မျော်လင့်မထားသောကောင်းကြီး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, October 1, 2012

မျော်လင့်မထားသောကောင်းကြီး

 
 
 
 
 
 
 
လွန်စွာပင် အိမ်သို့အပြန်ကနောက်ကျရသည့်အထဲ၊ အရင်လိုလမ်းအိုလိုက်စနစ်ကို ကျင့်သုံးလိုက်ရာ လမ်းမီးများကင်းရာလမ်းကြားထဲ တစ်ကိုယ်တည်းလျှောက်လာခိုက်၊ သစ်ပင်ခြုံနွယ်များအတွင်းမှ တီးတိုးအော် သံကိုကြားလိုက်မိသည်။

သေချာစေရန်အတွက် ကိုယ်ရှိန်သတ်ပြီး နားစွင့်လိုက်ချိန်မှာ လုံးဝ မှားယွင်းစရာအကြောင်းမရှိသော အမျိုးသမီးတစ်ဦး၏အသံကို စူးစူးဝါးဝါး(ပါးစပ်ပိတ်ထားသည့်ကြားမှ)အသံနှင့်အတူ၊ လုံးထွေးသတ်ပုတ်သံ၊ နောက် အကျႌဆုတ်ဖြဲလိုက်သည့်အသံတို့ကအတိုင်းသားကြားနေရသည်။ ထိုဖြစ်စဉ်နှင့် ကျွန်တော်ရပ်နေသော နေရာမှ သုံးလေးကိုက်သာအလှမ်းဝေးပါလိမ့်မည်။

“ထိုကိစ္စမှာ ဝင်ရှုပ်သင့်သလား၊ နီးစပ်ရာရဲစခန်းကိုအကြောင်းကြားပေးရမည်လား” ပင်ပန်းစွာဖြင့် လားပေါင်းများစွာဖြင့် ထာဝရကာလဟုထင်မှတ်မိသော ထိုစဉ်းစားအချိန်ကား မိနစ်အနည်းငယ် မျှသာကြာ ပါသည်။ထို့အတူ အမျိုးသမီး၏ အော်ဟစ်သံမှာလည်း တိုးလျှော့သွားခဲ့ရာမှ တိမ်ဝင်သွားနေလေပြီ။
အမြန်လှုပ်ရှားရတော့မည်ကိုသိလိုက်သည်။ မည်သို့ရှောင်လွဲ၍ရနိုင်ပါမည်နည်း။ လုံးဝမဖြစ်နိုင်သည့် အဆုံး အမျိုးအမည်မသိသောထိုအမျိုးသမီးအတွက် မိမိ၏အသက်အန္တရယ်ကိုပင် မငဲ့ကွက်ဘဲ ကူညီရန်တွက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ကျွန်တော်သည်သူရသတ္တိနှင့်ပြည့်ဝသူမဟုတ်သလို၊ ကိုယ်ခံပညာကောင်းတဲ့သူလည်းမဟတု်ပါ။ သို့တိုင်အောင် ကူညီပေးရန်လိုအပ်နေချိန်တွင်ချမှတ်လိုက်သော ဆုံးဖြတ်ချက်နှင့်အတူ စိတ်ဓါတ်ရေးရာနှင့် ရဲစွမ်းသတ္တိတွေအလိုလိုရရှိလာပြီ။

ဘယ်အရာကဘယ်လိုပြောင်းလဲပေးလိုက်မှန်းလည်းမသိခဲ့ရိုးအမှန်ပါ။ ခြုံနွယ်ပိတ်ပေါင်းများစွာနောက်  သို့အလျှင်အမြန်ပြေးသွားကာ ထိုမသမာသူအား ဆွဲကာလုံးထွေးသတ်ပုတ်လိုက်သည်။ အတန်ငယ်ကြာသော အခါတွင် ထိုမသမာသူသည် ကိုယ်လွတ်ရုန်းထွက်ပြေးသွားသည့်နောက် ကျွန်တော်သည်အသက်ပြင်းပြင်းရှု လျှက်မြေမှလူးလဲထကာ သစ်ပင်နောက်ကွယ်၌ ငိုကြွေးနေသော အမျိုးသမီးရှိရာသို့သွားလိုက်သည်။

မှောင်မှောင်မဲမဲထဲတွင် သူမအား ကောင်းစွာမမြင်ရပေမယ့် တုန်လှုပ်ခြောက်ခြားနေတာကိုတော့ ကျွန်တော်ကောင်းစွာခံစားနားလည်နိုင်သည်။
ထို့အတွက် သူ့အားလည်းအနှောက်အယှက် မပေးလိုသည့်အတွက် ကျွန်တော်ကပင်လျှင် ညှင်သာစွာဖြင့် ခပ်လှမ်းလှမ်းမှပင်စကားဆိုလိုက်သည်။

“အခုတော့စိတ်ချပါ၊ ခင်များလုံခြုံသွားပါပြီ….ဟိုလူလည်းထွက်သွားပါပြီ”

အတန်ကြာသည်အထိ လုံးဝတိတ်ဆိတ်သွားပြီး၊ ထိုအမျိုးသမီး၏ အံ့သြခြင်း၊ မယုံနိုင်ခြင်းရောယှက်နေ တဲ့စကားကိုကျွန်တော် နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်မှာ-

“အဖေ….အဖေလားဟင်”

ထိုစကားသံနှင့်အတူ သစ်ပင်၏နောက်ကွယ်မှ ထွက်လာတဲ့သူကတော့ ကျွန်တော့်ရဲ့ သမီးငယ် ကက်သရင်းထွက်လာခဲ့ပါတော့သည်။
(သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။ သုတ္တံ၊ ၁၁း၂၅)။

ဆယ်မြူရယ်စိုးလွင်

Small Miracles စာအုပ်မှဖြစ်ရပ်မှန်အားမြန်မာမူပြုသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages