လူတိုင်းကောင်းကြသည် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, October 1, 2012

လူတိုင်းကောင်းကြသည်

 
 
 
 
 
 
 
နိဒါန်း
 
ယနေ့ခေတ်တွင်အများစုလက်ခံထားကြသည်မှာလူတို့သည်အစဉ်အလာအားဖြင့် ကောင်းသောသူများဖြစ်ကြပြီး၊ ခြွင်းချက် အနေဖြင့် တစ်ချို့သာဆိုးသွမ်းနေကြောင်းဆိုကြသည်။ကျမ်းစာက ထိုအရာကိုလုံးလုံးဖြင့် အဖြေပေးထားသည်။ လူသည်အတ္တဆန်သူ၊ ကိလေသာ၊ တဏှာ၊ လောဘ၊ ဒေါသ၊ မောဟတို့နှင့် မကင်းသူဖြစ်ကြောင်း မွေးသည်နှင့်စတင်ကာပြဆိုကြောင်းကသက်သေအဖြစ်ပြုထားသည်။ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့် လူသည် ကိုးကွယ်ရန်အရှင်သခင် လိုအပ်နေကြောင်းထင်ရှားစေသည်။ “လူတိုင်းကောင်းကြပါတယ်” ဆိုသောစကားအဓိပ္ပါယ်မှာ သူတို့သည် ကိုးစားမှုပြုရန် ကျေးဇူးတော်ရှင်ဘုရားကို မလိုအပ်ကြောင်းပြသနေခြင်းသာဖြစ်သည်။

လူ့အဖြစ်သရုပ်မှန်
လူ့သမိုင်းကြောင်းကိုသုံးသပ်ကြည့်ပါက လူသတ်မှုများထောင်ပေါင်းများစွာကိုတွေ့ရပါလိမ့်မည်။ Adolph Hitler ကလူသန်းပေါင်း ၆ဝဝဝကျော်ဂျူးများကိုသတ်သည်မှာ ဒုတိယစစ်ပွဲအကြိုမှ စစ်ပွဲအဆုံးတိုင်ဖြစ်သည်။ Joseph Stalin ကလူပေါင်း ဆိုဗီယက်လူထု သန်းပေါင်း ၂၀ ကျော်ကိုသတ်ခဲ့သည်မှာ ၁၉၂၉-၁၉၃၉ ထိတိုင်ဖြစ်သည်မှာ နိုင်ငံရေးအရပင် တရားမျှတခြင်းမရှိခဲ့ပါ။Mao Tse-tung ကလည်း တရုတ်လူမျိုး သန်းပေါင်း ၃၄-၆၂ သန်းကြားကို တရုတ်စစ်ပွဲဖြစ်သည့် ၁၉၃၀ နှောင်းပိုင်းနှင့် ၁၉၄ဝနှစ်များတွင်မြင်တွေ့ရပါသည်။ Marxist  ၀ါဒီခေါင်းဆောင် Pol Pot ကလည်း ကမ္ဘောဒီးယား၊ ကမ်ပူချားတို့တွင် ၁၉၇၀ နှစ်များတွင် ၁.၇ သန်းခန့်ရှိသောမိမိလူမျိုးကိုပင်ပြန်သတ်ခဲ့သူဖြစ်သည်။ ထိုစစ်ပွဲသည် တရားမျှ တမှုမရှိသောစစ်များပင်ဖြစ်သည်။

ထို့ကြောင့်လူတိုင်းသည်အဖြစ်သရုပ်မှန်အရမကောင်းဘူးဆိုသည်ကိုဆင်ခြေပေးလိုမှုများလည်းရှိပေမယ်။“မျက်ကန်းများအကြားတွင် မျက်လုံးတစ်လုံပိုင်ဆိုင်သူသည် မင်းသား”ဖြစ်နိုင်သော်လည်း ခြေလက်အင်္ဂါစုံသူဟုကား မခေါ်ဆို နိုင်ပါ။ ဂျာမန်လူမျိုးအများစုသည်ကား Adolph Hitler လမ်းစဉ်ကိုသဘောတူကြပြီး သူနှင့်အတူပူးပေါင်းကာ “ဂျူးပပျောက် ရေး”ကိုလုပ်ဆောင်ခဲ့ကြသည်။

ကွန်မြူနစ်ဝါဒီ

လွန်ခဲ့သောရာစုနှစ်များက ကွန်မြူနစ်ဝါဒီသည် အပြစ်ဗီဇသဘောနှင့်ပြည့်နှက်နေသော လူမျိုးစုများစွာတွင်းသို့ စီးဆင်းပြန့်နှံ့ခဲ့သည်။ “အတူစံ”စနစ်သည်ကွန်မြူနစ်၏လမ်းစဉ်လက်ကိုင်ဖြစ်သည်။ ကျွန်တော့်အနေနှင့် ကွန်မြူနစ်ဝါဒကို ဖြန့်ကားနေခြင်း၊ သိမ်းသွင်းနေခြင်းမဟုတ်ပါ။ Marxism ၀ါဒီသမားများကဲ့သို့လည်းစစ်ပွဲကိုဖန်တီးနေခြင်းမဟုတ်ပါ။ ကျွန်တော့်အနေဖြင့်အဓိကညွန်ပြလိုသည်မှာ ရရှားတို့သည် “တန်းတူညီမျှဝါဒတူညီတဲ့မြေ”ဟူသောစကားကိုပင် ကွန်မြူနစ် အောက်မှ ထပ်မံညွန်းဆိုလိုပါသည်။ ကွန်မြူနစ်၏အဓိကလမ်းစဉ်မှာ နိုင်ငံအသီးသီးရှိ၊ လူတိုင်းကိုယ်စီကိုယ်ငှ မျှဝေခံစား ရန်ဖြစ်သည်။ ကြားရသည်မှာလွန်စွာအားရဖွယ်လည်းဖြစ်သည်။ ထိုစနစ်ကိုကား ခရစ်ယာန်အသင်းတော်များတွင်သာ ပထမရာစုနှစ်ကကျင့်သုံးခဲ့ကြပါသည်(တမန်၊ ၂)။ ကွန်မြူနစ်၏အဓိကပြဿနာသည် ဒဿနကြောင့်မဟုတ်ပါ။ အကြောင်း မှာ“စိုက်ပျိုးသလောက် မခံစားရခြင်း”ဆိုသည့်သာတူညီမျှဟူသောအမြင်ကြောင့်ဖြစ်သည်။ သို့သော်မစိုးရိမ်ပါနဲ့ သင်သည် “စိုက်သည့်အတိုင်းရိပ်သိမ်းခွင့်”ရှိပါသည်။

လူတိုင်းထိုနေရာမှရပ်တည်ပြီး ရုပ်လုံးဖေါ်ကြည့်သောအခါတွင် ဆိုဗီယက်ပြည်ထောင်စုတွင် တာဝန်အသီးသီး ရှိကြသော်လည်း ပျင်းရိကြသည်။ ထို့ကြောင့်တာဝန်ပိုင်းစစ်တမ်းကောက်ရာတွင် “မူးယစ်သောက်စားမှု” ကို ၄၀% ၊ ကိုယ်ဝန်ဖျက်ချခြင်း ၅၀% ကျော်ကိုတွေ့ရှိကြရသည်။ အပြစ်ဗီဇနှင့်ပြည့်နှက်နေသော လူထုကြီးတွင် ထိုသို့သောအခြေ အနေကြောင့် စီးပွားပျက်ကပ်ဘေးဆိုက်ရောက်မှုသည် အဆန်းတကြယ်မဟုတ်တော့။ ကွန်မြူနစ်ဝါဒကျရှုံးရခြင်းမှာ အခြား သောအကြောင်းကြောင့်မဟုတ်ပါ။ လူ့သရုပ်မှန်ဖြစ်သည့် ဗီဇအပြစ်ကြောင့်သာဖြစ်သည်။ ထိုသို့သော တန်းတူညီမျှမှုကို ခရစ်တော်ဘုရား၏ အပြစ်ဖြေလွတ်ခြင်းတန်ခိုအားဖြင့် ကနဦးအသင်းတော်တည်စကပင် အောင်မြင်စွာကျင့်သုံးလာခဲ့ကြပါ သည် (တမန်၊ ၂)။

အနီးမှလူများ

ကျွနု်ပ်တို့ဝန်းကျင်တွင်ကြည့်ပါက မည်သူမှ “စိတ်ဆိုး၊ ဒေါသ၊ မောဟ” စသည့် အကုသိုလ်စိတ်ထားများကို မလို မုန်းထားကြပါသည်။ ကိုယ်တိုင်လည်းမပြုလိုသလို၊ တစ်ပါးသူပြုမူခြင်းကိုလည်း မလိုလားကြပါ။သို့သော်လည်း လူတို့သည် “စိတ်နှင့်ကိုယ်မကပ်” လုပ်ဆောင်မိတတ်ကြသည်သာ။ ထိုသို့ဒုစရိုက်ကိုပြုပြီးသူတိုင်း ဝမ်းသာခြင်းမရှိ“ငါဘာ့ကြောင့်လဲ” ဟူသောအတွေးဖြင့်နောင်တရ၊ စိတ်မကောင်းဖြစ်ကြရသည်။
မိဘများသည်သားသမီးများကောင်းစားရေးအတွက်ဦးတည်ပြုစုကြသည်။သို့သော်“ဘမျိုးဘိုးတူချိုနဲ့ကားကား” ဆိုသည့်အတိုင်း အချိန်တန်သောအခါတွင်လည်း ဗီဇပြလာကြသည်မှာ “လူတိုင်းကောင်းပါသည်”ဆိုသော စကားနှင့် ဖီလာ ဆန့်ကျင်ဖြစ်နေပါသည်။ ကျွန်တော်မကြာသေးမီက လူငယ်ပြုစုပျိုးထောင်ရေးသာသနာကို သွားရာတွင် “ပြည့်တန့်ဆာ”  “မူးယစ်ကျေးကျွန်” “ဆေးသမား” စသည်ဖြင့်တွေ့ရပြီး၊ သူတို့၏ကနဦးရည်ရွယ်ချက်သည်ကား ထိုသို့မဟုတ် အကြောင်း အမျိုးမျိုးကြောင့် ထိုဘဝသို့ရောက်ရှိသွားကြရသူများသာဖြစ်သည်။ ထိုသို့ဆိုက မေးစရာမှာ အဘယ်သူမှ ဆိုးသွမ်းလိုချင်မှု မရှိကြသည့် တိုင်အောင်ဆိုးသွမ်းနေကြခြင်းက “လူသည် အစမကောင်းသဖြင့် အနှောင်းမသေချာခြင်း” သာဖြစ်သည်။

စိတ်ပညာဖြင့်စန်းစစ်ခြင်း
စိတ်ပညာရှင် Solomon Asch ကလူများစွာကို လေ့လာသောအခါတွင်၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး လူမှုကိစ္စအဝဝတို့တွင် “သြတ္တပ္ပ” စိတ်အရ “မှန်သည် မှားသည်”ကိုသိကြသော်လည်း လူအများစုသည် “မုသားမပါ လင်္ကာမချော” ဆိုသောစကားဖြင့် ဘဝကိုရေဆုန်မျောနေကြကြောင်းတွေ့ရှိရသည်။ မှားမှန်းသိသော်လည်း လက်တွေ့တွင်မူ “ရေပေါ်ဆီ”ကဲ့သို့ပင် ဖြစ်နေကြသည်။ 
 
ထို့ကြောင့် သာမန်ကိစ္စများတွင် တရားသဘောအရမှားနေမှန်းသိ သော်လည်းလက်တွေ့တွင်မူ “ချော်လဲရောထိုင်” ဖြစ်နေသည်ကိုတွေ့ရကြောင်း သမိုင်းတစ်လျှောက်လုံးတွင်တွေ့ရသည်။` လောကနိယာမများအရ လူ့ဘဝသည် ဒင်္ဂါးပြားနှင့်တူလှပါသည်။ မှန်သည်မှားသည်ကို ချိန်ကြည့်သောအခါတွင် “ခေါင်းနှင့်ပန်း”သာရှိပြီး၊ ကြားနေမရှိပါ။ သင်သည် “ခြောက်ပြစ်ကင်းသဲလဲစင်” ဖြစ်ပါသလား။ မဖြစ်ပါက မဖြစ်ဖြစ်ပြီး၊ အမှန်အတိုင်းသာခံယူခြင်းက ဘဝတွင် အနေဖြောင့်ရပေလိမ့်မည်။

နိဂုံး။
လူတိုင်းသည် “မုန်းတီးမှု” “ဆူပူမှု” “မကောင်းမှု” “ဒုစရိုက်”များကို မုန်းကြသော်သည်မှာ အဆုံးမရှိပါ။ “မကောင်း သူပယ်၊ ကောင်းသူကယ်” ဆိုသောစကားပုံရှိသော်လည်း ထိုမကောင်းသူကိုပယ်ခြင်းကပင် အကုသိုလ်မဟုတ်ပါလား (ယော၊ ၁၆း၂)။ “ဆင့်ကဲသီအိုရီ”သည် လူတစ်ဦးတိုင်းအတွက် “စီရင်မှု” ဆိုသည့် တမလွန်အရေးကိုပလပ်ပြီးဖြစ်သည်၊ သို့သော် ခရစ်ယာန်ယုံကြည်ချက်အရ ခရစ်တော်ကို ယုံကြည်လက်ခံတော်မူခြင်းဖြင့် “လူသစ်၊ စိတ်သစ်” ဖြင့် ယခုဘဝ နောင်ဝကို ရယူနိုင်ကြောင်းကတိတော်ပေးထားလျှက်ရှိပါသည် (၂ ကော၊ ၅း၁၇)။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
န်ခံချက်။ ။”People are Basically Good” – Evidence to the Contrary by Rich Deem အားမြန်မာမူပြုသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages