ဒြုသိလေသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, December 10, 2021

ဒြုသိလေသည် မည်သူနည်း


၁။ သမိုင်းနောက်ခံ။

ဒြူသိလေသည် ဟေရုဒ်အဂြိပ္ပ ၁ ၏ သမီးသုံးဦးတွင် အငယ်ဆုံးသမီးဖြစ်ပြီး၊ လွန်စွာလှပ၍ ချောမောသူတစ်ဦး ဖြစ်သည်။ အဂြိပ္ပ ၁ နှင့် သူ့သား အဂြိပ္ပ ၂ တို့သည် ဣသရေလတိုင်းနိုင်ငံကို ပထမရာစု နှစ်တွင် အုပ်စိုးခဲ့ကြသူများဖြစ်သည်။  ဒြူသိလေသည် တမန်တော်ရှင်ပေါလု၏ ထောင်တွင်းအကျဉ်းချ ခံရချိန်တွင် အထိအတွေ့ရှိခဲ့သည်။ ထို့အတူ ခင်ပွန်းဖြစ်သူ ဖေလဇ်မင်းနှင့်အတူ ရှင်ပေါလုဟောပြောသော ဧဝံဂေလိတရားကို ကြားနာခဲ့ကြရသူများဖြစ်ပြီး၊ ထပ်မံ၍ကြားနာလိုသူ လည်း ဖြစ်သည် (တမန်၊ ၂၄:၂၄)။


၂။ မိသားစုနောက်ခံသမိုင်း။

ဒြူသိလေသည် တော်ဝင်မိသားစုမှဆင်းသက်လာသောသူဖြစ်သော်လည်း သာယာသောအိမ်ထောင် မိသားစုမှ ဆင်းသက်ခဲ့ရသူတော့မဟုတ်ပါ။ ဟေရုဒ်အဂြိပ္ပ ၁ သည် ဟေရုဒ်မင်းကြီး၏ မြေးဖြစ်ပြီး၊ သူ့အဖို့သည် ကယ်တင်ရှင်ဖွားမြင်လာမှု နှင့်ပတ်သက်ပြီး ၂ နှစ်အောက် ကလေးများကို သတ်ဖြတ်ခဲ့သူတစ်ဦး လည်းဖြစ်သည်။ ထိုအကြောင်းကို ရှင်မဿဲ၊ ၂:၁-၁၅ တွင် တွေ့ရပါသည်။  

ဒြူသိလေ၏ အစ်မ ဗေရနိတ်သည်လိင်မှုကိစ္စတွင် သမိုင်းထက်၌ ထင်ရှားခဲ့သူဖြစ်သည်။ အထူးသဖြင့် သွေးသား ရင်းခြာညီအစ်ကိုများဖြင့် အရှုပ်တော်ပုံရှိခဲ့သူဖြစ်သည်။ ထိုအကြောင်းအရာများကို တမန်၊ ၂၅ - ၂၆ တို့တွင်ဖတ်ရှုနိုင်ပါသည်။



၃။ ဒြူသိလေအိမ်ထောင်ရေး။

ဒြူသိလေသည် အသက် ၁၄ နှစ်တွင် အီမဇ္ဇာ (Emeza) ဘုရင် အဇ္ဇိယပ်စ် (Azizus) နှင့်လက်ဆက်ပေးခံခဲ့ရ ပါသည်။ သမိုင်းပညာရှင် ယောသပ်၏အဆိုအရ ထိုအိမ်ထောင်ရေးတွင် သာယာပျော်ရွှင်မှုမရှိသည့်နောက် ကုပရအားကစားသမား ရှိမုန်၏အကူအညီဖြင့် ဖေလဇ်နှင့်ထပ်မံထိမ်းမြားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဖေလဇ်သည် ယုဒပြည်ကိုအစိုရသော ရောမအာဏာရှိတစ်ဦးဖြစ်သည့်အားလျော်စွာ ဒြူသိလေအား သူ၏ တတိယ မြောက်ဇနီးအဖြစ်လက်ဆက်ခဲ့သည်။ ထိုအိမ်ထောင်ဖြင့် သားတစ်ဦးရခဲ့ပြီး ထိုသားအမည်မှာ အဂြိပ္ပဟူ၍ခေါ်တွင်ခဲ့ပြီး အေဒီ၊ ၇၉ တွင် Vesuvius မီးတောင်ပေါက်ကွဲမှုတွင်ဆုံးပါးသွားခဲ့သည်ဟူ၍ သိရပါသည်။

 

 

၄။ ခရစ်ယာန်သမိုင်းကြောင်းနှင့် ဒြူသိလေ။

            ဒြသိလေသည် ဣသရေလလူမျိုးဖြစ်ပြီး သူမမွေးဖွားမီကဖြစ်ခဲ့သည့်တိုင် သတေဖန်ကို ခဲနှင့်ထုသတ်ခဲ့ကြသည့် ကိစ္စနှင့် သူ့ဖခင်ကိုယ်တိုင် အမိန့်ပေးခဲ့သော ယာကုပ်ကိုကွက်မျက်မှုကိုလည်း သူသိနိုင်ပါသည် (တမန်၊ ၇:၅၈-၆၀)။ ထို့အတူ ခင်ပွန်းဖြစ်သူမှာခရစ်ယာန်တို့နှင့် အကျွမ်းတဝင်ရှိသူဖြစ်သည် (တမန်၊ ၂၄:၂၂)။

            ရှင်ပေါလုသည် ယေရုရှလင်မြို့၌ဖမ်းဆီးခံရပြီးနောက် ကဲသာဘုရင်ထံသို့အပ်နှံခြင်းခံရသည်။ ဖေလဇ်သည် ထိုအမှု သတင်းကိုကြားသိခဲ့သည်၊ အထူးသဖြင့်ရှင်ပေါလုသည် သူ့အမှုနှင့်ပတ်သက်ပြီး ဧဝံဂေလိတရားကြောင့်ဖြစ်ကြောင်းကို မှန် ကန်စွာထွက်ဆိုခဲ့သည်။ သို့သော်ဖေလဇ်သည် ထိုဧဝံဂေလိတရား ကို အသိအမှတ်ပြုရန်နှောင့်နှေးခဲ့သည်။

            ထိုသို့ဖြင့် ရက်အနည်းငယ်ကြာသောအခါ ဖေလဇ်နှင့် ဒြူသိလေတို့သည် အခြားသောသူများနှင့်အတူ ရှင်ပေါလု ထွက်ဆိုချက်ကြားနာရန်စီစဉ်ခဲ့ကြသည်။ ဒြူသိလေသည် ထိုအမှုအတွက်လုံးဝဆက်စပ် စရာ အကြောင်းမရှိသော်လည်း ထိုသို့ တက်ရောက်လာခြင်းက ရှင်ပေါလုပြောဆိုမည့်သတင်းစကားကို မည်မျှ စိတ်ဝင်စားနေကြောင်းကို အတိအလင်းဖေါ် ပြရာရောက်ပါသည်။

           

၅။ ရှင်ပေါလုစကားကို ကြားနာခြင်း။

            ဖေလဇ်နှင့် ဒြူသိလေရှေ့မှောက်တွင် ရှင်ပေါလုသက်သေထွက်ဆိုခဲ့သည်။ “ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက် လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦး မည်ဟုဆို၏” (တမန်၊ ၂၄:၂၄-၂၅)။

            ရှင်လုကာက ထိုအဖြစ်တွင် “ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍” ဟူသောစကားကို သေချာစွာဖြင့် မှတ်တမ်းတင်ခဲ့သည် (တမန်၊ ၂၄:၂၅)။  ဒြူသိလေမည်သို့ တုန့်ပြန်ခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့ အတွက် ကျမ်းစာက ဖေါ်ပြ မထားပါ။ အထူးသဖြင့်ရှင်ပေါလု၏ ဟောပြောမှုတို့သည် သူ့အသက်တာနှင့် အိမ်ထောင်ရေးအရှုပ်အထွေးနှင့် ဘုရားမကြိုက် သောစရိုက်လက္ခဏာများကို မီးမောင်းထိုးပြထား သောကြောင့် နှစ်သက်မှုရှိလိုမှရှိပေလိမ့်မည်။

 

၆။ ရဲရင့်စွာဟောပြောသောရှင်ပေါလု။

   ရှင်ပေါလုသည် သူ့ကိုဆန့်ကျင်၍စွဲထားသောအမှုများကို အရှိအတိုင်းရဲရင့်စွာဖြင့် ဧဝံဂေလိသတင်း တရားကြောင့် ဖြစ်ကြောင်းပြောဆိုပြီး ထွက်ဆိုဟောပြောခဲ့သည်။ ပရိတ်သတ်အား အချိုသတ်ခြင်း၊ ချော့ခြင်း များမပါ ပကတိအရှိအဖြစ် အတိုင်းဟောပြောခဲ့သည်။

            ဟောပြောမှုသည် သူ့အပိုင်းဖြစ်ပြီး အသီးအပွင့်အလုံးစုံတို့ကို ဘုရားလက်တော်၌သူအပ်နှံထားခဲ့သည်။ ရှင်ပေါလု အနေဖြင့်ကဲသာဘုရင်၊ ဒြူသိလေနှင့် အခြားသူများရှေ့တွင်ဟောပြောချိန်၌ ဒြူသိလေသည် ခရစ်ယာန်များနှင့်စပ်ဆိုင်ပြီး ထဲထဲဝင်ဝင်မရှိခဲ့သည့်တိုင် ရှင်ပေါလုဟောပြောသော သတင်းစကားကြောင့် တရားစကားကို လိုချင်တပ်မက်စွာဖြင့် ကြား နာမှုပြုခဲ့သည်။
            ဧဝံဂေလိသတင်းစကားသည် ကြားနာသူများ၏ နှလုံးသားကို ရဲစွမ်းသတ္တိဖြင့်ပြည့်ဝစေ၍ အစွမ်းတန်ခိုးနှင့်လည်း ပြည့်ဝစေပါသည်။ ထို့ကြောင့်လည်း ရှင်ပေါလုက “
ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလ သလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” (ရောမ၊ ၁:၁၆) ဆိုခဲ့ခြင်းဖြစ်သည်။

            ရှင်ပေါလု၏ ရဲရင့်စွာဟောပြောသော သတင်းစကားကြောင့် ဧဝံဂေလိသတင်းစကားသည် ဖေလဇ်နှင့် ဒြူသိလေ တို့အဖို့ကြားနာခွင့်ကို ရရှိစေခဲ့ပါသည်။

 

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

 

မှတ်ချက်။ ။ Who is Drusilla in the Bible? အားမြန်မာမူပြုပါသည်။


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages