လူတိုင်းဗီဇအပြစ်ကြောင့်ငရဲလား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, November 12, 2021

လူတိုင်းဗီဇအပြစ်ကြောင့်ငရဲလား

 
နိဒါန်း။
 
ဘုရားသခင်အပေါ်တွင်သံသယပွားတတ်ကြသူများက လူအပေါင်းတို့သည်အာဒံနှင့်ဧ၀တို့ထံမှ ဆက်ခံ လာသောဗီဇအပြစ်တည်းဟူသော မွေးရာပါ၊ လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် အပြစ်စီရင်ခြင်းကိုခံရသည်ဆို သောအရာကိုသံသယရှိနေတတ်ကြသည်။ ရှင်ပေါလုက ဗီဇအပြစ်ကို သူ၏ပေးစာများတွင် အတိ အလင်းဖေါ်ပြ လေ့ရှိပြီး၊ အထူးသဖြင့် ရောမသြ၀ါဒစာစောင်တွင်တွေ့ရသည်။
 
`တစ်ယောက်သောသူအားဖြင့်ဤလောကသည်အပြစ်တရားသို့ရောက်ကြရ၏´ဟုအတိအလင်းဆိုခဲ့သည်။ ထိုသို့သောအချင်းအရာကိုကြည့်ခြင်းအားဖြင့် လူတို့သည်အာဒံနှင့် ဧ၀တို့ထံမှ ဗီဇအပြစ်တရားကြောင့် အပါယ်ငရဲသို့စီရင်ခြင်းခံနေရကြောင်းကိုတွေ့မြင်ရသည်။ ထို့ကြောင့် ရှင်ပေါလု၏ဆိုလိုချက်များကို သမ္မာကျမ်း စာရှုထောင့်နှင့်အညီလေ့လာရန်အထူးလိုအပ်လှသည်။
 
ဗီဇအပြစ်ကဘာလဲ?
ဘုရားသခင်သည်အာဒံနှင့်ဧ၀အားဖန်ဆင်းပြီး အို၊ နာ၊ သေခြင်းတို့ ကင်းဝေးရာဖြစ်သည်သာမက မရှိ၊ မလှ၊ မ၀ဆိုသော အနိဌာရုံများကင်းဝေးရာ ဧဒင်ဥယျာဉ် ထဲတွင်ထားတော်မူခဲ့သည်၊ ထို့နောက် ဘုရားသခင်မှ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုကားမစားရဟု မိန့်တော်မူခဲ့သည်။`
 
ဥယျာဉ်အလယ်၌ရှိသောအပင် ၏အသီးကိုကား မကိုင်မစားဘဲနေကြလော့။ သို့မဟုတ်သေရမည်ဟုဘုရားသခင်မိန့်တော်မူ၏´(က၊ ၃း၃)။
 
ထိုသို့သောစကားများကိုကြည့်ခြင်းအားဖြင့် ဧ၀သည်ဘုရားသခင်မှ ထိုအပင်၏အသီးကိုမစားရသည်ကို ရှင်းလင်းသေချာစွာမိန့်တော်မူထားကြောင်းတွေ့ရသည်။ သို့သော်လည်း သူ့အနေဖြင့်ဘုရားစကားကို လိုတို၊ ပိုလျှော့ လုပ်ခဲ့လေသည်။ ထို့အတွက်ဘုရားမပြောသော `မကိုင်ရ´ဟူသောစကားကို မူရင်းဘုရားမိန့်တော်မူရာ တွင်မပါသောစကားများဖြင့်ပေါင်းထည့်ခဲ့သည်။ ထို့ကြောင့် ဗီဇအပြစ်ဆိုသည်မှာ မနာခံခြင်း၊ မယုံကြည်ခြင်း၊ စသည်တို့ဖြစ်ပြီး ဘုရားသခင်တစ်ဖက်တွင် သစ္စာပျက်ယွင်းစွာကိုးကွယ်ဆည်းကပ်ခြင်းတို့ဖြစ်သည်။
 
ရောမသြ၀ါဒစာအခန်းကြီးငါး
ရောမသြ၀ါဒစာ အခန်းကြီး ၅ တွင်ကြည့်ပါက အပြစ်ကြွေးအတွက် ကိုယ်စားယတြာပြုတော်မူခဲ့သော ခရစ်တော်ဘုရားကို အသက်သခင်ကယ်တင်ရှင် အနေနှင့်ကိုးစားယုံကြည်ခြင်းမှ ဘုရားသခင်ရှေ့တွင်ဖြောင့် မတ်ခြင်းကိုမည်သို့၊ မည်ပုံရရှိနိုင်ကြောင်း ဖေါ်ပြထားသည်။ ကျွန်ုပ်တို့သည် အပြစ်သားများ၊ ပုထုဇဉ်များဖြစ်ကြ သောမိဘနှစ်ပါးမှ ဆင်းသက်လာသောကျွန်ုပ်တို့သည် မျိုးရိုးအနွယ်ဗီဇအပြစ်အလိုက် အပြစ်သားများဖြစ်မှုကို အတိအလင်းရှင်းလင်းစွာ သမိုင်းကြောင်းကို တစ်နွယ်ငင်တစ်စင်ပါဆိုသည့်အတိုင်းရှင်းပြပေးထားသည်။အပြစ် တရားမျိုးနွယ်ကိုပြသထားပြီး၊ ကယ်ချွတ်ရှင် ခရစ်တော်ဘုရားယူလာ ပေးတော်မူသော ဖြောင့်မတ်ခြင်းတရား ကိုလည်းဖေါ်ပြထားသည်။ ထိုသို့ရှင်းလင်းစွာဖေါ်ပြထားသ်ညမှာ အာဒံနှင့် ဧ၀အားဖြင့် လူသားထုတစ်ရပ်လုံး သည် `ဘမျိုးဘိုးတူ´ဆိုသည့်အတိုင်း အပြစ်ဗီဇနှင့်လူသားများဖြစ်ကြောင်းကိုထင်ရှားစေခဲ့သည်။
 
`ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ ´(ရောမ၊ ၅း၁၂)။
 
ဗီဇအပြစ်တရားကြောင့် ကျွန်ုပ်တို့လူသားများသည် အပြစ်ဒုစရိုက်များကိုလုပ်တတ်ကြခြင်းဖြစ်ပြီး။ ကျွန်ုပ်တို့ သည်ဗီဇသွေးသား၊ အပြစ်တရားနှင့် မစုံလင်သော မိဘများမှ မွေးဖွားလာခြင်းဖြစ်သည့်အားလျှော်စွာ`မိဘခြေရာ´သို့ လိုက်ပါနေကြခြင်းဖြစ်သည်။အစဉ်အလာ မျိုးရိုးအလိုက် ကျွန်ုပ်တို့သည် `မမှားသောရှေ့နေ´ ဟူသောစကား၊ `လူမှန် ရင်အမှားမကင်းဘူး´၊ `ခြောက်ပစ်ကင်းသဲလဲစင်မှမရှိတာ´ဆိုသောစကားများအတိုင်း လူတိုင်းပေါ့ပေါ့ဆဆဖြင့် မိမိ အသက်တာနှင့် တစ်ပါးသူ၏အသသက်တာတွင်လည်း ထိုနည်းတူစွာသဘောထားဆက်ဆံ ပြုမူတတ်ကြသည်။သို့သော် လည်းမေတ္တာရှင်ဘုရားသခင်သည် မေတ္တာတော် ရှေ့ထားလျှက် စုံလင်ခြင်းမရှိသောလောကီသားများအတွက် အပါယ် တံခါးကိုပိတ်ပြီး၊ ထက်ရပ်နန်းအတွက်တံခါးကိုဖွင့်ပေးတော်မူခဲ့ပါသည်။ 
 
`အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူ အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ ´(၂ ကော၊ ၅း၂၁)။ ထိုသို့ခရစ်တော် ဘုရား အားဖြင့် လောကီ လူသားအပေါင်းတို့သည် ထာ၀ရအသက်ကိုအမွေခံစားခွင့်ရအံ့သောငှါ လမ်းဖွင့်ပေးထားတော်မူခဲ့ပါ သည်။
 
နိဂုံး။
ဘုရားသခင်သည်လူသားတို့အား မြင့်မြတ်သောအကြံအစည်တော်များနှင့်အတူ ပြည့်စုံစွာ၊ မပူ၊ မပင်၊ မကြောင့်၊ မကျအဖြစ် ဖန်ဆင်းခဲ့သော်လည်း လူသားတို့ သည် မိမိတို့၏ဆန္ဒအတိုင်းမကောင်းမှုတည်းဟူသော ဘုရားနှင့်ဝေးရာလမ်း ကိုရွေးချယ်လျှောက်လှမ်းခဲ့ကြသည်။ ထို့ကြောင့် ဗီဇအပြစ်တရားကို ဆက်လက် ဆင်ခြင်ရာတွင် ယခုဘ၀၊ နောင်ဘ၀နှစ်ရပ် လုံးအတွက် တရားခံသည် `ဘယ်သူမပြုမိမိမူ´သာဖြစ်သည်။ ယနေ့ကျွန်ုပ်တို့သည် `တစ်ဆူတည်းသောဘုရား´အား ဆည်းကပ်ကိုးကွယ်မည်လား၊ တစ်ဖက်တွင်ဆန့်ကျင်ခြင်းဖြင့်အသက်ရှင်မည်လားရွေးချယ်ခွင့်ကိုပေးသနားတော်မူထား သည်မဟုတ်ပါလား။
 
`အပြစ်သွေးဆောင်ခြင်း ကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာ သည်ဘုရား သခင်ကို မသွေးဆောင်နိုင်ရာ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေး ဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ ဒုစရိုက် ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။ ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိ သမျှ တို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ´(ယာ၊ ၁း၁၃-၁၆)။
 
ထို့ကြောင့် ရှင်ပေါလုပြောခဲ့သည့်နည်းတူ သင့်ဘ၀တွင်လည်း ခရစ်တော်ဘုရားက သင်မပြုနိုင်သော အပြစ် ကြွေးများအတွက် ပေးချေတော်မူခဲ့သည်ကို ယနေ့ပင်လက်ခံယုံကြည်လိုက်ပါ`ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင် ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသော စကားသည် သစ္စာစ ကားဖြစ်၏။ အကြွင်းမဲ့ခံ ယူအပ်သော စကား လည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည်အကြီးဆုံးဖြစ်၏။ ´(၁ တိ၊ ၁း၁၅)။
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်

 
မှတ်ချက်။ ။ Original Sin - Are We Condemned by the Sin of Adam and Eve? by Rich Deem အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages