အမေ့မှာတမ်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

Thursday, February 11, 2010

demo-image

အမေ့မှာတမ်း

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Mom+Poems
 


ရေးရေးတွေးမျော်


ခေတ်နှင့်တော်ဖို့
ကာလံဒေသံ
ရှိကြဖန်လည်း
သတိလက်စွဲ
နှလုံးမလွဲဖို့
ပြောပါရစေ
ဖေမေချစ်တဲ့သားတို့ရေ …..

ခေတ်ကာလလေ
မမြဲချေတော့
ဘာကိုလက်စွဲ
အားကိုးမလဲဆို
ခေတ်နှင့်အညီ
မပြောင်းသည်က
ခေတ်နှင့်မလွဲ
လိုက်ဖက်မြဲက
မှားယွင်းကင်းကွာ
သမ္မာကျမ်းစာ……

သားမောင်ရှေ့ရေး
အမှောင်မပြေးဖို့
ဘဝအမောတွေ
ကင်းစင်စေဖို့
သားမောင်သွားရာ
အမြဲဆောင်လျှက်
ဖတ်ရှုကြားနာ
လက်ကိုင်ဆောင်က
သားမောင်နောင်ရေး
အမေရင်အေးမည်
သိမှတ်ကာနေ
မေမေချစ်တဲ့သားမောင်ရေ ။ ။



ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

Pages