ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၁ ) - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, December 30, 2020

ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၁ )

လူတိုင်း ဆာငတ်မှုကို ခံစားဘူးကြပေမည်... 

ဆာလောင်နေသည်၊ ဝါဂွမ်းမှာရေဆွတ်ထားသည့်ရေအနည်းငယ် လောက်ဆာလောင်နေသလိုမျိုး၊ သေလောက်မတတ် ရေဆာသလိုဆာလောင် နေတာမဟုတ်ဘူး။    


          စိတ်ဝိညာဉ်၏ဆာလောင်မူအကြောင်းကိုပြောနေတာ။
     ပေါက်ကွဲလုမတတ်အတွင်းမှ လှိုက်လှဲစွာ ဖြစ်ပေါ်နေတဲ့အသံ။

          လောလောဆယ်တွေ့ ကြုံနေတာထက်ပိုဆိုးလာစရာဘဲရှိတယ်။ ဒါတွေ ပြီးသွားရင်တစ်ခုခု ကျန်ဖြစ်အောင်ကျန်နေခဲ့ပါဦးမည်။ ဒါတွေက ကျွန်တော့် စိတ်ထဲမှာ ချန်ထားရစ်ခဲ့မှာ မဟုတ်ဘူး။

          အထီးကျန်မှုကို ဖြည့်ဆည်းပေးနိုင်တဲ့ တစ်စုံတစ်ရာ...
          တနင်္လာနေ့မနက်တိုင်းကို အဓိပ္ပါယ်ရှိစေနိုင်မည့် တစ်စုံတစ်ရာ...
          အိပ်ရာကနိုးထစေဖို ့အကြောင်းပြချက်တစ်စုံတစ်ရာ...
          စိတ်ပျက်၊ ကြောက်ရွံမှုတွေကို ကုစားပေးနိုင်တဲ့ တစ်စုံတစ်ရာ...
          လံအသုံးမကျဘူးဆိုတဲ့ အသိမှ ကယ်တင်ပေးမဲ့တစ်စုံတစ်ရာ...
          စစ်မှန်တဲ့မျော်လင့်ချက်တွေ ကမ်းလင့်လာမယ့် တစ်စုံတစ်ရာ...
          ဘဝခရီးအတွက် နည်းပေးလမ်းပြမှုနှင့်အတူ အဖြေများပါပေးနိုင်မဲ့ တစ်စုံတစ်ရာ...
          ဘဝအဆင်ပြေစွာရှိနေတဲ့အချိန်မှာပင်ထပ်ပြီး အုတ်မြစ်ချနိုင်ဖို့ ထောက်မပေးမယ့်တစ်စုံတစ်ရာ...
          ဆာငတ်ခင်မွတ်မှုတွေကို ပြေပျောက်စေမဲ့တစ်စုံတစ်ရာ....
          လူမှောင်ခိုကူးမှုတွေကိုရပ်တန့်သွားစေမဲ့ တစ်စုံတစ်ရာ...
          သန့်ရှင်းတဲ့ရေကို မသောက်နိုင်သေးတဲ့ လူသန်းပေါင်းများစွာအတွက်၊ ရောဂါဝေဒနာတွေကို ကုသကင်းပျောက်စေမဲ့ တစ်စုံတစ်ရာ....


          မျော်လင့်ခြင်း၊ တရားမျှတမှုတွေရဲ့မူလအစ၊ မတရားဖိနှိပ်ခံတွေနှင့် အကျိုးကိုသယ်ဆောင်ပေးမယ့် တစ်စုံတစ်ရာ...


          ကမ္ဘာကြီးကိုပြောင်းလဲစေနိုင်မယ့် တစ်စုံတစ်ရာ...
          တစ်စုံတစ်ရာ၊ တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုဘဲဖြစ်ဖြစ်....
          ထိုသို့သောအရာ၊ ပုဂ္ဂိုလ်ကော အမှန်လောကမှာ ရှိနေရဲ့လား.....
          ငယ်စဉ်မှ ဘိုးဘွားတွေရဲ့ အိမ်ကို နွေရာသီရောက်တိုင်း တစ်ပတ်၊ နှစ်ပတ် အမြဲသွားလည်လေ့ရှိသည်။ မှတ်မှတ်ရရ ထိုသို့ပူလောင် သောကတွေနှင့် လောင်မြိုင်နေတဲ့ အချိန်မှာ အဘိုးရဲ့ပစ္စည်းတွေကို ကူသယ်ပေး ခဲ့စဉ် အချိန်တွေဘဲဖြစ်တယ်။ အလုပ်ပြီးသည့်အခါတိုင်း နောက်ဖေး တွင် အတူထိုင်ပြီး အေးစက်နေသော ကိုကာကိုလာဖျော်ရည်ကိုသောက်ကြသည် ထိုသို့ အတူတကွ သောက်ကြခြင်းက ကျွန်တော်အနှစ်သက်ဆုံး အရာတစ်ခုလည်းဖြစ်သည်။ အကြောင်းရင်းက  ကိုကာ ကိုလာဖျော်ရည်က ဈေးကွက် တွေကိုအမှန်တကယ် သေသေချာချာကြော်ငြာထားလို့ပါဘဲ။

ထိုအဖြစ်အပျက်က တကယ့်အစစ် အမှန်တစ်ခုကို ဘယ်လောက်လိုအပ် သလဲ ဆိုတာကို အမှတ်ရစေပြီး မှတ်သားဖွယ် တစ်ခုပင်။

စစ်မှန်မှုတစ်ခုက ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေနှင့် ထာဝရဘဝတွေကို ဆက်နွယ်ပေါင်းကူးပေးပါတယ်။


အမျိုးသမီးတစ်ဦးနှင့် ပုဂ္ဂိုလ်တစ်ပါး

          ကျွန်ုပ်တို့ သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ အများစုမှာအစစ် အမှန်ကိုသာဆာလောင် နေကြသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်ကျရှုံးမှုများကိုပင် မမှတ်မိစေကာမူ ဘဝဆိုသည်မှာဘယ်သော အခါမှပြ ည့်စုံမည် မဟုတ်သည်ကို လုံးဝလက်ခံရပေမည်။ ထိုစိတ်ပျက်ဖွယ်များကြားတွင် မောပန်းကြီးစွာ ရုန်းကန် ရှင်သန်နေရကြသည်။ ကျွန်ုပ်တို့သည် အမြဲတမ်းမကူညီနိုင်မည့်သူ၊ မှီခိုစရာ များကိုသာ ရှာဖွေနေကြသည် (သို့) ကျွန်ုပ်တို့ကိုဘယ်သောအခါမှ မှန်ကန်စွာ အထောက်အကူပြုနိုင်မည်မဟုတ်သော အရာများကို၊ ပြုလာလိမ့်မည်ဟုမျော် လင့်နေကြသည်။ ထိုဖြစ်စဉ်မှာ မြို့လယ် အများသုံးရေတွင်း၌ ရေခပ် ဆင်းလာ သော အမျိုးသမီးတစ်ဦးနှင့် တူနေပါသည်။ အမျိုးသမီးအများစုမှာ ညနေ နေဝင်ချိန်၊ လေအေး တိုက်ကာ အပူချိန်ကျသွားသည့်အခါမှသာရေခပ်ရန် သွားကြသည်။

          မိသားစုအတွက် ရေဖြည့်ရန် စကားစမြည်ပြောရင်း ရေခပ်သွားလေ့ ရှိကြသည်။ သို့သော် ထိုအမျိုး သမီးမှာ ၄င်းတို့နှင့်မတူ။ အပူဆုံးအချိန်မှာပင် ရေလာခပ်လေ့ရှိသည်။အဘယ့်ကြောင့်နည်း။ မည်သူကိုမှ စကား မပြောလို၍ လူများကို ရှောင်နေခြင်းဖြစ်သည်။ထို့အပြင် သူ့အကြောင်းလူတိုင်း ပြောနေကြ သည်ကို လည်း သိသည်။ အခြားသူတို့၏ အထင်အမြင်သေးသောအကြည့်များ၊ တီးတိုးကဲ့ရဲ့မှုများနှင့် ထိုသို ့ပြောဆိုနေမှုများကို နောက်ထပ် ရင်မဆိုင်ရဲတော့မှန်း မိမိကိုယ်ကိုမိမိလည်းသိနေခဲ့သည်။

          ရေကန်သို့လာစဉ် ရေတွင်း၏ ကန်ဘောင်တွင် လူတစ်ယောက် ထိုင်နေသည်ကိုတွေ့ရှိရသည်။ ထိုသူမှာ တခါတရံမှသာ ခရီးသွားဖူးဟန်ရှိပြီး မောပန်းနေပုံပေါ်သည်။ တစ်စိမ်းတစ်ရံဖြစ်သော်လည်း အနားသို့ ရောက်သော အခါ ဂျုးလူမျိုးတစ်ယောက်မှန်းသိလိုက်သည်။ ဂျုးအမျိုးသားများသည် ရှာမာရိများကို စကား ပြောလေ့မရှိသောကြောင့် သူအတွက်ပြသာနာမရှိဟု ထင်ခဲ့သေး၏။သို့သော် ရေကန်သို့ရောက်၍ ရေစဖြည့်သည့်အချိန်တွင် စတင်စကားပြောလာပြီး သူ့ကိုရေတိုက်ရန်ကိုတောင်းဆိုလေသည်။                              

အံ့အားသင့်သွားပြီး ဘာကြောင့်သူ့ကိုစကားပြောသနည်း၊ အဘယ့် ကြောင့် သောက်စရာရေတောင်းရ သနည်းဟုမေးခဲ့သည့်တိုင် မေးခွန်းကို မဖြေဘဲ "ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်လိမ့်မည်။ ငါပေးသောရေသည်ထိုသူအတွက် အသက်စမ်းရေ တွင်းဖြစ်လိမ့်မည်"ဟု ဆက်ပြီးပြောပြန်သည်။

          ထိုစကားက လွန်စွာစိတ်ဝင်စားစရာကောင်းလှသည်။ ရှမာရိ အမျိုး သမီးတစ်ယောက်ကို ဂျုးအမျိုးသား တစ်ဦးက ပထမဆုံးသောစကားပြောခြင်း ဖြစ်ပြီး ထိုမျှမက  ထာဝရအသက်စမ်းရေကိုပင် ပေးနေခြင်းဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ဆီကမှထိုသို့ သောစကားမျိုးယခင်က မကြားခဲ့ဘူးပေ။

          "ယေရှုက ဤရေကိုသောက်သောသူနောက်တဖန်ရေငတ်ဦးမည်။ငါ ပေးသောရေ ကိုသောက်သော သူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်" ဟုပြန်ပြီး မိန့်ဆိုခဲ့သည်။

နာကျင်မှု၊ ရှက်ကြောက်မှုနှင့် စိတ်ပျက်ခြင်းများ

          ယခုအခါယေရှုထံမှ  စိတ်ဝင်စားစရာတစ်ခုကို ကြားသိရသည်(ထို အရာကိုပေးဖို့ရန် အမှန်တကယ် ကောဖြစ်နိုင်ပါ့မလား)။ အမျိုးသမီး၏ သိချင် စိတ်များမှာ မျိုသိပ်မထားနိုင်ခဲ့ပါ။ "အဘယ့်ကြောင့် ကိုယ်တော် က သူမကို ထိုရေကိုရစေပါသနည်း"ဟုမေးသည်။ ပေးနိုင်ပါသည်ဟုပြောသူအား ထိုလက် ဆောင်ရရှိရန် ရဲဝံ့စွာ တောင်းလျောက်ခဲ့သည်။သို့သော်ယေရှု၏ ပြန်ဖြေသော စကားမှာ အမျိုးသမီးစိတ်ထဲတွင် ရှိသော အရာ မဟုတ်ခဲ့။ ကတိပေးသော သက်စမ်းရေမှာမည်သို့သောရေဖြစ်စေကာမူနေ့တိုင်း ရေခပ်စဉ် ကြုံတွေ့ရသော ဒုက္ခမှ ကင်းဝေးရလျင်ပင် ရရှိဖို့ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် တစ်ခုခု ပေးရမည့် အစား သူ့ယောင်္ကျားကို သွားပြီး ခေါ်ရန်သာပြောခဲ့သည်။

          တုန်လှုပ်စွာ ခင်ပွန်းမရှိပါဟုဖြေခဲ့စဉ် ယေရှုကသင့်မှာခင်ပွန်း မရှိ ဟူသောစကားသည်မှန်၏။ အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီး ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သောစကားကိုပြောပြီဟုဖြေသည်။ ထိတ်လန့်သွားသောကြောင့် စကားများ ဆွံအသွားခဲ့သည်။ စိတ်ထဲမှာလိပ်ခဲတည်းလည်းဖြစ်သွားသည်။အနီးအနား တစ်ဝိုက်မှာ ဘယ်တုန်းကမှ မတွေ့ဘူးပေမယ့် သူ့အကြောင်းတွေ အကုန်သိနေ တာဘဲ။

          ယေရှုသည် သူမဘဝ၏ကျရှုံးမှု တစ်ခုပြီးတစ်ခု၊ စိတ်ပျက်အားငယ် စရာတစ်ခုပြီးတစ်ခု၊ အပယ်ခံပြီးရင်း အပယ်ခံဖြစ်ရသည့် ကနဦးအကြောင်း အရာကိုအစဖော်ခဲ့သည်။ သူ့အဖြစ်က မည်သည့်ရေတွင်းမဆို သွားရောက်၍ အခြားသောသူများကဲ့သို့ ချစ်ခြင်းမေတ္တာကိုရှာဖွေရင်း နေထိုင်ဖို့ ပြသနာကို ထိပ်တိုက်ရင်ဆိုင် လိုသည်။ ယေရှုက သူ့နာကြည်းမှုများကို ဖော်ပြလိုက်သည်။ သို့သော်သူ့အပြစ်များကိုဒေါသဖြင့် မစီရင်ဘဲ လက်တော် အားဖြင့်ရှက်ရွှံ့ခြင်းကို ဖုံးအုပ်ပေးခဲ့သည်။ ငါကမင်းတို့ရဲ့ အပြစ်တွေ၊ အမှားတွေ အားလုံးကိုသိပ်ပြီး သတိထားမိပါတယ်။ မင်းတို့ကြုံတွေ့ရတဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ ငြင်းပယ် ခံရတာတွေ အားလုံးကို ငါသတိထားမိပါတယ်။ ခံစားနေရတဲ့ နာကြင်မှုတွေ အားလုံးဗလာကျင်းဖြစ်နေတဲ့ ခံစားချက်တွေနဲ့ အရှက်တကွဲဖြစ်အောင် အောက်ဆွဲချမယ့် သင့်ဝန်ထုပ်ဝန်ပိုးတွေကို သိပါတယ်။ သင့်နာကျင်မှုဟာ တကယ်ဘဲ ဖြစ်တယ်။ သင့်အပြစ်များက လည်းဆိုးရွားတဲ့ အရာတွေကိုသာ ဖြစ်စေတယ်။ သင်တွေ့ကြုံဖူးသမျှတွေထက် သာ၍ကြီးမြတ် သောအရာကို ငါပေးနေတာ။ အဲဒါကိုမြင်နိုင်ရဲ့လားဟုလို့သခင် ယေရှုပြောနေခဲ့တာဖြစ် တယ်။

          ရှက်ရွံ့စွာဖြင့် ဘဝတလျောက်လုံးက နှလုံးသားထဲမှနာ ကျင်မှုများကို ခံစားရင်းရေတွင်းကို ငုံ့ကြည့်နေခဲ့သည်။ ထိုသူမှာထာဝရဘုရား၏လူဖြစ်မှန်း သိသောကြောင့် အသိစိတ်ကယေရှုထံတိုးဝင် ချဉ်းကပ်ရန် စတော့သည်။ သခင်ကိုယ်တော်သည် ပရောဖက်တစ်ဦးဖြစ်ကြောင်းကိုသိပါသည်။ ဘိုးဘွားတို့ သည် ဤနေရာနှင့်နီးသောနေရာ ထိုတောင်ပေါ်တွင်ဝတ်ပြုကြသည်။ သခင်တို့ဂျုး လူမျိုးများကတော့ ဝတ်ပြုဖို့ရန် ယေရုရှလင်သို့သွားကြသည်ဟုပြောကြသည်။ ထိုအခါယေရှုက "ကိုးကွယ်သောသူမှန်သမျှ တို့သည် ခမည်းတော်ကို နံဝိညာဉ် နှင့်၄င်း၊ သစ္စာနှင့်၄င်းကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏" ဟု ယေရှုကိုမိန့်တော်မူ၏။


          ထိုသူ၌ လိုချင်သောအဖြေရှိနေခဲ့သည်။ ပြောနေစဉ် မျှော်လင့်ခြင်းတို့ လွှမ်းခြုံနေသည်။ ကိုယ်တော်၏ အနားရှိနေစဉ် အချိန်လေးမှာပင်သာ၍ ကောင်းသောအသက်တာကိုပြောင်းနိုင်မည်ဟု ယုံကြည်နေမိသည်။ မျက်လုံး အိမ်၌ မျက်ရည်များပြည့်လျှံလာပြီး ရေတွင်းသို့ ပို့ထားသော အကြည့်များက ယေရှုထံသို့ ရောက်ရှိ လာပြီးသူ၏မျက်လုံးများကို စိုက်ကြည့်ကာ မေရှိယကြွလာ တော်မူမည်ကို အကျွန်ုပ် သိပါ၏ ရောက်လာ သောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟုပြောခဲ့သည်။



          ထိုသို့ ပြောခြင်းမှာကြည့်လျှင် လူတွေကသင်သည် နေရာတစ်ခုထဲတွင် နည်းလမ်းတစ်မျိုးတည်းဖြင့်သာ ဝတ်ပြုကိုးကွယ်ကြပြီး ဂျုးတစ်ယောက်သာ အခြားသော နည်းလမ်းနှင့် အခြားသောနေရာတွင်ဝတ်ပြုကိုးကွယ်ရန် ပြောဖူးပါ သည်။ ပွင့်လင်းစွာပြောရလျှင် မည်သူမှ သူ့အကျိုးတွက် တစ်ခုတစ်လေပင် မလုပ်ပေးဘူးပါ။ ထို့ကြောင့်လည်းဘဝသည် ဤပုံစံမျိုးဖြင့်အမျိုးသား များနှင့် လူ့ဘဝ၏အဖြေများနှင့် မေတ္တာစစ်ကိုရရှိရန်ရှာ ဖွေနေမိခြင်းဖြစ်သည်။ ယခု အချိန် အားလုံး လွဲချော်နေခဲ့ပြီးဖြစ်သောကြောင့်၊ မျော်လင့်ချက် အနည်းငယ်နှင့်  မေးခွန်းများစွာသာရှိနေခဲ့သည်။သို့သော် ကယ်တင်သော အရှင်သခင်တစ်ပါး ရောက်လာသည်ကို ကျွန်မသိပြီ။ ထိုသြွူကလာသောအခါ ဘဝ၏ မေးခွန်းများ အားလုံးကိုဖြေပေးပါလိမ့်မည်။ ထိုသခင်၌အဖြေအားလုံးရှိသည် ဟုပြော နေသလိုဖြစ်၍ ထိုအခါယေရှုက သင်နှင့်စကားပြောနေသောငါသည် မေရှိယ ပင်ဖြစ်သည်ဟု ထိုမိန်းမအား ပြောကြားခဲ့ သည်။

----ဆက်လက်ဖော်ပြသွားပါမည်...

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages