ဖန်ဆင်းရှင်ရှိသော စကြာဝဠာနှင့် ဘုန်းကြီးမဝတ်ခဲ့သောယေရှု - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 4, 2017

ဖန်ဆင်းရှင်ရှိသော စကြာဝဠာနှင့် ဘုန်းကြီးမဝတ်ခဲ့သောယေရှု


 
 
 
 
 
 
မြန်မာ့ရေခံမြေခံနှင့် လိုအပ်မှုကို ဖြည့်ဆည်းပေးသော စာအုပ်....

 
ဂရိစကားမှ ဆင်းသက်ခြင်း
 
Apologetic ဆိုသည်မှာ ဂရိ စကားလုံး (apologia) မှ ဆင်းသက်ခြင်းဖြစ်သည်။ သဘောတရားအားဖြင့်၊ ကိစ္စရပ် တစ်ခုခု အတွက် အဖြေစကား ပေးခြင်း၊ ခုခံ ချေပခြင်း၊ သက်သသောဓက ပြခြင်း ဟု ဆိုလိုသည်။

တရားခွင် စကားလုံးဖြစ်ခြင်း
 
 ရှေးယခင်၊ အေသင် တရားခွင်၊ တရားရုံးများတွင် မည်သည့် ချေပခြင်း ဆိုင်ရာအတွက်ကို၊ မည်သည့် စွပ်စွဲချက်ကို မဆို ပြန်လည် ချေပ ရန် အတွက် တရားပြိုင် သို့မဟုတ် ခုခံ ချေပသူကို ကို ခွင့်ပြုထားသည်။ ဤကဲ့သို့သော အနေအထားမျိုးတွင် (defendant) တရားပြိုင်၏ မည်သည့် အဆိုပြုချက်ကိုမဆို Apologetic ပြုခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် Apologetic သည် ခရစ်ယာန် သို့မဟုတ် ယုံကြည်ခြင်း ဆိုင်ရာ အတွက် အသုံးပြုလေ့ရှိသည်။ တရားခွင်တို့အတွက် သုံးနှုန်းသော စကားလုံးမှာ (apologia) ဖြစ်သည်။ [1]

Apologia နှင့်ပတ်​သက်​ပြီး အ​ကောင်​းဆုံး ဥပမာတစ်​ခုမှာ ဆိုက​ရေးတီးမှ ထူးဆန်းသောနတ်​ ဘုရား မျ​ားအ​ကြောင်း တရား​ဟော​ပြောခြင်းအတွက်​ တရားစွဲဆိုခံခဲ့ရသည်။ သူလည်း ​​ခုခံ​ချေပ ခွင့်ရခဲ့သည်။ ယင်း ကိစ္စရပ်အတွက် ဆိုက​ရေးတီး၏ အ​ကြော်​ကြားဆုံးတပည့်ဖြစ်​သူ ပ​လေတိုမှ Apology ဟု​ခေါ်သည်​့ ဒိုင်​ယာလော့ တွင်​ ခုခံ​ ချေပခြင်​း၊ အဖြေစကား တစ်​ခုအဖြစ်​ ပြန်​လည်​ ​ပြောကြားခဲ့သည်​။ 
 
ဓမ္မသစ်ကျမ်းရှိ အနက် အဓိပ္ပါယ်
ဓမ္မသစ်ကျမ်းတွင် ထို စကားလုံးအား နာမ် ပုဒ် (apologia) အဖြစ်သော်လည်းကောင်း၊ ကြိယာ ပုဒ် (apologeomai) အဖြစ်သော်လည်းကောင်း၊ စုစုပေါင်း ၁၇ ကြိမ်ဖော်ပြထားသည်။ မည်သည့် ကိစ္စရပ်အတွက် မဆို အဖြေစကားဆိုခြင်း နှင့် သက်သေထူ၊ သက်သေပြခြင်း ဟူ၍သာ အနက် အဓိပ္ပါယ် ကို ဖော်ဆောင်သည်။ သမ္မာကျမ်းစာ ရှိ ကိစ္စရပ်တိုင်းတွင် ဘုရားသခင်အား မိတ်ဆက်ခြင်း၊ ဧဝံဂေလိ စသည်တို့ အတွက် အစဉ်သဖြင့် အဖြေစကားကို ပေးလေ့ရှိကြောင်းတွေ့ရသည်။ [2] ခေတ်စကားအရ ပြောရလျှင်၊ အလင်းပြခြင်း သော်လည်း ကောင်း၊ ရင်ဖွင့်ခြင်း လည်း မည်၏။

အဓိက ရည်ညွှန်းလိုသော ကျမ်းပိုဒ်
 
(1Pet 3:15 [NIV]) But in your hearts set apart Christ as Lord. Always be prepared to give an answer to everyone who asks you to give the reason for the hope that you have. But do this with gentleness and respect. ၁ ပေ ၃း၁၅၊ စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ 
 
သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။
 
မြန်မာ ပြည်တွင် ခရယာန်တို့အား အမေးများသော အရာမှာ၊ "ဘုရားသခင်ကို ဘယ်သူဖန်ဆင်းလဲ၊ ခရစ်တော်က ဘုရားသခင်လား၊ သူက ဘာလို့ ပုံစိုးပန်းဆိုးနဲ့ အသတ်ခံရသလဲ၊" စသော အရာများ နည်းတူ၊ "ဘုရားသခင်က သွေးဆာတဲ့ဘုရား၊ ယမကာ သိပ်ကြိုက်တာ၊ ယေရှုက ဂေး၊ သူ့အမေကလည်း ပြည့်တန်ဆာမို့ လင်ကောင်မပေါ်ဘူး" စသည့် (Accusation, စွပ်စွဲချက်များ) ကို လည်းတွေ့ရတတ်သည်။

မည်သို့ပင်ဖြစ်စေ၊ ရှင်ပေတရုသြဝါဒစာ ပထမစာစောင်တွင်မူ၊ ထိုအခြင်းအရာတို့သည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း ကို မေးသည်ဟုသာ ခံယူရန်နှင့်၊ ပြန်လည် အဖြေစကား ဆိုရာတွင် နူးညံ့ခြင်း၊ လေးစားခြင်း နှင့် သာ ဖြေဆိုရန် အားပေးထားသည်။ ယုံကြည်သူတိုင်းကို ပြင်ဆင်ထားရန် အားပေးထားပါသည်။

နိဂုံး။ 
Apologetic သည် အဖြေစကားကို၊ နူးညံ့သော သဘော၊ လေးစားသော၊ သံတမန်ရေးရာ ဆန်ဆန်၊ လက်တွေ့ကျကျ သာဓကများဖြင့် မိမိတို့၏ ယုံကြည်ခြင်း ကို သက်သေထူခြင်းပင်ဖြစ်လေသည်။

အကိုးအကား 1 Martin Batts, “A Summary and Critique of the Historical Apologetic of John Warwick Montgomery” (Th.M. thesis, Dallas Theological Seminary, 1977), 1.
2 Unless otherwise indicated, all biblical quotations are from the “Updated Edition” of the New American Standard Bible, or nasb (La Habra, Calif.: Lockman Foundation, 1995; Grand Rapids: Zondervan, 1999). Other translations cited include the New International Version (niv) and the New Revised Standard Version (nrsv).
Plato: The Apology of Socrates
Holy Bible (NIV, ယုဒသန် ဘာသာပြန် မြန်မာကျမ်းစာ)

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages