ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၂ ) - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, December 30, 2020

ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၂ )

ရတနာစစ်ကိုတွေ့ရှိခြင်း။

          ခရစ်တော်ကို သင်မည်မျှယုံကြည်သည်ကို တစ်ခါမှမစဉ်းစားမိခြင်းမျိုး လည်းဖြစ်ကောင်းဖြစ် တတ်ပါသည်။ ရှာဖွေနိုင်သလောက် သင်သည် ပျော်ရွင်မှု၊ ငြိမ်းချမ်းမှုနှင့်လုံခြုံမှုတို့ကိုရနိုင်သည်။ သို့သော်အမှန် တကယ် စိတ်ကျေနပ်မှုကို ဖြည့်ဆည်းပေးနိုင်မည့် အရာကို သင့်စိတ်၌ဆာလောင်နေဆဲဖြစ်နေပါလိမ့်မည်။ ထို့အပြင် မျော်လင့်မှုများစွာထက်ပိုသော အရာများ ဘဝတွင်တွေ့ရသော်လည်း မသိနိုင်၊ မစဉ်းစားနိုင်သော အရာများလည်းရှိနေတတ်ပါသည်။  
                             
၄င်းမှာ အသင်းတော်များတွင် သင်တွေ့ရလေ ့ရှိသော တစ်လမ်းမောင်း ခရစ်ယာန်အချို့နှင့်အလွန် တူသယောင်ရှိသည်။သို့သော် ထိုသို့ ကျောင်းတွင် ဖြစ်စေ၊ ဘုရားကျောင်းတွင်ဖြစ်စေ လုံးဝမတူအောင်ပြုမူနေ ပါက အကယ်၍ ထိုကဲ့သို့ပြုမူနေထိုင်ခြင်းက ခရစ်ယာန်အသက်တာဖြစ်လျှင် ကျွန်တော်လည်း ထိုသို့ပင် လုပ်ဆောင်ဖို့ရန်ဆန္ဒရှိမလားဆိုသည်ကိုပင် မသိနိုင်ဟု သင်၌ ထို အတွေးမျိုးရှိကောင်းရှိပါလိမ့်မည် ဟူသော စကားမျိုးပြောရန် အသက်မပါဘဲ၊ ငြီးငွေ့စွာဖြင့် အသင်းတော်၏အမှုတော်မြတ်၌အဆုံးထိ သင်အချိန်ပေးလျှက် လုံလောက်စွာပါဝင်ပြီး ဖြစ်နေလောက်သည်။


          ဖြစ်နိုင်ချေရှိက သင်သည်ခရစ်ယာန်ကိုသရော်သော မီဒီယာများနှင့် ရုပ်ရှင်ဇာတ်လမ်းများ ကို လုံလောက်စွာကြည့်မိပြီးနောက် သူတို့သရုပ်ဆောင် သကဲ့သို့ ယုံကြည်ခြင်းဖြစ်တည်နေက ထိုသို့သော ခရစ်ယာန်အသက်တာမျိုး မဖြစ်ချင်ပါဟု သင်အလွယ်တကူတွေးတောဆုံးဖြတ်နိုင်သည်။ သင့်ကို အပြစ် တင်ရှုတ်ချတတ်ပြီး တစ်ကိုယ်ကောင်းဆန်သော ခရစ်ယာန်မျိုးနှင့် ကြုံတွေ့ဖူး ခြင်းမျိုးလည်းဖြစ်နိုင်သည်။ ထို့အပြင်သင့်စိတ်ကိုအောက်ဆုံးထိ ရောက်အောင် သင့်အပြစ်နှင့်အမှားများကိုဖော်ပြလျှက် ရိုက်ချိုးပစ်ခြင်း မျိုးနှင့် သင့်စိတ်ထဲ၌ အကယ်၍ခရစ်ယာန်များသည် ထိုသို့ဖြစ်ပါကခရစ်ယာန်မဖြစ်ချင်တော့ဘူး ဟူသော အတွေး မျိုးဝင်ရောက်လာခြင်းမျိုးလည်းရှိနိုင်ပါသည်။


          အကယ်၍၄င်းမှာ တစ်ခုမှအစစ်အမှန် မဟုတ်ဘူးဆိုက မည်သို့ထင်ပါ သနည်း။ အကယ်၍ ထိုအရာများသည် မူလအစစ်အမှန်ဆီသို့ ရောက်ရန် အနည်းငယ်မျှပင်ဖြစ်နိုင်ချေမရှိ ခပ်ပေါပေါအတုအယောင် တစ်ခုသာဖြစ်လျင် သင်မည်သို့လုပ်မည်နည်း။ အကယ်၍ ယေရှုပြောသော အစစ်အမှန်သည် အမှန် တကယ်ဖြစ်ပြီး ထိုထက်မက သာ၍ကောင်းသောအရာဖြစ်လျှင် မည်သို့ ပြုမည်နည်း။


          ယေရှုက "သင်နှင့်စကားပြောနေသော ငါသည်မေရှိယပင်ဖြစ်သည်" ဟုဆိုခဲ့သည်။


          အမျိုးသမီးသည် ရေအိုးကိုချပြီး ဘဝတွင် မေတ္တာမှန်ဖြင့် ချစ်သော သူကိုတွေ့ရသဖြင့် ဝမ်းသာ အားရဖြစ်၍ မြို့ထဲပြေးဝင်သွားပြီး အကျွန်ုပ်ပြုဘူး သမျှသောအမှုအရာတို့ကို ထုတ်ဘော်သော သူကိုလာ၍ ကြည့်ပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု အော်ဟစ်လျက်ပြေးဝင်သွားသည်။ ရွာထဲ၌နေ သောသူ များစွာတို့သည် အားလုံးရှောင်ကြဉ်ထားသော ထိုအမျိုးသမီးကြောင့် စစ်မှန်သောရတနာကို မထင်မှတ်ဘဲ တွေ့ရှိကာ ကိုယ်တော်ကို ယုံကြည်သူများ ဖြစ်လာခဲ့ကြသည်။



စိတ်အားထက်သန်သောရှာဖွေမှု

 
          စစ်မှန်သော ဘုရားရတနာစစ်ကို သိမြင်ကြုံတွေ့ရန်အရေး စိတ်ပျက် အားလျော့မှုကိုကြုံဘူးပါသည်။ သင်လည်းကြုံဘူးပါလိမ့်မည်။ ကျွန်တော် ယုံကြည်သည် သင့်ဝန်းကျင်၌ သေနေသောဘာသာရေး (သို့)  ကြောင်သူတော် များသာရှိနေမည်ဆိုက သင့်ကိုအော့နှလုံးနာစေပါလိမ့်မည်။ ခန်မှန်းကြည့်ရ မည်ဆိုလျှင် သင်သည်လည်း ထိုရတနာစစ်ကို မြည်းစမ်းကြည့်ရန် ဆာလောင် နေလိမ့်မည်ဟုထင်ပါသည်။


          ကျွန်တော့စိတ်တွင် ဆာလောင်နေခဲ့သည်။ တကယ်ဘဲ ကိုယ်တော်၏ မျက်ဝန်းကိုစိုက်ကြည့်ပြီး ထိုသခင်၏ အကြောင်းအရာအားလုံးကို သိချင်မြင် ချင်မိပါသည်။ ထိုဇာတ်လမ်းထဲသို့ဝင်သွားကြည့်ပြီးထို အမျိုးသမီးကဲ့သို့ယေရှုနှင့် ကြုံကြိုက်ချင်သည်။ ကိုယ်တော်နှင့် မျက်နှာချင်းဆိုင်ပြီး ကျွန်ုပ်၏ အပြစ်များ၊ နာကြင်မှုများနှင့် ရှက်ကြောက်မှုများကိုဖော်ပြပြီး ရင်ဆိုင်ချင်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ကိုယ်တော်၌ခွင့်လွှတ်ခြင်း၊ ကျန်းမာစေခြင်းနှင့် လွှတ်မြောက် ခြင်းကိုပေးပိုင်သည်သာမက၊ အနန္တတန်ခိုးတော်အရှင်ဖြစ်သောကြောင့်ပင်။ ကိုယ်တော်နှင့် မဖြစ်မနေတွေ့ဆုံရပါမည်။ ကျွန်တော်လည်း ကိုယ်တော်ကိုရှာကို ရှာရမည့်အကြောင်းမှာ ကျွန်ုပ်ရှာနေသောအဖြေများစွာမှာ ကိုယ်တော်၌သာ ရှိနေသည်ကို သိသောကြောင့်ဖြစ်သည်။


          သို့သော်ထိုအရာများ၏ နောက်ကွယ်တွင်ကျွန်တော်သည် အတု အယောင်တစ်ဦး၊ ခပ်ပေါပေါ လိုက်လံတုပသူတစ်ဦးအဖြစ်နေရခြင်းအပေါ် ပင်ပန်းနေပါပြီ။ အမှန်တကယ် ရတနာအစစ်ကိုသာ ဖူးတွေ့ချင်သည်။ သို့သော် ကိုယ်တိုင် အစစ်မှန်လည်းဖြစ်ချင်လှသည်။ ထိုအမျိုးသမီးလိုဘဲ ကိုယ်တိုင် တွေ့ကြုံပြီး သေချာပြောဆိုလျှက် ကိုယ်တိုင် စစ်မှန်သောဘုရားရတနာကို တွေ့ခဲ့ သည်ဟုပြောကြည့်ချင်သည်။


          ကျွန်တော်သည် ထိုစစ်မှန်သောအရာကိုလိုက်လံရှာဖွေနေပါသည် သင်ကောအဘယ်သို့နည်း။

​ဆက်လက်ဖော်ပြပါမည်...


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်​


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages