ဩတ္တပ္ပကြေးမှုံ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

ဩတ္တပ္ပကြေးမှုံ




ဇာတိသဘော  ရေစုန်မျောပါ
ဖြစ်လာပြဿနာ  "၁၆ဝဝဝ´´အား
ထပ်ထပ်ညွှန်ဆို  အပြစ်ပုံချတော့
"ဒါက စာတန်လုပ်ရပ်တဲ့´´

တရားသလား  ပြန်စဉ်းစားက
အပြစ်အစ  မူလစာတန်
မငြင်းသာလည်း  ဒို့သာဆန္ဒ
မရှိရိုးမှန်လျှင်
"ဖျားယောင်းသွေးဆောင်  ဝိုင်းပတ်ရံဦးတော့´´
တစ်ဖန်နောင်တ  အမှန်ရလျှင်
မုချမသွေ  ရှောင်သွေဖယ်၍
"ဧကန်စင်စစ်  အောင်နိုင်မည်´´

နောင်တကင်းမူ  ထိုထိုလူသည်
ဘယ်ခါမရ  သက်ထာဝရ
"ဘယ်သူမပြု မိမိမှုတည်´´
ဇာတိသဘော  ရေစုန်မျှောလျက်
ဖြစ်လာပြဿနာ  အမှုအရာကို
လုပ်ရဲခံရဲ  ဝန်ခံရဲပါ
"စာတန်လို့တော့  မပြောနဲ့´´။

Samuel Soe Lwin
အခြေပြု- မဿဲ ၁၈းရ ယာကုပ် ၁း၁၄-၁၅


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages