ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၃ ) - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, December 30, 2020

ရှာဖွေရခြင်းအကြောင်းတရားများ (အပိုင်း - ၃ )

 ကိုယ်ရေးအချက်အလက်များပြင်ဆင်ခြင်း။

          ဖေ့စ်ဘုတ် (Facebook) သည်ကမ္ဘာကြီးကို မုန်တိုင်းသဖွယ် သိမ်းယူ သွားသည်။

နည်းလမ်းပေါင်း များစွာဖြင့် ကျွန်ုပ်တို့ဘဝများကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့ဘယ်တော့မှတွေ့ရတော့မည်ဟုမထင်ရတော့ သောသူများနှင့် တဖန်ပြန်လည်ဆုံတွေ့စေကာ ကျွန်ုပ်တို၏ပြောဆိုဆက်ဆံရသည့်ပုံစံကိုပင် ပြောင်းလဲပစ် လိုက် သည်။ ယခုအချိန်၌ပင်  သန်းပေါင်း၅၀ဝကျော်သောသူများ သည်ထိုလူမှုကွန်ယက်မှတဆင့် ဆက်သွယ်နေကြ သည်။

          သင်လည်းထိုဖေ့စ်ဘုတ်မျိုးရှိကောင်းရှိပါလိမ့်မည်။ ရှိပါက၄င်းကို အသုံးပြုဖို့အဓိကခြေလမ်းမှာ ကိုယ်ရေးရာဇဝင်(Profile)တွင် သင့်စာ မျက်နှာကို စီမံဖန်တီးဖို့ပင်ဖြစ်သည်။ ထိုသို့ရေးသားခြင်းဖြင့် သင့်မိတ်ဆွေများ အားလုံးကို သင်သည်မည်သူဖြစ်ကြောင်း အနည်းအကျဉ်းဖော်ပြနေသလိုပင်။ သင့်ဓါတ်ပုံ များနှင့် နှစ်သက်သောစကားစုများကို တင်ထားခြင်း၊ နှစ်သက်သော ဂီတအမျိုးအစားများနှင့် ဇာတ်လမ်းများ အပြင် ဘယ်နေရာတွင်နေထိုင်သည်၊ ပညာအရည်အချင်းနှင့်အလုပ်အကိုင်များ ထိုထက်မကသော အချက် အလက်များကိုအတိုချုပ်ရေးသား တင်ပြနိုင်သည်။ သင့်စာမျက်နှာတွင် ရှိသော ကဏ္ဍများက သင်နှင့်စပ်ဆိုင် သောသူများကို သင်သည်မည်သို့သောသူ ဖြစ်ကြောင်း တစ်စိတ်တစ်ပိုင်း (သို့) သွယ်ဝှိက်၍ဖြစ်စေ ဖော်ပြဆက်စပ်နေ စေသည်။

          သို့သော်အများစုမှာ အရာအားလုံးကိုမဖော်ပြမိရန် သတိထားလျက် ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိုက်မဲရာကျလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် အမှန်တကယ်ရိုးသားစွာပြောရမည်ဆိုလျင် မိမိအကြောင်းကို မည်သည့်နည်းဖြင့် မဆိုဖော်ပြရန်ကြောက်ရွံ့နေပါလိမ့်မည်။ အကယ်၍လူတိုင်းက ကျွန်ုပ်တို့၏ တကယ့် စိတ်ရင်းကို အတွင်းကျကျကြည့်နိုင်မည်ဆိုလျင် ကျွန်တော်တို့ အခြား သူများအား မသိစေချင်သောအရာများကို သူတို့သိကြ၊ မြင်ကြတော့မည်။
          စာရေးဆရာတစ်ယောက်လည်းဖြစ် သာသနာတွင် ပါဝင်သူဖြစ်သော ဘရီးနမ်မာနင်းက “ဝိညာဉ်ရေးနှင့်ဆိုင်သော အဓိကသော့ချက်မှာ မိမိကိုယ်ကို မုန်းတီးခြင်းဖြင့်၂၈နှစ်တိုင် လှည့်ပတ်သွားလာပြီး သာသနာပြုဧဝံဂေလိဆရာ ဖြစ်ခဲ့ရခြင်း”  ဟုတစ်ခါက ရေးသားခဲ့ဘူးသည်။
          မိမိကိုယ်ကိုမုန်းတီးစိတ်က မိမိကိုယ်ကိုအလွန်အမင်း ဖျက်ဆီးခြင်း၊ ဘေးရောက်စေခြင်းနှင့် စိုးရွံခြင်းမှ စိတ်ဓါတ်ကျခြင်းနှင့် အလိုမကျမှုတို့၏ ရှေ့ပြေးနိမိတ်ပင်ဖြစ်သည်။


ရတနာစစ်ကိုတွေ့ရှိခြင်း။

 
          ဗတ္တိဇံဆရာယောဟန်သည် လူများအား သူတို့၏အပြစ်များကို နောင်တရခြင်း၏ ပြယုဒ်တစ်ခု အနေဖြင့်သော်၄င်း၊ အပြင်ပန်းပုံဆောင်သည့် အနေဖြင့် ဗတ္တိဇံကိုပေးခဲ့သည်။ သူတို့၏အပြစ်များဝန်ခံပြီး ဘုရားသခင်ထံသို့ ပြန်လာကြသောအခါ ဗတ္တိဇံကိုပေးခဲ့သည်။ ထို့အပြင် ယေရှုအား ဗတ္တိဇံပေးရန် မလိုကြောင်းကို ကောင်းမွန်စွာသဘောပေါက်ခဲ့သည်။ ယေရှုသည် ဘုရားသားတော်ဖြစ်ပြီး အပြစ်ရှိသော သူမဟုတ်ကြောင်း မည်သည့်နည်းဖြင့်မဆို ပြည့်စုံသူဖြစ်သည်။ သို့သော်မှန်သော သဘော တရားကို ပြည့်စုံစေပြီး၊ နောင် အနာဂါတ် ယုံကြည်သူများအား စံပြအနေဖြင့်လုပ်ဆောင်ခြင်းငှါ ဗတ္တိဇံကို ပေးရန်တောင်း ဆိုခဲ့သည်။
          ထို့ကြောင့်ယောဟန်က ခရစ်တော်အား ရေနှစ်ခြင်းမင်္ဂလာကို ပေးပြီး ယေရှုရေမှပေါ်ထစဉ်အချိန် သမ္မာကျမ်းစာ၌ သန့်ရှင်းသောဝိညာဉ်တော်သည် မြင်တွေ့ နိုင်သောဂျိုးငှက်ကဲ့သို့ သူ့အပေါ်ဆင်းသက် လာပြီး ကောင်းကင်မှ အသံတော်အားဖြင့် “ဤသူကားငါချစ်မြတ်နိုးရာငါ၏ချစ်သားပေတည်”ဟုမိန့် တော်မူခဲ့သည်။ မှန်သည်။ ထိုသူသည်ယေရှုဖြစ်မှန်း ကျွန်တော်သိခဲ့သည်။ခမည်းတော်ဘုရားသခင်က သူ့အပေါ်ထားသော သူ့မေတ္တာကိုပြရန်နှင့် ဘုရား၏သားတော်ဖြစ်ကြောင်း ထင်ရှားစေရန်အတွက် ထင်ရှားအောင် အတည်ပြုပေးခြင်းဖြစ်သည်။ မှန်ပါသည်။ ယေရှု၏ပြည့်စုံခြင်းနှင့် အပြစ် စိုးစဉ်းမျှမရှိခြင်းက ဘုရားသခင်၏ “သင်အားဖြင့်ငါသည်ကျေနပ်အားရခြင်း ရှိရသည်” ဟူသောစကားတော်ကိုကြားခွင့် ရစေခြင်းက သူ့အပေါ်တွင် ကျေနပ် အားရခြင်းဖြစ်ကြောင်း ပြခြင်းဖြစ်သည်။ သို့သော်ကျွန်ုပ်တို့က ထိုအဖြစ် အပျက်ကို ထိုနေရာမှာပင် မေ့မေ့လျော့လျော့ချန်ထားခဲ့မည်ဆိုက ကျွန်ုပ်တို့ ထိုဖြစ်စဉ်နှင့်လွဲသွားပါလိမ့်မည်။
          ယေရှုကိုမြစ်ရေထဲမှာကျွန်ုပ်တို့ တွေ့ရစဉ်ကသူ့မျက်ဝန်းရှိ ရေများကို သုတ်နေသည့်အချိန်တွင် ခမည်းတော်ဘုရား၏သားတော်အပေါ် ကျေနပ်မှုနှင့် ချစ်ခြင်းမေတ္တာကိုကြေငြာလိုက်သည့်အသံကို ကျွန်ုပ်တို့ ကြားလိုက်ရသလို ယေရှုကမည်သည့်နေရာသို့ ကျွန်ုပ်တို့အား ဦးဆောင်ခေါ်သွားချင်သည် ကိုလည်း ကျွန်ုပ်တို့ မြင်နေရသည်။
          သင့်အပြစ်များအားဝန်ခံဖို့ရန်နှင့်ခရစ်တော်ကို ယုံကြည်၍ အသက် တာအား ကိုယ်တော့်ထံ အပ်နှံရန် ဆုံးဖြတ်ချက်ချပြီးဖြစ်လိမ့်မည်။ ထိုသို့ ရွေးချယ် မှုလုပ်နေစဉ် သမ္မာကျမ်းက သင့်ကို ကယ်နှုတ် ပြီးဖြစ်ကြောင်း မိန့်ဆိုထားသည်။ ကိုယ်တော်၏ မိသားစုဝင်လည်း ဖြစ်ပြီကြောင်းလည်းဆိုထား သည်။ ’’ထိုသူကို လက်ခံသမျှ သောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏” (ယော၊ ၁း၁၂)။
          သင်နှင့်ကျွန်ုပ်သည်ယေရှုကဲ့သို့ အပြစ်စိုးစဉ်းမျှမရှိဘဲ ဘုရားသခင်၏ ရှေ့တွင်ရပ်ရန်မှာမဖြစ်နိုင်ပါ။ သို့သော် ကားတိုင်ပေါ်တွင် ပြုခဲ့သမျှသည် ကျွန်ုပ် တို့အပြစ်အားလုံးဘုရားသခင်ရှေ့တွင် စင်ကြယ် သွားစေပြီး၊ ခွင့်လွတ်ပေးခဲ့ပြီး ဖြစ်သောကြောင့်ဘုရားသခင်ရှေ့တော်တွင်ရပ်တည်နိုင်ပြီဖြစ်သည်။ ထို့အပြင် ထိုသို့ခမည်း တော် ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့ရပ်သည့် အခါတိုင်း ကျွန်ုပ်တို့အား ကြည့် လျက် “သင်သည်ငါချစ်မြတ်နိုးသောငါ့သား၊ သမီးဖြစ်တယ်၊ သင့်ကြောင့်ငါအမြဲကျေနပ် ကြည်နူးရ တယ်”ဟု မိန့်ဆို တော်မူပါလိမ့်မည်။
          ၃နှစ်အရွယ် တူမလေး အက်ဒီဆင်သည်အံ့ဩဖွယ်လှပ ချောမောပြီး ဂုဏ်ရည်ထက်မြက်ကာ၊ ပြည့်စုံသောဘဝကိုရရှိထားသည်။ အလွန်ချစ်စရာ ကောင်းပြီးလူတိုင်းချစ်ခင်ကြသည်။ သို့သော်တခါ တရံတွင် မကောင်းသည့် အကျင့်ကလည်းရှိတတ်သည်။ မိဘများသည် သူ့အပြုအမူနှင့် ပတ်သက်၍ အမြဲတစေစိတ်မချမ်းမသာဖြစ်ခဲ့ရသည့်တိုင် သူမကိုအမြဲချစ်လျက်ရှိပြီး၊ အက်ဒီဆင်သည်သူတို့ သမီးလေး ဖြစ်ခြင်းကိုအမြဲကျေနပ်ပြီးချစ်လျက်ရှိသည်။
          ထိုသို့သော အနှိုင်းမဲ့မေတ္တာမျိုးကို သင်သိချင်မှသိပြီး၊ ကြုံဘူးချင်မှ ကြုံဘူးပါလိမ့်မည်။ သို့သော် ကောင်းကင်ဘုံ၌ရှိသော သင့်အဖခမည်းတော်သည် ထိုအချစ်မျိုးကို သင့်အားအခမဲ့ပေးနေသည်။ သူသည်လာ၍သင့်ကိုယ်ရေး ဖိုင်(Profile)တွင် မိမိကိုယ်ကိုမုန်းတီးခြင်းသည် သင့်အတွက် သူထားရှိသော ဝေါဟာရမဟုတ်ကြောင်းကို ပြန်ပြင်ရေးသားရနြွ်ကလာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို အစဉ်ချစ်ပြီး ကျွန်ုပ်တို့ သည်ဘုရားသခင်၏ သားသမီးများအဖြစ် ထာဝရတည်ရှိနေပါသည်။  ဘုရားသခင်သည် သင့်အား သူ့သား သမီးဖြစ်သော ကြောင့်ကျွန်ုပ်တို့၏ “အရှိအတိုင်၊ အဖြစ်အတိုင်း” ပင်အမြဲအားရချစ်မြတ် နိုးတော်မူ လျှက်ရှိပါ သည်။


မှန်ကန်စွာဆောင်ရွက်ခြင်း။
          အကယ်၍ ဘုရားသခင်မှ သင့်ကိုယ်ရေးရာဇဝင်(ဏမသ်ငူန)တွင် သူ့အကြံအစည်တော်အတိုင်း သင့်အပေါ် မည်သို့ရှုမြင်ကြောင်း မှတ်ချက် (Comment) ရေးခဲ့မည်ဆိုလျှင် ထိုနေရာတွင် မည်သည့် မှတ်ချက်မျိုးကို ရေးခဲ့ မည်နည်း။
          သင့်ကို ဘုရားသခင်မှ မည်ကဲ့သို့မြင်ကြောင်းကို သင်သိမြင်သော အခါတွင် သင်ကိုယ်သင်မည်သို့သုံးသပ်မည်နည်း။

 --ဆက်လက်ဖော်ပြသွားပါမည်..

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages