက် လုပ်ဆောင်ရမည့် ခြေလှမ်းအဆင့်ဆင့်များရှိနိုင်သည် အထင်ဖြင့် ရှာဖွေ လေ့ရှိကြသည်။အထူးသဖြင့် ဘာသာတရားများ၏ ကျင့်စဉ်များအတိုင်း အဆင့်ဆင့်ရှိရမည်ဟူ၍ ထင်မှတ်ကြသည်။

            ဥပမာအားဖြင့် ဗုဒ္ဓဘာသာများကျင့်သုံးလိုက်နာသော “ငါးပါးသီလ” “ရှစ်ပါးသီလ” “ဆယ်ပါးသီလ” အစရှိသဖြင့် တွေးထင်ထားကြသလို၊ မူစလင်တို့ကျင့်သုံး "ကျင့်ဝတ်ငါးသွယ်" ကဲ့သို့အစရှိသဖြင့်ထင်ကြသည်။ ထို့အတူ ရိုမန်ကာသလိုလ် များနည်းတူ “ခုနှစ်သွယ်သောကျင့်ဝတ်” ဟူ၍လွဲမှားစွာထင်ထားကြပြန်သည်။ အချို့အချို့သော အသင်းတော်များက အထက် ပါနည်းတူ “နှစ်ခြင်းမင်္ဂလာခံယူခြင်း၊ လူသိရှင်ကြားဝန်ခံခြင်း၊ အပြစ်မှကျောခိုင်းထွက်လာခြင်း၊ အခြားသောဘာသာစကား ပြောဆိုခြင်း” အစရှိသဖြင့် ကယ်တင်ခြင်းသို့ရောက်ရန်ဟူ၍ ပေါင်းထည့်ကြပြန်ပါသည်။

            သို့သော်လည်း နှုတ်ကပတ်တော်၌ ကယ်တင်ခြင်းသို့ရောက်ရန် တစ်ခုတည်းသော ခြေလှမ်းသာရှိပါသည်။ ထိုဖြစ် စဉ်များကို “သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။ ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” (တမန်၊ ၁၆:၃၀-၃၁) ဟူ၍တွေ့ရပါသည်။


၂။ ကယ်တင်ရှင်အဖြစ်လက်ခံခြင်း။

ခရစ်တော်ဘုရားအား အသက်သခင် ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ခြင်းက ကယ်တင်ခြင်းသို့ရောက်ရှိရန် တစ်ခုတည်းသောခြေလှမ်းသာဖြစ်ပါသည်။ နှုတ်ကပတ်တော်ရှိ စကားတော်တို့က လွန်စွာရှင်းလင်းလှပါသည်။ ၎င်းတို့မှာ....

    (၁) အားလုံး ဘုရားကိုဆန့်ကျင်၍ အပြစ်ပြုကြသည် (ရောမ၊ ၃:၂၃)။

    (၂) ထိုအပြစ်တရားကြောင့် ဘုရားနှင့်ကင်းကွာကြရသည် (ရောမ၊ ၆:၂၃)။

    (၃) ကျွန်ုပ်တို့ကိုချစ်၍ ဘုရားသခင်လူ့ဇာတိခံယူတော်မူခဲ့သည် (ယော၊ ၃:၁၆)။

    (၄) ကျွန်ုပ်တို့အတွက် ကိုယ်စားယတြာပြုတော်မူခဲ့သည် (ရောမ၊ ၅:၈၊ ၂ ကော၊ ၅:၂၁)။

    (၅) ခရစ်တော်အားဖြင့် ခွင့်လွတ်ခြင်းပေးမူခဲ့သည် (ယော၊ ၁:၁၂၊ ၃:၁၆၊ ၅:၂၄၊ တမန်၊ ၁၆:၃၁)။

အစရှိသဖြင့် ကျွန်ုပ်တို့၏ အဖြစ်ဆိုး၊ ဘဝဆိုးနှင့် နောက်လာလတံ့သော အနာဂါတ်ဆိုးများမှ လွတ်ကင်းအံ့သောငှါ ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် လမ်းခင်းပေးတော်မူခဲ့ပါသည်။

 
၃။ ကယ်တင်ခြင်းမည်သို့ ရရှိနိုင်သနည်း။

              ကယ်ချွတ်ခြင်းလမ်းစဉ်နှင့် အကျွတ်တရားသည် ကျွန်ုပ်တို့လိုက်နာဆောင်ရွက်ရန် ခြေလှမ်းအဆင့်ဆင့်ဖြင့်ထား သောဘာသာတရားကျင့်ဝတ်တစ်ခုမဟုတ်ပါ။ မှန်ပါသည် ခရစ်ယာန်သည် ဗတ္တိဇံခံယူရမည်မှန်ပါသည်။ ထို့အတူ လူသိရှင် ကြားဝန်ခံမှုပြုရန်လိုအပ်ပါသည်။ ထို့အတူ အပြစ်တရားကို ကျောခိုင်းပြီး၊ ဘုရားစကားတော်ကို နာခံရမည်မှာမှန်ပါသည်။

              သို့သော်လည်း ၎င်းတို့သည် ကယ်တင်ခြင်းအတွက်လုပ်ဆောင်ရမည့် ကျင့်ဝတ်လမ်းစဉ် (သို့) ကျင့်စဉ်များမဟုတ် ကြပါ။ ၎င်းတို့မှာ ကယ်တင်ခြင်းရရှိပြီးနောက် ဖြစ်တည်လာသော အကျိုးရလာဒ်များပင်ဖြစ်ပါသည်။

              ကျွန်ုပ်တို့သည် အဝိဇ္ဇာတည်းဟူသော ဗီဇအပြစ်တရားများဖြင့် မွေးဖွားလာသူများဖြစ်၍ ကယ်တင်ခြင်းအတွက် မည်သို့မျှမလုပ်ဆောင်နိင်ပါ။ ကုသိုလ်ကောင်းမှု၊ အကျင့်သီလနှင့် ဒါနတရားတို့သည်လည်း ကယ်တင်ခြင်းအတွက်အထမ မြောက်စေနိုင်ပါ။

              ကယ်တင်ခြင်းအတွက် “ဆယ်ပါးသီလ”၊ “ငါးသွယ်သောကျင့်ဝတ်” တို့သည်သာမက “ထောင်သောင်းမကသော” ခြေလှမ်းများပင်ပြုမူနေစေကာမူ လုံလောက်လိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ အကုသိုလ်အပြစ်ကျွေးများကို ကျွန်ုပ်တို့ လူသားများသည် မည်သို့မှ လုံလောက်အောင် မပေးချေနိုင်ပါ။ ထို့ကြောင့်လည်း ဘုရားသခင်မှ ကျွန်ုပ်တို့ကိုယ်စား အမှုပြု တော်မူခဲ့ပြီး “အမှုပြီးပြီ”ဟူ၍အကုသိုလ်အပြစ်ကျွေးများကို အဆုံးတိုင်စေတော်မူခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်ကိုယ် တော်တိုင် ကယ်တင်ခြင်းအတွက်ခြေလှမ်းများကို အလုံးစုံပြည့်စုံပြီးမြောက်စေခဲ့ပါသည်။


၄။ ကယ်တင်ခြင်းနှင့် အပြစ်လွတ်ခြင်း။


              အထက်ပါ ကယ်တင်ခြင်းနှင့် အပြစ်လွတ်ခြင်းတို့မှာလည်း ကယ်တင်ခြင်းတရားအတွက် ခြေလှမ်းများမဟုတ်ရပါ။ ၎င်းမှာ ခရစ်တော်ကိုယ်တော်တိုင် ကျွန်ုပ်တို့အဖို့ပြုတော်မူသော အမှုများအားလုံးကို ပြီးစီးစေကြောင်း၊ ပြီးမြောက်စေခြင်းတို့ ကိုလက်ခံယုံကြည်ပြီး၊ ကြည်ညိုသဒ္ဓါပွားလျက် လက်ခံယူလိုက်ခြင်းသာဖြစ်ပါသည်။

              ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ကို ဘုရားသခင်တောင်းဆိုသောခြေလှမ်းမှာ “သားတော်ကိုလက်ခံခြင်း” သာဖြစ် သည်။ ၎င်းမှာ ဘာသာတရားနှင့် အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းစဉ်အကြား မတူကွဲပြားခြားနားသော ခြေလှမ်း တို့ပင်ဖြစ်ပါသည်။ ခရစ်ယာန်ယုံကြည်ချက်မှာ ကျွန်ုပ်တို့အဖို့ ဘုရားသခင်အလုံးစုံပြုတော်မူထားသော ကယ်တင်ခြင်းအလုံး စုံတို့ကိုလက်ခံ၍အသိအမှတ်ပြုခြင်းသာဖြစ်ပါသည်။

 

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်


မှတ်ချက်။ ။ What are the steps to salvation? အားမြန်မာမူပြုပါသည်။


 

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages