ဓမ္မရေ တစ်စက်မျှတောင်
ဆင့်ကမ်းခွင့်မရှိတဲ့ဘဝမှာ
တခါတလေ အမေ့ကို လွမ်းလို့
ထူးအိမ်သင် သီချင်းကို အငှါးဆိုမိလေရဲ့ ...
တခါတလေ အမေ့ကို လွမ်းရင်း
အမေ့ ကဗျာလေးတွေ ရေးသီနေတတ်ရဲ့.....
တခါတလေ အမေ့ကို လွမ်းရင်း
အမေ အရွယ်တွေကို ငှါးငှါးခေါ်မိနေလေရဲ့....
တခါတလေ အမေ့ကို လွမ်းရင်း
သား အရွယ်တွေကို ငှါးငှါးချီမိတယ်...
တခါတလေ အမေ့ကို လွမ်းရင်း
မြန်မာပြည် မြေပုံကို တမ်းတမ်းတတ အလွမ်းပြေ စိတ်ညွတ်ကြည်နူးမိရဲ့...
တခါတလေ အမေ့ကို လွမ်းရင်
လိမ်ညာတတ်တဲ့ စာတန်
ဟို အကောင်ကို စိတ်တွေနာမိလေရဲ့မေမေ ။
ဆယ်မြူရယ်စိုးလွင်
ဆင့်ကမ်းခွင့်မရှိတဲ့ဘဝမှာ
တခါတလေ အမေ့ကို လွမ်းလို့
ထူးအိမ်သင် သီချင်းကို အငှါးဆိုမိလေရဲ့ ...
တခါတလေ အမေ့ကို လွမ်းရင်း
အမေ့ ကဗျာလေးတွေ ရေးသီနေတတ်ရဲ့.....
တခါတလေ အမေ့ကို လွမ်းရင်း
အမေ အရွယ်တွေကို ငှါးငှါးခေါ်မိနေလေရဲ့....
တခါတလေ အမေ့ကို လွမ်းရင်း
သား အရွယ်တွေကို ငှါးငှါးချီမိတယ်...
တခါတလေ အမေ့ကို လွမ်းရင်း
မြန်မာပြည် မြေပုံကို တမ်းတမ်းတတ အလွမ်းပြေ စိတ်ညွတ်ကြည်နူးမိရဲ့...
တခါတလေ အမေ့ကို လွမ်းရင်
လိမ်ညာတတ်တဲ့ စာတန်
ဟို အကောင်ကို စိတ်တွေနာမိလေရဲ့မေမေ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...