ယေရှုခရစ်တော် စိတ်ဆိုးခြင်းရှိခဲ့ဘူးပါသလား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

ယေရှုခရစ်တော် စိတ်ဆိုးခြင်းရှိခဲ့ဘူးပါသလား

၁။ ခရစ်ဝင်ကျမ်းရှိ ဖေါ်ပြပါရှိမှု။

          ဘုရားဗိမာန်တော်တွင်းဝယ် မတရား စီးပွား ရှာလျက်ရှိနေသော ဘုရားလူကြီးများ (သို့) ဘာသာ ရေး ဗန်းပြသူများနှင့် စပ်ဆိုင်ပြီး ရှင်းလင်းမှု ပြုစဉ် ခရစ်တော်ဘုရား၏ စိတ်ဆိုးခြင်း အမှုအရာကို မြင်တွေ့နိုင်ပါသည် (မ၊ ၂၁:၁၂-၁၃၊ မာ၊ ၁၁:၁၅-၁၈၊ ယော၊ ၂:၁၃-၂၂)။

 

 

၃။ နှုတ်ကပတ်တော်က မည်သို့ဖေါ်ပြသနည်း။

ကျွန်ုပ်တို့အားလုံးထင်မှတ်ကြသည်က “အပြစ်ဖြစ်သည်”၊ “အတ္တဆန်သည်”၊ “ဒေါသ ပြစ်မှု” ဖြစ်သည်ဟူ၍ ကျွန်ုပ် တို့အားလုံးထင်မှတ်ထားကြပါသည်။ သို့သော်လည်း ခရစ်တော် ဘုရား၏ စိတ်ခံစားမှု ဆိုင်ရာ “စိတ်ဆိုးခြင်း” သည် အပြစ်နှင့် ကင်းရှင်းပြီး သာမန်ခံစားချက်၊ စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှုကိုသာ ညွန်းဆိုထားကြောင်းတွေ့ရပါသည်။

လူတိုင်း ထိုသို့သောခံစားချက်ဖြင့် မွေးဖွားလာကြပါသည်။ ထိုအကြောင်းအရာကို ဓမ္မသစ် တွင် "အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်"  (ဧဖက်၊ ၄:၂၆) ဟူ၍ဖေါ်ပြထားပါသည်။ ဆက်လက်ပြီး “အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်” (ဧဖက်၊ ၄:၂၇) အစရှိသောဖြစ် တည်မှု၏ ပကတိ အမျက်ဒေါသကို ဖွင့်ဆိုပြသထားပါသည်။

 

၄။ မည်သို့မိန့်ဆိုခြင်းလဲ။

            အထက်ပါ နှုတ်ကပတ်တော်ကိုကြည့်သောအခါ “စိတ်ဆိုးခြင်း” (သို့) “အမျက်ထွက်ခြင်း” စသော အရာကို မပြုရဟု မဆိုထားပါ။ ထို့အတူလျစ်လျှူရှုပါ၊ ပစ်ထားလိုက်ပါဟူ၍လည်းမဆိုထားပါပဲ “မှန်ကန်စွာ ကိုင်တွယ်မှု” ပြုရန်သာ မိန့်ဆိုထား ပါသည်။ ခရစ်တော်ဘုရား၏ အမျက်တော်နှင့်ပတ်သက်ပြီး အောက်ပါ အတိုင်း ဖေါ်ကျူးပြဆိုနိုင်ပါသည်။

 

(၁) မှန်ကန်သောစိတ်ရင်းဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

            တနည်းဆိုရလျင် ခရစ်တော်ဘုရား၏ စိတ်ခံစားမှုဆိုင်ရာ အမျက်၊ ဒေါသ (သို့) စိတ်ဆိုးမှု သည် မှန်ကန်သော အကြောင်းရင်းကိုတွေ့ရသည်။ မိမိတစ်ကိုယ်ရည်နှင့် မိမိလိုဘအတွက် အငြင်း အခုန်ဖြစ်ရာမှ ထွက်ပေါ်လာသော အမျက်၊ ဒေါသမဟုတ်ခဲ့။ ထို့ကြောင့် တစ်ကိုယ်ကောင်း ဆန်သည် ဟူသော အတ္တသဘော ကိုလုံးဝမတွေ့ရပါ။

 

(၂) မှန်သောရည်ရွယ်ချက်ဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

    ခရစ်တော်ဘုရား၏ စိတ်ဆိုးခြင်းအမှုသည် ဘုရားသခင်အပေါ်မဟုတ်သကဲ့သို့၊ အခြားသူ၏ အားနည်း ချက်ကို လည်းဦးတည်ခဲ့သည်မဟုတ်။ မတရားသောဘာသာရေးအလွဲသုံးစားမှုနှင့် မတရားသော ဆောင်ရွက်မှု တို့ကိုသာလျင် ဦးတည် လျက်ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

(၃) မှန်ကန်သောအဖြေဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

            ခရစ်တော်ဘုရား၏ အမျက်တော်နှင့်ပတ်သက်ပြီးကြည့်လျင် ဘာသာရေးဆရာတို့၏ ယုံကြည်ခြင်း အားနည်းမှု၊ ယုံကြည်ခြင်းဖေါက်ပြန်မှုဟူသော မိစ္ဆာဒိဌိ (သို့) ဝီစိကစ္ဆာဖြစ်မှု အပေါ်တွင်ဖြစ်နေပါသည်။ “ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏” (မာ၊ ၃:၅)။

            ထို့ကြောင့် ဝိညာဉ်ရေး (သို့) သမ္မာဒိဌိအရေးသာဖြစ်၍ မနာလိုမုန်းတီးမှုနှင့် မကောင်းသော စိတ်ထားတို့ မပါရှိပါ။

(၄) မှန်ကန်သော ထိန်းချုပ်မှုဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

            ခရစ်တော်သည် အမျက်ဒေါသ (သို့) စိတ်ဆိုးမှုကိုလက်လွတ်စပယ်အဖြစ်မရှိခဲ့ပါ။ တနည်း အားဖြင့် အမျက်ဒေါသ (သို့) စိတ်ဆိုးမှု၏ဝါးမြိုခြင်းကို (သို့) ချုပ်ကိုင်မှုကိုခံခဲ့ရခြင်းမရှိပါ။ ဗိမာန် တော်ရှိသူတို့သည် ခရစ်တော်ဘုရားမှ မည်သည့် မကောင်းမှု၊ အပြစ်တရားကိုမျှမပြုခဲ့သော်လည်း ထိုသို့သန့်ရှင်းမှုကိုပြုသောအခါ နှစ်သက်ကြခြင်းမရှိခဲ့ကြ (လု၊ ၁၉:၄၇)။ ထို့ကြောင့် ကျွန်ုပ်တို့ ဖြစ်စဉ်၏ စိတ်ဆိုး (သို့) ဒေါသနှင့်ခရစ်တော်ဘုရား၏ ဖြစ်စဉ်တို့လုံးဝမတူညီကြပါ။


(၅) မှန်ကန်သော အချိန်ဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

            ခရစ်တော်ဘုရားသည် ထိုစိတ်ခံစားချက်ကို ခါးသည်းခြင်း (သို့) အပြစ်တရားသို့ ရောက် ခွင့် မပြုခဲ့ပါ။ ဘုရားတရား ဆိုင်ရာမှားယွင်းနေမှုများကို တည့်မတ်ပေးတော်မူပြီးနောက် စိတ်ဆိုးမှု ပြဆိုခြင်းတို့မှာလည်း ချုပ်ငြိမ်းပြီးပြတ်ခဲ့ပါသည်။

 

(၆) မှန်ကန်သောအကျိုးဆက်ဖြင့် စိတ်ဆိုးမှုကိုပြဆိုခြင်း။

            ခရစ်တော်ဘုရား၏ ဖြစ်စဉ်အဆုံးသတ်သည် လုံးဝငြင်းပယ်၍ မရနိုင်သော မှန်ကန်သော လမ်းစဉ်၊ သမ္မာဒိဌိ၊ စနစ် ကျစွာဖြင့် အကျိုးကျေးဇူးများစွာဖြစ်ပေါ်လာခဲ့ပါသည်။ ခရစ်တော် ဘုရား၏ အမျက်ဒေါသ (သို့) စိတ်ဆိုးမှုသည် နှုတ်ကပတ် တရားတော်နှင့်အညီဖြစ်သည်သာမက ဘုရားသခင့်ဘုန်းတော်နှင့် အဆုံးတိုင် ခဲ့ပါသည်။


၅။ ချိန်ဆသုံးသပ်ခြင်း။

            ကျွန်ုပ်တို့အမျက်ဒေါသ၊ စိတ်ဆိုးမှုတို့သည် မှန်ကန်သောလမ်းစဉ်၊ မှန်ကန်သောစိတ်ထား၊ မှန်ကန်သော အချိန် ကာလ၊ မှန်ကန်သောလုပ်ဆောင်ချက်တို့ဖြင့် အဆုံးသတ်လေ့မရှိကြပါ။ ထို့ကြောင့်လည်း များစွာသော ဝမ်းနည်းဖွယ်ရာများ ဖြင့်အဆုံးသတ်ရခြင်း၊ ဆုံးရှုံးကြရခြင်း၊ နောင်တဖြင့်သာလမ်းဆုံးကြရခြင်းတို့ရှိကြ ရသည်။

            အကြောင်းမှာ သာမန်ပုထုဇဉ်လူသားတို့၏ အမျက်ဒေါသနှင့် စိတ်ခံစားချက်တို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်က “သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြား ခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်” (ယာ၊ ၁:၁၉-၂၀) ဟူ၍လည်းဆိုထားရခြင်းဖြစ်သည်။

            ထို့ကြောင့် ခရစ်တော်ဘုရား၏ စိတ်ဆိုးမှုမှာ ကျွန်ုပ်တို့ လူသားတို့တွင်ဖြစ်လေ့ရှိသော စိတ်ဆိုးခြင်း (သို့) ဒေါသမျိုး မဟုတ်မူပဲ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော (သို့) တရားဖြင့်သာ ယှဉ်သောမှန်သောလုပ်ဆောင်မှုကို မြင်တွေ့ကြရပါမည်။

 

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 


မှတ်ချက်။ ။ Was Jesus ever angry? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages