အချိန်တန်သောအခါ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

အချိန်တန်သောအခါ


 
 ရဲမက်ဗိုလ်ပါ စစ်တန်ဆာနှင့်
ဘုရားလူ (များ)အား သတ်လိုငြားလည်း
အချိန်ရယ်တန် ဖြစ်ရပ်အမှန်က
သူတို့သာလေ လှိုင်းခြေအောက်သို့
သက်ဆင်းကြရ အီဂျစ်တို့မှ သာဓက ။


အင်အားတောင့်တင်း တပ်ချနှင်းလျှက်
ရှင်ပြန်မှုကို ဟန့်တားလိုလည်း
အချိန်ရယ်တန် ဘုရားပြအမှန်က
သူတို့နှုတ်တွေ ဆွံ့အစေ၍
ဒူးထောက်ကြရ ရောမတို့မှ သာဓက ။

ထောင်သောင်းဗျာပါ တွေ့ကြုံပါလည်း
ဘုရားကိုးစား ယုံအားထားလျှင်
ကြုံဆုံအထွေ အချေချေနှင့်
အရှုံးအနိုင် ဒို့မှာမပိုင်လည်း
အချိန်ရယ်တန် ဘုရားမြတ်အကြံက
သူငါဒို့အား ချီးမြှောက်လိုလားသည်
အရာရာတွင် အောင်ပန်းဆင်ဖို့
ဘုရားအချိန်ကို စောင့်ဖို့လို၏ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages