လက္ခဏာကြည့်ခြင်းကို ကျမ်းစာကမည်သို့ဆိုသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

လက္ခဏာကြည့်ခြင်းကို ကျမ်းစာကမည်သို့ဆိုသနည်း

 ၁။ လက္ခဏာကြည့်ခြင်း။

လက္ခဏာကြည့်ခြင်းကို လက္ခဏာဖတ်ခြင်းဟူ၍လည်း ခေါ်ဆိုကြ သည်။ အင်္ဂလိပ်လိုအားဖြင့် "Palmistry" သို့မဟုတ် "Chiromancy" ဟူ၍ လည်းခေါ်ပြီး မူရင်း ဂရိဘာသာစကားမှ ဆင်းသက်လာ ခြင်းဖြစ် သည်။

မူရင်း ဂရိလိုအားဖြင့် "Kheiro" လက်နှင့် "Mantia" ဂမ္ဘီရဉာဏ် (သို့) ကြိုတင်ဖတ်ရှုခြင်း ဟူ၍ဆိုသော ကြောင့် အချုပ်ဆိုလျင် လူတစ်ဦး၏ အနာဂတ်ဖြစ်စဉ်များ (သို့) အနာဂါတ်ဘဝကို လက္ခဏာဖတ်ရှု၍ ကြိုတင်ဟော ပြောခြင်းဟူဆိုဆိုပါသည်။

ယုံကြည်မှုအရ လက်ဖဝါးတွင်ရှိသော အရေးအကြောင်းများကိုကြည့်၍ လူတစ်ဦး၏ အနာဂတ် ဖြစ်စဉ် များနှင့် သူ့အနာဂတ် ဖြစ်တည်မှုများကိုဖွင့်ဆို၍ ကြိုတင်ဟောပြောခြင်းဖြစ်သည်။

 

၂။ နှုတ်ကပတ်တော်နှင့် လက္ခဏာဖတ်ရှုခြင်း။

နှုတ်ကပတ်တော်တွင် လက္ခဏာဖတ်ရှုခြင်းကို ဖွင့်ဆိုဖေါ်ပြထားခြင်းမရှိသော်လည်း မောရှေ၏ပညတ်တော်အရ လုံးဝပင် တားမြစ်ထားသည်ကိုတွေ့ရပါသည် (ဝတ်၊ ၁၉:၂၆)။ ကတိတော်မြေကို ဝင်ရောက်ချင်းမတိုင်မှီ မောရှေသည် လူမျိုးတော်တို့ ကိုသတိပေးစကားဆိုခဲ့သည်မှာ ....

"သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့် သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။ ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏" (တရား၊ ၁၈:၁၀-၁၂)။

ထို့ကြောင့် အထက်ပါကျင့်သုံးမှုနှင့်အတူ လက္ခဏာဖတ်ရှုခြင်းနှင့် ဖတ်ရှုပေးသူတို့ကို ပညတ်တော်အရစီရင်မှုမှာ သေဒဏ်ပင် ဖြစ်သည်။ အထက်ပါနည်းများဖြင့် အနာဂတ်ကိုအဖြေရှာခြင်းမျိုးကိုလည်း တားမြစ်ထားပါသည်။ "လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်" (ဝတ်၊ ၂၀:၆)။

 

၃။ လက္ခဏာကြည့်ရှုခြင်းကို တားမြစ်ခြင်း။

လက္ခဏာကြည့်ရှုခြင်းအား တားမြစ်မှုကိုပြုကြသော ပရောဖက်များတွင် ဟေရှာယ၊ ယေရမိနှင့် ယေဇကျေလတို့သည် (ဟေရှာ၊ ၄၄:၂၅၊ ယေရမိ၊ ၂၇:၉၊ ၂၉:၈၊ ယေဇကျေ၊ ၁၃:၉) လွန်စွာထင်ရှားသောပရောဖက်များဖြစ်ကြသည်။

အထက်ပါမှားယွင်းသောအယူအဆနှင့် လမ်းလွဲစေသောလမ်းစည်များကို ဟိုယခင်က သာသနာပတို့တွင်ကျင့်သုံးသော အလေ့အထများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ကတိတော်မြေမှ သာသနာပတို့ကို နှင်ထုတ်ရခြင်းအကြောင်းရင်း၏ တစ်စိတ်တစ်ဒေသမှာလည်း ထိုသို့ သောအလေ့အထများကြောင့်ဖြစ်ကြပါသည်။ ထိုသို့သောအကျင့်ဓလေ့တို့ကို ပြုသောသူ တို့ကို ပြည်တော်မှ နှင်ထုတ်၍ ဣသရေလ လူမျိုးတော်များကို အစားထိုးတော်မူခြင်းလည်းဖြစ်ပါသည် (တရား၊ ၁၈:၁၂၊ ၁၄)။

 

၄။ အနာဂတ်အတွက်မည်သို့နည်း။

ယုံကြည်သူ ဘုရားသားသမီးများ၏ အနာဂတ်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အကြံအစည်တော်အားဖြင့် စိတ်ချ ယုံကြည်မှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်စဉ်သည် လက်ဖဝါးပေါ်၌ တည်ရှိနေခြင်းမျိုးမဟုတ်ပါ။

ထိုအစား ကျွန်ုပ်တို့ကို ဖန်ဆင်း၍ ကျေးဇူးတော်အစုံစုံနှင့် ဂုဏ်တော်အနန္တတို့ဖြင့် ကြွယ်ဝတော်မူသောဘုရားသခင်၏ လက်၌ သာလျင် ရှိတော်မူပါသည်။

ထို့ကြောင့် အနာဂတ်ကို သင်စိတ်ပူနေပါလျင် ဘုရားသခင့်စကားတော်ကိုသာလျင်ကြည့်ရှု၍ တည်ဆောက်မှုပြုလိုက်ပါ။

"ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော.... ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ ပေးတော်မူလတံ့။ ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏" (မ၊ ၆:၂၅၊ ၃၂-၃၄)။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What does the Bible say about palm reading? အားမြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages