အသင်းတော်ငွေကြေး မည်မျှပွင့်လင်းမြင်သာမှုရှိသင့်သနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 10, 2021

အသင်းတော်ငွေကြေး မည်မျှပွင့်လင်းမြင်သာမှုရှိသင့်သနည်း

 နိဒါန်း

 အသင်းတော်ငွေကြေးသည် အချိန်တိုင်းဆက်နွယ် လျက်ရှိပြီး ထိရှလွယ်သောကိစ္စလည်းဖြစ်သလို အသင်းတော် အနေဖြင့် ဂရုပြုရမည့်အငန်းအတာလည်းဖြစ်သည်။ ငွေကြေးနှင့်စပ်ဆိုင်သော အချို့ဖြစ်စဉ်များမှာ လွယ်ကူစွာ နားလည်နိုင် သောအမှုလည်းဖြစ်သည်။ 

 

၁။ မတူကွဲပြားသောငွေကြေးစီမံမှု။

              တစ်စုံတစ်ဦးအနေဖြင့် အသင်းတော်တစ်ပါးကို ငွေကြေးဆိုင်ရာကို ရက်ရောစွာပေးလှူသည်ဆိုပါစို့။ အသင်းတော်၌ ငွေကြေးကိုမည်သို့အသုံးပြုကြောင်း သိမြင်ရှင်းလင်းစေရန်မှာ လွန်စွာကောင်းမွန်သော လုပ်ရပ်လည်းဖြစ်ပါသည်။ 

အချို့ အသင်းတော်များတွင် ငွေကြေးသုံးစွဲမှုကို လူထုမှမဲပေးခြင်း (သို့) သဘောတူညီမှု အပေါ်မူ တည်၍ ဆုံးဖြတ် တတ်ကြသည်။ အချို့အသင်းတော်များက သင်းအုပ် (သို့) ဦးဆောင်သူမှ သာလျင် မည်သို့စီမံခန့်ခွဲ အသုံးပြုနေသည်ကို သိရှိကြ သည်။  သို့သော်လည်း နှုတ်ကပတ်တော်တွင်ရှိသော ငွေကြေး စီမံမှုက ထိုနှစ်ခု အကြားတွင်တည်ရှိနေပါသည်။

 

 ၃။ ကနဦးအသင်းတော်နှင့် ငွေကြေးစီမံမှု။

            ကနဦးအသင်းတော်များက ငွေကြေးကိုမည်သို့စီမံခြင်း (သို့) အစည်းအဝေးထိုင်၍ လုပ်ဆောင်ခြင်း စသော အမှုများ ကိုမည်သို့ပြုမူကြောင်း မှတ်တမ်းတင်ထားခြင်းမတွေ့ကြရ။

            နှုတ်ကပတ်တော်ကို လေ့လာကြည့်မိသမျှငွေကြေးစီမံမှုကို အသင်းတော်ရှိ စိတ်ချရသူ (သို့) စိတ်ချရ သူများမှ ကိုင် တွယ်စီမံမှုပြုကြဟန်ရှိသည်။ ရောမ၊ ၁၅:၂၅-၂၈ နှင့် ၁ ကော၊ ၁၆:၁-၄ ကိုကြည့်လျင် အသင်းတော်များမှ အလှူငွေများကို ကောက်ခံကြပြီးနောက်၊ ထိုရရှိသောငွေကြေးများကို ရှင်ပေါလုနှင့် အခြားခွဲဝေခြင်းပြုမည့်အဖွဲ့များကိုပေးသည်ဟူ၍ တွေ့ရ ပါသည်။

            ထိုအတိုင်းယနေ့ ကျွန်ုပ်တို့မကျင့်သုံးနိုင်ပေဘူးလား။

            ကျင့်သုံးနိုင်ပါသည်။

            နှုတ်ကပတ်တော်၌ ရှင်းလင်းသော လမ်းညွန်မှုကိုမပေးထားခြင်းကို ကြည့်ခြင်းအားဖြင့် ဘုရားသခင် သည် ကျွန်ုပ် တို့အားငွေကြေးဆိုင်ရာ၌ လွတ်လပ်စွာဆောင်ရွက်စေလိုဟန်ရှိပါသည်။

            အသင်းတော်၌ ငွေကြေးဆိုင်ရာ ကော်မတီ၊ ခေါင်းဆောင်၊ သင်းထောက်၊ ဘဏ္ဍာထိန်း (သို့) ကောင်းစွာ စီမံနိုင်သူများ မရှိနိုင်ပေဘူးလား။ ရှိပါသည်။

            အသင်းတော်တစ်ပါးအနေဖြင့် စိတ်ချယုံကြည်ရသောအသင်းတော်ရှိ သူတစ်ဦးအား ထို့အတွက် ဘဏ္ဍာထိန်း (သို့) ငွေကြေးစီမံခန့်ခွဲသူအဖြစ် မခန့်အပ်နိုင်ပေဘူးလား။

            ထိုအတွက်တာဝန်ခံယူမှုနည်းပါးသည်ဟူသော နှုတ်ကပတ်တော်၏ တားမြစ်မှုကိုမတွေ့ရသောကြောင့် “ကျင့်သုံးနိုင် ပါသည်” ဟူ၍သာဖြေရပါလိမ့်မည်။

 

၃။ မည်သို့စီမံကြမည်နည်း။

            မည်သူကတာဝန်ယူမည်နည်းဆိုသောစကားထက် မည်သို့တာဝန်ယူမည်နည်းဟူ၍ ဆိုခြင်းက ပို၍ အရေးကြီးလှပါ သည်။ အသင်းတော်ငွေကြေးများကို မည်သို့စီမံမှုပြုကြမည်နည်း။  

            အသင်းတော်ငွေကြေးများကို ရိုးသားခြင်း၊ တည်ကြည်ခြင်း၊ သစ္စာရှိစွာဖြင့်၊ ထင်သာမြင်သာရှိစွာ ဆောင်ရွက်ကြ မည်ဆိုလျင် “မည်သူက” ဆိုခြင်းမှာ ပြဿနာမဟုတ်တော့။

            “မိုးမပြို ပြိုခဲ့သော်” ဆိုသလို ဘဏ္ဍာထိန်း (သို့) ငွေကိုင်မှငွေကြေး အလွဲသုံးစားပြုနိုင်ခြေရှိသကဲ့သို့၊ ကော်မတီ (သို့) အုပ်စုလိုက်လည်း အလွဲသုံးစားမှုကိုပြုနိုင်ပါသည်။            

            ထို့ကြောင့် အသင်းတော်အနေဖြင့်  ငွေကြေးစီမံမှုကိုပေးအပ်ထားသော “ဘဏ္ဍာထိန်း” (သို့) “ကော်မတီ” တို့ကို စီမံမှု အခွင့်အာဏာပေးအပ်ရာတွင် သတိရှိစွာပြုမူကြရန် လွန်စွာအရေးကြီးပါသည်။ “ငွေကိုမတပ်မက်သောသူ” နှင့် “မိမိအိမ်ကို ကောင်းစွာစီမံမှုပြုနိုင်သောသူ” (၁ တိ၊ ၃:၃-၅) ဟူသော ဂုဏ်ရည်လက္ခဏာမှာ လွန်စွာအရေးကြီးလှပြီး၊ ထိုအတိုင်းလက်တွေ့ ကျင့်သုံးမှုပြုကြရန် လိုအပ်ပါသည်။

 

၄။ တာဝန်ခံယူမှု။

            လူပုဂ္ဂိုလ်တစ်ဦး (သို့) အစုအဖွဲဖြစ်စေ ငွေကြေးဆိုင်ရာ တာဝန်ပေးအပ်ရာတွင် တာဝန်ခံမှုနှင့်အတူ တာဝန်ယူမှုမှာ လွန်စွာအရေးကြီးလှပါသည်။

            မည်သို့သောနည်းစနစ်ဖြင့် ကျင့်သုံးသူဖြစ်နေပါစေ အသင်းတော်များအနေဖြင့် “ပွင့်လင်းမြင်သာမှု” (သို့) “ထင်သာ မြင်သာရှိခြင်း” ဟူသောစနစ်ကိုကျင့်သုံးရန် အရေးကြီးလှပါသည်။ အသင်းတော်အနေဖြင့် ဘုရားသခင်ပေးအပ်လာသော ငွေကြေးကို မည်သို့ကောင်းစွာစီမံခန့်ခွဲမှုပြုကြောင်း အချိန်မရွေး၊ ပြသ၊ ရှင်းလင်း၊ တင်ပြနိုင်ခြင်းများရှိရပါမည်။ ငွေကြေး စီမံခန့်ခွဲမှုစနစ်မကျခြင်းကြောင့် အသင်းတော်များစွာနှင့် သာသနာများစွာတို့သည် မရေမတွက်နိုင်လောက်အောင် ထိခိုက်၊ ပျက်စီးကြရပါသည်။

            အကြောင်းရင်းများစွာရှိသည့်အထဲမှာ ပျက်စီးရခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် တာဝန်ခံယူမှု ကင်းမဲ့ခြင်းတို့ ကြောင့်ဟူ၍တွေ့ရှိကြရပါသည်။ အသေးအမွှားမှစသော သုံးငွေ၊ ရငွေများကို ဖြတ်ပိုင်းများ ပြုရန် တာဝန်ကြီးသောအမှုတစ်ခု ဖြစ်သော်လည်း အသင်းတော်အနေဖြင့် မည်၍မည်မျှဝင်၍၊ မည်သို့ အသုံးပြုသည်ဆိုသော မှတ်တမ်းကား မရှိမဖြစ်လိုအပ်ပါ သည်။ ရှိလည်းရှိသင့်လှပါသည်။

 

၅။ စာရင်းအင်းထားရှိခြင်း။

            အထူးသဖြင့် လစာအတွက်ကျန်ကျမှု၊ မီတာ၊ ရေ၊ ကား၊ အသင်းတော်ပြင်ဆင်မှု၊ အထွေထွေ အသုံး စာရိတ် အစရှိ သဖြင့် ဝင်ငွေ၊ ထွက်ငွေတို့ကို စာရင်းပြုစုထားရန်အရေးကြီးလှပါသည်။

            အသင်းတော်ရှိသူတိုင်းအနေဖြင့် အသင်းတော်ခေါင်းဆောင် (သို့) ငွေကြေးစီမံမှုပြုသူအပေါ်တွင် ငွေကြေးနှင့်ပတ် သက်လာလျင် ဥဿုံစိတ်ချမှုရှိနေရန်လိုအပ်ပါသည်။ သခင်ဘုရားပေးအပ်တော်မူသော စိတ်ထားနှင့် လမ်းပြမှုသည် အသင်း တော်နှင့်ငွေကြေးစီမံမှုပြုသူများအပေါ်၌ သက်ရောက်တည်ရှိပါစေဟူ၍ ဆန္ဒပြုအပ်ပါသည်။

            အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။” (မ၊ မ၊ ၂၅:၂၁)။ 

 

 

နာမတော်မြတ်၌ 

ဆယ်မြူရယ်စိုးလွင်

  

မှတ်ချက်။ How transparent should church finances be? အားမြန်မာမူပြုပါသည်။

           



 

 


 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages