လောဣနှင့် ဥနိတ်မှာ မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

လောဣနှင့် ဥနိတ်မှာ မည်သူနည်း


၁။ သာသနာ့သမိုင်းကြောင်း။
လောဣနှင့် ဥနိတ်အမည်ကို နှုတ်ကပတ်တော်၌ တစ်ကြိမ်သာလျင် ဖေါ်ပြခြင်းရှိပါသည်။ သူတို့သည် ရှင်ပေါလု၏ တပည့်သား တိမောသေ၏ အဖွားနှင့် မိခင်တို့ဖြစ်ကြသည်။ ရှင်ပေါလုမှ တိမောသေသို့ပေးသော ဒုတိယပေးစာ၌ အောက်ပါ အတိုင်းဖေါ်ပြထားပါသည်။ 
 
“သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘော ကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိခြင်း” (၂ တိ၊ ၁:၅)။ 
 
၂။ မိသားစုနောက်ခံသမိုင်း။
ဥနိတ်သည် ဣသရေလယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဂရိလူမျိုးဖြင့်ထိမ်းမြားထားသူဖြစ်သည် (တမန်၊ ၁၆:၁)။ ထိုသို့ ဖြင့်သားဖြစ်သော တိမောသေ သည် ငယ်စဉ်ကတည်းကပင်လျင် ဣသရေလတို့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကို ခံယူထား သူမဟုတ်ခဲ့။ အရေဖျားလှီးခြင်းကို ဖခင်ဖြစ်သူမှ တာဝန်ယူလျက်ဆောင်ရွက်ပေးရသည်။ လက်ရှိတွင် ဖခင်ဖြစ်သူကလည်း ဂရိလူမျိုးဖြစ်နေသောကြောင့် ထိုသို့မပြုပေးခဲ့။ 
 
ထို့ကြောင့်ရှင်ပေါလုသည် တိမောသေအား သူ၏သားတပည့်အဖြစ်ခံယူမှု ပြုထားသည့်အတိုင်း သာသနာခရီးတွင် တိမောသေအား ခေါ်ဆောင် မသွားမှီ သူတစ်ပါးပြောစမှတ်မဖြစ်အောင် အရေဖျား လှီးခြင်းမင်္ဂလာကိုပေးခဲ့သည် (တမန်၊ ၁၆:၃)။
 
၃။ ရှင်ပေါလုနှင့် ဆက်နွယ်နေမှု။
လောဣသည် ဥနိတ်၏ မိခင် (သို့) ယောက်ခမဖြစ်သည်။ အကြောင်းမှဦ တိမောသေတို့သားအမိအား ကြည့်ရှုပြုစု ထားသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် ထိုခေတ်အခြေအနေရ သာမာန်မဟုတ်သော အိမ်ထောင့်တာဝန်ကို လောဣမှတာဝန် ယူထားခြင်းဖြစ်သောကြောင့် စဉ်းစားစရာများ ရှိလာသည်။
 
အချို့သောပညာရှင်များက တိမောသေငယ်စဉ်၌ ဖခင်ဖြစ်သူမှာဆုံးပါးသွားသောကြောင့် လောဣနှင့် တိမောသေ တို့သားအမိအတူနေခဲ့ကြသည်။ ထို့အတူရှင်ပေါလုကလည်း တိမောသေ၏ ဖခင်နေရာတွင်ခံယူပြီး “သခင်ဘုရား၌ သစ္စာရှိ သော ငါ၏ချစ်သားတိမောသေ” (၁ ကော၊ ၄:၁၇၊ ၁ တိ၊ ၁:၂၊ ၁၈) ဟူ၍အကြိမ်ကြိမ်သုံးနှုန်းထားပါသည်။ 
 
၄။ ယုံကြည်ခြင်း၌ စံပြုထိုက်သူများ။
တိမောသေ၏ ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ကောင်းကွက်များကို ၂ တိ၊ ၃:၁၄-၁၅ တွင်အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။ “သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို ငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့”။ 
 
ရှင်ပေါလုက “သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်” ဟူသောစကားကို ညွန်းဆိုရာတွင် မိခင်ဖြစ်သော ဥနိတ် နှင့် အဖွားဖြစ်သော လောဣကို ဆိုလိုခြင်းဖြစ်သည်။ အဖွားနှင့် မိခင်ဖြစ်သူက ရှင်ပေါလုကို ငယ်သောအရွယ်မှစပြီး နှုတ်က ပတ်တော်များကို စနစ်တကျသွန်သင်ပေးခဲ့သည်။ ရှင်ပေါလုအားဖြင့် တိမေသေနှင့်အတူ အဖွားနှင့် မိခင်ပါ ကယ်တင်ခြင်းနှင့် ပတ်သက်သောသင်ခန်းစာ၊ ကယ်တင်ရှင်အကြောင်းများကို စုံလင်စွာ သိရှိလာကြပါသည်။
 
၅။ လက်ဦးဆရာများ။
သားသမီးများအတွက် “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယမိနှင့်ဖ” ဟူသောစကားအတိုင်း အဖွားလောဣနှင့် မိခင်ဥနိတ်အားဖြင့် တိမောသေ သည် သမ္မာတရား၌ငြိမ်းချမ်းစွာရှင်သန်နေထိုင်ခွင့်ရရှိခဲ့သည်။ ယနေ့ခေတ်တွင်လည်း များစွာ သောသက်သေခံချက်များတွင် “အဖွားက (သို့) အမေက ဘုရားကျောင်းကိုခေါ်သွားပေးတယ်”၊ “အဖွားနှင့် အမေက ယေရှု အကြောင်းပြောပြပေးတယ်” အစရှိသောသက်သေခံချက်များကို ကျွန်ုပ်တို့အားလုံးလည်း ကြားဘူးကြပေလိမ့်မည်။ 
 
အမျိုးသမီးများကို အသိအမှတ်ပြုမှုနည်းပါးသောကာလမှာပင်လျင် ရှင်ပေါလုက ထိုအမျိုးသမီးနှစ်ဦး၏ဖြစ်တည် မှုကိုကောင်းစွာအသိအမှတ်ပြုခဲ့ ပြီး မှတ်တမ်းတင်ခဲ့ပါသည်။ တိမောသေအပေါ်တွင် သမ္မာတရားနှင့်အညီလမ်းပြခဲ့သော ထို အမျိုးသမီးနှစ်ဦးကို သာသနာပြုခရီးစဉ်၌တွေ့ရပြီး၊ ထိုသားအမိအားဖြင့် တိမောသေဟူသည့် သာသနာ့ခေါင်းဆောင်ကိုမွေး ထုတ်ပေးနိုင်ခဲ့သည် (ရောမ၊ ၁၆:၂၁)။ ထိုသို့ဖြင့် တိမောသေသည် ဧဖက် အသင်းတော်၌ သင်းအုပ်ဆရာကောင်းတစ်ဦးဖြစ် လာခဲ့သည် (၁ တိ၊ ၁:၃)။ 
 
လောဣနှင့် ဥနိတ်သည် ခရစ်ယာန်မိခင်နှင့် အမျိုးသမီးများအတွက်ကောင်းသောပုံသက်သေဖြစ်စေသည်သာမက “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယမိနှင့်ဖ” ဟူသောစကားအတိုင်း သားသမီးများအတွက် အရေးပါသောဆရာသမားများ၊ အလင်းအိမ်နှင့် လောကဆားများဖြစ်ကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ 
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ Who were Lois and Eunice in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages