သင်းအုပ်သည် မည်မျှ အခွင့်အာဏာရှိသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

သင်းအုပ်သည် မည်မျှ အခွင့်အာဏာရှိသနည်း

၁။ အသင်းတော် ဖွင့်ဆိုချက်။

အသင်းတော်ဟူသည် ဖွင့်ဆိုချက်များစွာရှိသည့်အထဲမှ အားလုံးအတွက် အကျိုးကျေးဇူးများစေမည့် အကြောင်း အရာအချို့ကိုသာ ရွေးချယ်ဖေါ်ပြလိုပါသည်။ 
 
၎င်းတို့အားဖြင့် သိရသည်မှာ အသင်းတော်ဟူသည်...
(၁) “ဘုရားသခင့်သိုးစုတော်”များကို ကိုယ်စားပြုခေါ်ခြင်းဖြစ်သည် (၁ ပေ၊ ၅:၂)။
(၂) ဘုရားသခင့်အသင်းတော် (တမန်၊ ၂၀:၂၈)။
(၃) ဦးခေါင်းဖြစ်သော ခရစ်တော်၏ ကိုယ်ခန္ဓာအသင်းတော် (ဧဖက်၊ ၅:၄)။
(၄) သိုးထိန်းကြီးယေရှု၏ သိုးတော်စု (၁ ပေ၊ ၅:၄)။
(၅) ခရစ်တော်၏ အသင်းတော်နှင့်
(၆) ခရစ်တော်ဦးဆောင်သောအသင်းတော် (မ၊ ၁၆:၁၈)။
 
အစရှိသဖြင့်တွေ့ရပါသည်။ ၎င်းမှာ စစ်မှန်သော အသင်းတော်ဖြစ်သည့်နည်းတူ ထိုအသင်းတော်မှာ မျက်မြင်ရ နေသော ဒေသန္တရအသင်းတော်များ ကို ကိုယ်စားပြုသည့်နည်းတူ၊ မျက်မြင်မရသော ခရစ်တော်၏ ကမ္ဘာလုံးဆိုင် ရာအသင်းတော်ကိုလည်း ဆိုနိုင်ပါသည်။
 
၂။ အကြံအစည်တော်နှင့် အသင်းတော်။
ဘုရားသခင်သည် အသင်းတော်စတင်လိုက်သည်နှင့် ထိုအသင်းတော်အတွက် သင်းအုပ်ဆရာတည်းဟူသော သူ၏လက်ရုံးတော်အဖြစ် တရားဝင် ခန့်အပ်ခြင်းတည်းဟူသော မင်္ဂလာလည်းပါဝင်ခဲ့ပါသည်။ သင်းအုပ်ဆရာနှင့် အတူအခြားသော ဦးဆောင်ဦးရွက်ပြုမည့် သင်းထောက်များမှအစ အခြားသော အမှုတော်ဆောင်များကိုလည်း ဘုရားသခင် ပြင်ဆင်ပေးတော်မူခဲ့ပါသည်။ သူတို့၏ လုပ်ဆောင်ရမည့် အငန်းအတာများကို အကန့်ခွဲ လျက် သီးသန့်ဖေါ်ပြသွားပါမည်။
 
၃။ အသင်းတော်ကိုစီမံသူ။
၁ တိ၊ ၃:၁ တွင်ကြည့်လျင် အသင်းတော်အတွက် Overseer တည်ဟူသော စီမံသူအဖြစ် သင်းအုပ်ဆရာကို ခန့်အပ်ထားကြောင်းတွေ့ရပါသည်။ ထိုတာဝန်ဝတ္တရာများသည် သင်းအုပ်ဆရာတစ်ပါးမှ အသင်းတော်ပုံမှန်နှင့် ကောင်းစွာလည်ပါတ်နိုင်စေရန် စီမံရသော တာဝန်များပင်ဖြစ်သည်။ ထိုသို့စီမံခန့်ခွဲရာတွင် အသင်းတော်၏ အခြား သောအကြောင်းအရာများနည်းတူ ငွေကြေးကိစ္စများလည်း အကျုံးဝင်လျက်ရှိပါသည် (တမန်၊ ၁၁:၃၀)။
 
၄။ အသင်းတော်ကို အုပ်ချုပ်သူ။
အသင်းတော်ကို အုပ်ချုပ်သူဖြစ်ကြောင်း ၁ တိ၊ ၅:၁၇ တွင်တွေ့ရပါသည်။ အုပ်ချုပ်ခြင်းဆိုရာတွင် တိုက်ရိုက်ပြန် ဆိုမှုပြုရလျင် အားလုံးရှေ့တွင် မားမားမတ်မတ်ရပ်တည်ပေးသူဟု ဆိုလိုပါသည်။
ထို့ကြောင့် အုပ်ချုပ်သူဆိုရာတွင် သိုးစုတော်များအတွက် .....
(၁) ဂရုစိုက်ခြင်း။
(၂) ပြုစုခြင်း။
(၃) လမ်းပြခြင်း။
(၄) ဦးဆောင်ခြင်းစသော တာဝန်ဝတ္တရားများကို ဖေါ်ဆောင်ပေးခြင်းကို ဆိုလိုပါသည်။
ထိုသို့ဆိုရာတွင် အသင်းတော်ရှိ မှားယွင်းသောလမ်းစဉ်များနှင့် စပ်ဆိုင်ပြီး၊ လမ်းပြသွန်သင်ခြင်းနှင့်အတူ ဆုံးမ၊ ပဲ့ပြင်ခြင်းဟူသော စည်းကမ်း ကန္နာများနှင့်လည်း စပ်ဆိုင်နေပါသည ်(မ၊ ၁၈:၁၅-၁၇၊ ၁ ကော၊ ၅:၁၁-၁၃)။
 
၅။ အသင်းတော်အား ကျွေးမွေးသူ။
၁ ပေ၊ ၅:၂ တွင် သိုးစုတော်များကို ကျွေးမွေးခြင်းအကြောင်း ပါရှိပါသည်။ တနည်းအားဖြင့် တိုက်ရိုက်ပြန်ဆိုမှု ပြုရလျင် သိုးစုတော်များအား သမ္မာတရားတည်းဟူသော နှုတ်ကပတ်တော်ဖြင့် တိုက်ကျွေးခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် သင်းအုပ်ဆရာ၏ အဓိကကျသောအကြောင်းအရာပြဆိုရလျင် သိုးစုတော်များအား သမ္မာတရားကို ဖြူစင်စွာဖြင့် သိုးစုတော်များအား နေ့စဉ်တိုက်ကျွေးခြင်းကို ဆိုလိုပါသည်။
 
၆။ အသင်းတော်အား ကာကွယ်သူ။
တိ၊ ၁:၉ တွင် ထိုအကြောင်းကိုမြင်တွေ့နိုင်ပါသည်။ ယနေ့မှားယွင်းသော မိစ္ဆာဆရာတို့၏ သွန်သင်ချက်ကို နေရာအနှံ့၊ နည်းစနစ်မျိုးစုံဖြင့် ဝင်ရောက်လာလျက်ရှိပါသည်။ ထို့ကြောင့် ဘုရားသခင့်လူတည်းဟူသော သင်းအုပ်ဆရာသည် ကိုယ်တိုင်နှုတ်ကပတ်တော်တွင် မွေ့လျော်ခြင်းနှင့် အတူ သိုးစုတော်များအား လမ်းမမှားရ အောင်ကာကွယ်မှုပြုလျက် ရှိသူဖြစ်ရပါမည် (၂ တိ၊ ၂:၂)။ 
 
စစ်မှန်သော နှုတ်ကပတ်တရားတော်နှင့် စစ်မှန်သော ဧဝံဂေလိတရားကို ဖြူစင်စွာဆင့်ကမ်းရန်မှာ သင်းအုပ်ဆရာ တစ်ပါး၏ အဓိကတာဝန်များစွာ ထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။
 
၇။ အသင်းတော်တွင် မည်သူအရေးပါသနည်း။
ထိုမေးခွန်းအတွက် အဖြေမှာ အသင်းတော်ရှိသူများအားလုံးက သခင်ဘုရားအတွက် အငယ်ဆုံးသောသူအထိ တိုင်အရေးပါလှပါသည်။
အချို့က အထက်တွင်ဖေါ်ပြခဲ့သော စကားလုံးများကို ကြည့်ပြီး သင်းအုပ်ဆရာသည် အရာရာအားလုံးကို လုပ်ဆောင်ပေးရမည်၊ အစေခံနေရမည် ဟု တွေးထင်ထားကြသူများလည်းရှိပါသည်။
 
ထိုသို့မဟုတ်ပါ။ 
 
အသင်းတော်တစ်ပါးတွင် ယုံကြည်သူအားလုံးသည် သိုးစုတော်များသာဖြစ်ကြသည့်နည်းတူ၊ လူတိုင်းကိုယ်လည်း အသင်းတော်တည်ဆောက်ရာ တွင် ပါဝင်ဆက်ကပ်နိုင်ဖို့ အခွင့်အလမ်းများစွာနှင့်အတူ၊ ဆုကျေးဇူးအသီးသီး ကိုလည်း ဘုရားသခင်မှ ပေးအပ်ထားပြီးဖြစ်ပါသည်။
 
ထို့ကြောင့် အင်္ဂါချင်းဖြစ်သော ယုံကြည်သူတို့သည်လည်း သင်းအုပ်ဆရာနှင့်အတူတူ ကျရာကဏ္ဍမှနေပြီး အသင်း တော်တွင် အတူတကွ တည်ဆောက်မှုပြုကြရန်ဖြစ်ပါသည်။
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ How much authority should a pastor have over a church? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages