E-mail နှင့် Kneel-mail - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

E-mail နှင့် Kneel-mail


 
ဒီမှာ…ဒီမှာ
Globalization ခေတ်မှာ အရာရာမှာ
ငေးငိုင်ကာမနေနဲ့
တိုးတက်နေတဲ့ခေတ်မှာ
ခြေမွှေးလက်မွှေးမီးမခစေရေး
E-mail  အကောင့်ဖွင့်
အရှပ်ရှစ်မျက်နှာကိုလွင့်လိုက်စမ်း
လူတကာတွေ
ဝင့်ထယ်နေချိန်မှာ
မနှေးအမြန် အကောင်အထည်ဖေါ်ဆောင်တော့တဲ့လေ…..


ဒီမှာ…ဒီမှာ
Globalization ခေတ်မှာ
အရာရာမှာမှိုင်တွေကာလေမနေလေနဲ့  
ဆိုးယုတ်နေတဲ့ခေတ်မှာ
အရှက်သိက္ခာပြာပုံ၌မကျရစေရေး
Kneel-mail  အကောင့်ဖွင့်
အထက်အရပ်ကိုလွင့်လိုက်စမ်း
လူတကာတွေ
ဝင့်ထယ်နေချိန်မှာ
မနှေးအမြန် အကောင်အထည်ဖေါ်ဆောင်တော့တဲ့လေ……။


အဲ့ဒီ …. စကားတွေအကြားမှာ
ငါလေဗျာမများ ရစေရေး
Line  လည်းမပြတ်  Connection မကျတတ်ဘူးဆိုလေတဲဘဝ
ဒုက္ခတွေလည်းမရောက်ရသလို
အရှက်သိက္ခာတွေလည်း မခစေတဲ့အပြင်
ထာဝရစိတ်ချရစေတဲ့
Kneel-mail  အကောင့်ကိုသာငါဖွင့်
အထက်အရပ်ကိုသာ Kneel-mail  တွေလွှင့်လိုက်လေရဲ့…..။ ။


ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages