အဂ္ဂါပေမေတ္တာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

အဂ္ဂါပေမေတ္တာ



သိသိ၊မသိသိ
ဘဝခရီးတအိအိနှင့်
ရင်ဆိုင်ရာဒုက္ခ
များမြောင်လှလည်း
ကူညီလက်တွဲ
အတူမခွဲတော့
ဂရုပြုသည်ရှိ
ဂရုမပြုသည်လည်းရှိ

မည်သို့အခြေ
ဖြစ်တည်စေတော့
မေတ္တာအပြည့်ဖြင့်
သစ္စာနှင်းချစ်တဲ့
သခင့်အကြင်နာ
ငါ……တိုးသိ၍လာ ။


ပြောပြော၊မပြောပြော
ဘဝပင်လယ်မျောတော့
ခရီးစဉ်အတူနှော
စိတ်၊ ဝိညာဉ်၊ ခန္ဓာနှောတော့
အပေးအယူ
ဖလည်ကူတော့
မှတ်မိသည်ရှိ
မမှတ်မိသည်လည်းရှိ

အဘယ်သို့ဖြစ်စေ
ရှိပါစေတော့
အနေနီးခြင်းဖြင့်
ခန္ဒာနှင်းချစ်တဲ့
သခင့်ဆန္ဒအဖြာဖြာ
ငါ……တိုးသိ၍လာ ။


ကောင်းစားချိန်ရှိ
ခက်ခဲချိန်လည်းရှိ
ကျဉ်လည်ရာဘဝ
ဤလောက၌
လိုရင်သကာ
မလိုရင်တမာအဖြစ်
သခင်နှင့်ငါ
ထားသစ္စာအား
ပျက်ပြားရန်ထွေ
ပြုကြခြေလည်း
နှုင်းမဲ့အံ့ဖွယ်
အဆုံးမဲ့နွယ်ရဲ့
သခင့်မေတ္တာများ
ရင်မှာ……တိုးပွားလျှက်ပါလား။ ။
 
 
ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages