ဝိညာဉ်တော်အား ဥပစ္ဈာယ်ဆရာဆိုခြင်းမှာမည်သို့နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

ဝိညာဉ်တော်အား ဥပစ္ဈာယ်ဆရာဆိုခြင်းမှာမည်သို့နည်း

၁။ ကတိတော်

ခရစ်တော်သည် တပည့်တော်များအား လောက၌ ထားရစ်ခဲ့တော့ မည့်အချိန်မတိုင်မီ ကြီးစွာသော ခွန်အားဖြစ်စေမည့် ကတိတော် စကားကို အောက်ပါအတိုင်းဆိုခဲ့ပါသည်။ ခမည်း တော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈာယ် ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ် တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့် အတူ တည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏” (ယော၊ ၁၄:၁၆-၁၇)။

 

၂။ မူရင်းဘာသာစကားကို လေ့လာခြင်း။

အထက်ပါ parakletos ဟူသော ဂရိဘာသာစကားကို အင်္ဂလိပ်လိုအားဖြင့် “နှစ်သိမ့်ပေးသူ” (သို့) “တိုင် ပင်ဆွေးနွေးလမ်းပြသူ” ဟူ၍ ယော ၁၄:၁၆၊ ၂၆၊ ၁၅:၂၆ နှင် ၁၆:၇ တို့တွင်တွေ့ရပါသည်။

ထိုစကားလုံးအတွက် မေးမြန်းစရာမရှိအောင် အားလုံးသိရှိထားသော အဓိပ္ပါယ်မှာ “one called to the side of another” =  “ဥပစ္ဈာယ်ဆရာ” အဖြစ်မြန်မာမူဖြင့် အနီးကပ်လမ်းပြလျက် ဖေးကူသူဖြစ် ကြောင်း အထူးပြောစရာမလိုအောင် ရှင်းလင်းလျက်ရှိပါသည်။ ထိုတိုင်ပင်ဖေါ် (သို့) လမ်းပြသူ (သို့) Paraclete သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်ပြီး၊ သုံးပါးတစ်ဆူတွင် တတိယပုဂ္ဂိုလည်းဖြစ်ပါသည်။ ထိုဝိညာဉ်တော်သည်ကား ယုံကြည်သူတိုင်းအသက်တာတွင် ကိန်းဝပ်လျက်ရှိနေတော်မူသော ဘုရားဖြစ်ပါသည်။


၃။ ခရစ်တော်သာသနာနှင့် ဝိညာဉ်တော်။

ခရစ်တော်ဘုရားလောကတွင် ကယ်တင်ခြင်းအမှုပြုနေစဉ်ခိုက်မှာပင် တပည့်တော်များအား သွန်သင်ပေးခြင်း၊ လမ်းပြခြင်း၊ ကွယ်ကာခြင်းများကိုပြုလျက်ရှိနေခဲ့သော်လည်း မကြာမမြင့်မှီ အချိန်တွင် ကောင်းကင်သို့ သိမ်းဆည်းခြင်းကို ခံယူရတော့မည် ဖြစ်ပါသည်။  ထို့ကြောင့် ခရစ်တော်ဘုရား ကိုယ် စားသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်စားပြုလမ်းပြသွန်သင်ရန် စေလွှတ်ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ခရစ်တော်ဘုရားက သန့်ရှင်းသောဝိညာဉ်တော်အား “အခြားသော ဥပစ္ဈာယ် ဆရာ” ဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သားတော်ဘုရားနှင့် သီးခြားသီးသန့်ကွာ ခြားမှုမရှိ၊ ဘုရားအဖြစ်တော်၌ အားလုံးတူညီသော အရှင် လည်းဖြစ်ပေသည်။

 

၄။ ကာလအပိုင်းအခြားနှင့် သန့်ရှင်းဝိညာဉ်တော်။

ဓမ္မဟောင်းကာလတင်ကြည့်လျင် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားလူများထံသို့ သက်ဆင်း လေ့ ရှိပြီး၊ ပြန်လည်ထွက်ခွါသွား သည်များလည်းရှိပါသည်။

ရှောလုမင်းထံမှ သန့်ရှင်းသောဝိညာဉ်တော်ပြန်လည်ထွက်ခွါသွားခဲ့သည် (၁ ရာ၊ ၁၆:၁၄၊ ၁၈:၁၂)၊ ဒါဝိဒ် မင်းကြီးသည် သူ့အပြစ်များကို ဝန်ချပြီး သန့်ရှင်းသောဝိညာဉ်တော်ကို အထံတော်မှ ရုပ်သိမ်း တော်မမူ ရန်တောင်းပန်ခဲ့သည် (ဆာ၊ ၅၁:၁၁)။

သို့သော်လည်း ထိုသန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ပင်တေကုတ္တေနေ့တွင် စေလွှတ်ပြီးနောက်၌ ယုံကြည်သူတို့၌ ကိန်းဝပ်ခြင်း သည်ကား ပြန်လည်စွန့်ခွါခြင်းမျိုးမရှိတောပါ။  ကျွန်ုပ်တို့၏ မနာခံမှု (သို့) အပြစ်တရားတို့ကြောင့် ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ဝမ်းနည်းကြေကွဲစရာ ဖြစ်စေ သည့်တိုင် ကျွန်ုပ်တို့အား စွန့်ပစ်မည်မဟုတ်တောပါ။ ခရစ်တော်ဘုရားက မ၊ ၂၈:၂၀ တွင် “ငါသည်လည်း ကပ်ကမ္ဘာ ကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်” ဟူ၍ မိန့်တော်မူခဲ့ပါသည်။

ထိုအရှင်သည် ကောင်းကင်သို့သိမ်းဆည်းခြင်းကို ခံယူတော်မူပြီးနောက် ခမည်းတော်လက်ျာဘက် ထိုင်လျက်ရှိစည် အဘယ်ကြောင့် အတူမပြတ် ရှိမည်ဟူ၍ဆိုခြင်းမှာမည်သို့နည်း။   ထိုယေရှုသည် သူ၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အသက်တာတွင် ကိန်းဝပ်လျက် အတူရှိ နေခြင်းဖြစ်ပါသည် (ဥပစ္ဈာယ်ဆရာ = Parakletos)

 

 

၅။ ဥပစ္ဈာယ်ဆရာ။

 သန့်ရှင်းသောဝိညာဉ်တော်အား ဥပစ္ဈာယ်ဆရာအဖြစ် လက်ခံခြင်းက ယုံကြည်သူ၏ အသက် တာတွင် ဘုရားသခင်ကိုယ်တော်တိုင် ကိန်းဝပ်တည်ရှိနေစေခြင်းပင်ဖြစ်ပါသည်။

ထိုအရှင်သည် ကျွန်ုပ်တို့အား လမ်းပြခြင်း၊ သွန်သင်ခြင်း၊ ကွယ်ကာခြင်းများပြုလျက် လောကဓံ များ အကြားမှ သမ္မာတရားနှင့် အညီပို့ဆောင်ပေးလျက်ရှိပါသည်။

လောကဓံတရားများအလယ်တွင် ထိုအရှင်၏လမ်းပြမှုကိုခံယူခြင်းဖြင့် ရင်ဆိုင်ကျော်လွှား၍ အောင်နိုင်မှုကိုရရှိနိုင်စေပြီး၊ ထိုအရှင် အားကိုးစားသမှုပြုကြရန်ဖြစ်သည်။ ထိုအရှင်သည် ကျွန်ုပ် တို့ အား…..

  • (၁) ငြိမ်သက်ခြင်းကိုပေးခြင်း (ယော၊ ၁၄:၂၇) 
  • (၂) မေတ္တာတော်ကိုပေးခြင်း (ယော၊ ၁၅:၉-၁၀)။
  • (၃) ဝမ်းမြောက်မှုကိုပေးခြင်း (ယော၊ ၁၅:၁၁)။

 

အစရှိသဖြင့် လောကဓံတရားများအလယ်တင် မတုန်မလှုပ်ဖြင့် ခရီးဆက်နိုင်ရန် အစွမ်းခွန်အား များကို ပေးသနားတော်မူပါသည်။ ထိုအရှင်အားဖြင့် လောကီဆန်စွာအသက်ရှင်ခြင်းအစား လောကုတ္တရာလမ်း တိုဖြောင့်ဖြူးစွာဖြင့် ဝိညာဉ်အသီးအပွင့်များစွာ သီးပွင့် စေရန်လမ်းပြတော်မူ ပါလိမ့်မည် (ဂလာ၊ ၅:၁၆၊ ၂၂-၂၃)။  

ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ်အသက်တာ၌ ဥပစ္ဈာယ်ဆရာအဖြစ်ကိန်းဝပ်တော်မူသော ထိုအရှင်ကို လက်ခံရရှိထားခြင်းသည်  အတိုင်း မသိသော ကောင်းကြီးမင်္ဂလာတရားများပင်ဖြစ်ပါသည်။ ထိုအရှင် သည် ကျွန်ုပ်တို့အား....

 

(၁) ခွန်အားပေးခြင်း။

(၂) နှစ်သိမ့်ခြင်း။

(၃) ဆွေးနွေးတိုင်ပင်ခြင်း....

စသည့်အမှုများကိုပြုပေးနေသော သန့်ရှင်းသောဝိညာဉ်တော်ဘုရားပင်ဖြစ်ပါသည်။



နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ ။ What does it mean that the Holy Spirit is our Paraclete? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages