အဆုံးအဖြတ် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

အဆုံးအဖြတ်


 


ဤကမ္ဘာဝယ်    သုခစုံချယ်လျက်
လူသားအား    ဘုရားထားလည်း
ဖန်ဆင်းသခင်အား    သူဖယ်ရှား၍
အစစ်ကို မမြင်    အပြစ်ကို စုံမင်လေခဲ့


အပြစ်ကိုဆေးချယ်    မက်လုံးပေးသွယ်လျက်
လူသားအား    ဘုရားနှင့်ခြားဖို့
သွေးဆောင်ရှင်အား    ယုံမှားကာ
ရှေ့ရေးကို မမြင်    ယမမင်းကို သူခင်လေခဲ့

လှေနံနှစ်ဖက်နှင့်    ခရီးဆက်ခြင်းက
လိုရာလည်းမပေါက် မှန်မသွေဆင်း သေခြင်းချောက်
အဆိပ်သကာဖုံးသလို သင်ရိုးညွှန်းစုံကိုလည်း
ပိုင်းခြားခွဲဝေ    ယုံတတ်ပါစေ။

လူတိုင်းကိုယ်စီ    တာဝန်ရှိသိနေလျက်
ဝေကာဝါး    မပူမအေးကြားဝယ်
သင့်ကိုသင်လည်း    မလှည့်စားနဲ့
ဘုရားရှင်ကိုလည်း    မကစားနဲ့

ကယ်တင်ရှင် ယေရှုဘုရားနဲ့    ဖျက်ဆီးသူမာရ်နတ်သား
ဘယ်အရှင်ကို    ခိုကိုးလှုံ
သင့်အရေးပါ    သင်ဆိုလာလည်း
ဆုံးဖြတ်ချက်ရလဒ်မဟာ
သင့်ဘဝအတွက် ထာဝရကြမ္မာ။


Samuel Soe Lwin



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages