ရေဆန်လှေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 28, 2010

ရေဆန်လှေ



မှန်းမျှော်ထားရာ ရောက်ရှိနိုင်ဘို့
နိုးကြားအစဉ် ကြိုးစားယှဉ်၍
မရှိပျင်းရိ အားထုတ်ခဲ့သည်
နေ့ လ နှစ်ရှည် ကြာသော်လည်းလေ။


မျှော်မှန်းပန်းတိုင် မရောက်နိုင်သေးသရွေ့
ဦးဆံမှခြွေး ခြေမဆင်းပါစေ
ရေဆန် လေထန် နေကိုအန်ခဲ မလျော့ဇွဲဖြင့်
သူနိုင်ငါနိုင် ယှဉ်ပြိုင်သည့်ပွဲ
သက်ရှင်လူသား ငါ့စွမ်းပကားကို
သက်မဲ့ ရေ လေ နေ ဘယ်မှာနိုင်ခြေရှိအံ့နည်း။


အချောင်သမားများ ချောင်ထိုးနှက်တတ်တဲ့
အသင့် ( လောက ) နိယာမ ငါသိထားမှတော့
ခက်ခဲတားဆီး ငါမငြီးဘူး
အန္တရာယ်ဝဲလည်း ငါအလျှော့မပေးဘူး
လှေဦးထက်တွင် တက်မ ကိုင်လျှက်
အားမာန်ကိုတင်း လှော်ခတ်ရင်းဖြင့်
ရောင်ဦးနေခြည် ကွန့်မြူးခဲ့ပြီ ။ ။



ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages