မြန်မာဆန်ဆန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

မြန်မာဆန်ဆန်



အပြောအဆိုယဉ်ကျေး
နေထိုင်တာစိတ်အေးမှ
မြင်သူရင်အေး
ရှုတိုင်းငေးသည်
မြန်မာအလှ
သဘာဝကျ
လူတိုင်းလူတိုင်း
သဘောကျ...

အပြောကမချို
နှုတ်မူပိုတော့
မြန်မာဆိုလည်း
အပိုပဲလေ
လက်တွေ့မပါ
အာလူးသာမို့
ရောက်ရပ်မှာလေ
မြန်မာပေဟု
မဆိုလေနှင့်
လူတွေအတင်း
ဆိုလေခြင်းက
မြန်မာမဆန်
မင့်ရဲ့ဟန်ကြောင့်....

တွေး၍သာကြည့်
အစဉ်သတိ..
လူတွေအပြော
ဂုဏ်တင့်နှောဖို့
မြန်မာပီစေ
မြန်မာမလေး
ချစ်သူရေ....။


ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages