၀ိညာဉ်တိုက်ပွဲ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

၀ိညာဉ်တိုက်ပွဲ


 
မထင်မှတ်ပါပဲ
ဘဝရယ်တကယ်
တိုက်ပွဲအသွင် ပြောင်းလေတော့
စစ်ဝတ်တန်ဆာလည်း
လက်တွင်းဝယ်တကယ် မရှိပြန်လေသပေါ့။

တုတ် ဓါး ကိုင်စွဲ
ထင်ရာစိုင်းဖို့
ကြုံသည့်စစ်ကား
ကာယတိုက်ပွဲ မဟုတ်ပါချေ ။

နှုတ်နှင့်ယှဉ်ပြိုင်
အောင်မြေပွဲပိုင်ဖို့
ကြုံသည့်စစ်ကား
စကားရည်လုပွဲ မဟုတ်ပါချေ ။


တုတ်ဓါးလည်းမရ
နှုတ်စကားလည်း မဟပ်စပ်တဲ့
ဝိညာဉ်တိုက်ပွဲ
ဆင်ယင်ကာ နွှဲရချေပြီမို့
ယေရှုရှင်ရယ်  ...
ဒီပွဲမှာလေ
သမ္မာသမတ် ကျလေဖို့
နိုင်ငံမှာလေ
သမ္မာတရားကြီးထွားစေဖို့
ဆုတောင်းကျမ်းစာ
စစ်ဝတ်တန်ဆာဖြင့်
သားတော်မောင်
ချီကာပွဲအောင်လေမို့
ခြေလှမ်းတိုင်းတွင်ပဲ့ပြင်
ကူမလှည့်ပါ ကျွန်ုပ်၏ သခင် ။



ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages