သူတော်ကောင်း၏ဆုတောင်းမှု (၂) - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, July 22, 2016

သူတော်ကောင်း၏ဆုတောင်းမှု (၂)



၂။ တန်ခိုးပါသောသူတော်ကောင်းဆုတောင်းခြင်း။

 
မာရီးယန်ဝဘ်စတာအဘိဓါန်အရ သူတော်ကောင်းဟူသည် ”ဘုရားသခင်၏သမ္မာ တရားနှင့် အသက်ရှင်၍ အပြစ်တင်ခွင့်ကင်းသောသူ”ဟူ၍ တွေ့ရပါသည်။ 

သို့သော် ရောမ ၃း၁ဝ တွင် ”ဖြောင့်မတ်သော သူမရှိ၊ တစ်ယောက်မျှမရှိ” ”အကြောင်းမူကား တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်” (ရော ၂း၁၃) နှင့် ”ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင် ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ’ ‘(ရော ၃း၂ဝ) ဟူ၍ တွေ့ကြရသည်။


အပြစ်တရားသည် ကနဦး၊ ဖန်ဆင်းခံအာဒံအားဖြင့် ဤလောကသို့ဝင်ရောက် လာသောကြောင့် လူသားမျိုးနွယ် အားလုံးအပြစ် တရားအတိုင်း စီရင်ခြင်းသို့ ရောက်ကြရသည်။ (ရောမ ၅း၁၂၊ ၁၈) အပြစ် ရှိသောကြောင့် လူတိုင်း ဘုရားသခင်ရှေ့တော်တွင် အသရေပျက်ကြရသည်ကား လူမျိုးစုတစ်ဆက် နှင့်တစ်ဆက် ကြားတွင်ပြောင်းလဲခြင်းရှိသောကြောင့် စစ်မှန်သောဖြောင့်မတ် ခြင်း၏စံမမည်နိုင်။ ဘုရားသခင်၏ စံနှုန်းကားပြောင်းလဲခြင်းကင်းလွတ်သောကြောင့် မှန်သော စံနှုန်းမည်၏ (ရော၃း၂၁-၂၃)။


ထို့ကြောင့်လည်း ”လူမည်သည်ကား ပညတ်တရား၏အကျင့်မရှိဘဲယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်တတ်သည်။ ” (ရော ၃း၂၈) ဟုဆိုသော ကြောင့် ယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်သည် မဟုတ် သာ၍တည်စေခြင်းပင်ဖြစ်သည်။


(ရော  ၃း၃၁)ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်လျှင် အပြစ်မှ သီးသန့်ခွဲခြားထားသော သူများဖြစ်ပြီး စင်ကြယ်သော အသီးအပွင့်များနှင့်အတူ ဘုရားရှင်ထံခစား ဝင်သောသူများဖြစ်ကြသည်။ ဘုရားသခင်၏ အလိုတော်နှင့်မညီသော မုသား
တရား ဇာတိအသက်တာကို ဖယ်ခွာ၍ နှုတ်တော်ထွက်စကားတော်၌ ကျင်လည်ကြရမည်။


နေ့ညမပြတ် နှုတ်ကပတ်တော်နှင့် မွေ့လျော်၍ လက်တွေ့အသက်ရှင် သောယုံကြည်သူများအား ဘုရားသခင်ကိုယ်တော်တိုင်က ”ဖြောင့်မတ်သူ” ဟု အသိ အမှတ်ပြုကာ ဆုတောင်းရာတွင် နားညောင်း အဖြေပေးဘုန်းတော်ထင်ရှားစေသည်။


ဘုရားကျောင်းကန် တက်သော်လည်း ညီအစ်ကိုချင်းမသင့်မမြတ်၊ နာခံ ခြင်းမရှိဒုစရိုက်ကိုပြုလျက် ဘုရားသခင်နှင့် သူ့အကြား အပြစ်တံတိုင်းကို တည်ဆောက် နေသူ၏ ဆုတောင်းခြင်း အား ဘုရားသခင် မည်သို့နားညောင်းပါအံ့နည်း။အလိုတော်နှင့်အညီ အသက်ရှင်ကာ မေတ္တာကိုရှေ့ထား၍ နာခံသောသူ၏ဆု တောင်းခြင်းကို ဘုရားသခင်က ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်းဟု သိမှတ်ပြုလျက် တန်ခိုးအစွမ်းနှင့်ပြည့်စုံရန် ခွန်အားကို ပေးတော်မူသည်။


ရှင်လုကာ ၁၈း၁-၁၈ တွင် ဇွဲမလျော့သောမုဆိုးမ၏ အသက်တာကို တွေ့ရသည်။ လူကိုလည်းအားမနာ ဘုရားသခင်ကိုလည်း မကြောက်တဲ့ရှေ့နေကြီးထံ အခက်အခဲကို ဖြေရှင်းပေးရန်လာသောသူဖြစ်သည်။ ဘုရားသခင်ကို မကြောက် လူကိုအားမနာ တတ်ငြားလည်း အဆုံးတွင်မုဆိုးမပြဿနာကို ကူညီပေးခဲ့သည်။
တရားသူကြီးဆိုသည်စကားမှာ ”ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူဖြစ်သော်လည်း၊ ဤမုဆိုးမသည် ငါ့ကို နှောင့်ယှက်သော ကြောင့် သူ့ဘက်၌ တရားစီရင်မည်။သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေ တော်မူမည်” (လု ၁၈း၈) ဟူ၍ဖြစ်သည်။တဖန် ”မတရားသော ထိုတရားသူကြီး၏ အကြံကို သိမှတ်လော့၊ ဘုရားသခင် ရွေးကောက် တော်မူသော သူတို့သည် နေ့ညဉ့်မပြတ်အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော၊ ကြာမြင့်စွာသည်ခံတော်မူမည်လော့” (လု ၁၈းရ-၈) ဟူ၍ မိန့်တော်မူသည်။


ကျွန်ုပ်တို့အနီးတွင် မိမိကိုယ်ကိုမိမိ ယုံကြည်သူ ဘုရားသားသမီးဟုဆို၍နေ့ညဉ့် အစာရှောင် ဆုတောင်းခြင်း ပြုကြသော်လည်း အဖြေ မရသူများကို တွေ့ရပေ မည်။ ထိုသူတို့၏အခြေအနေမှန်မှာ ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်သောသူများ မဟုတ်သေးသည်ကို သတိပြုရန်ဖြစ်သည်။


ဖိ ၄း၆-၇ တွင် မိန့်တော်မူသည်ကား ”အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲအရာရာ၌ ကျေးဇူးတော် ချီးမွမ်း ခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့်သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင် အား ကြားလျှောက်ကြ လော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့ စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။” ဘုရားသခင်၏ရှေ့တော်တွင် အဘယ်မျှသော ဖြောင့်မတ်သူဖြစ်ခြင်း၊ မေတ္တာတရား ရှေ့ထား၍ယုံကြည်စွာ ဆုတောင်းခြင်းတို့နှင့်အညီ ရရှိသောအဖြေတို့သည် ထပ်တူထပ်မျှ ပင်ဖြစ်သည်။  ဖြောင့်မတ်သောအသက်တာစံနှုန်းနှင့် ညီလာသည်နှင့် အမျှဆုတောင်းခြင်း၏ အဖြေကို ထပ်တူထပ်မျှခံစားကာ ဘုရားသခင်ဘုန်းတော်ကိုလည်းထင်ရှား စေသည်။


ထို့ကြောင့် မိမိအသက်တာနှင့်ဘုရားအကြား ခြားနားစေသောအပြစ်တံတိုင်းကို ချိုးဖျက်ခြင်းသည် လွန်စွာအရေးပါလှပြီး ဘုရားသခင် မျက်မှောက်တွင် ဖြောင့်မတ်သူ ဟူသောစံနှင်မေတ္တာကိုရှေ့ကထားလျက် ယုံကြည်စွာ ဆုတောင်းရမည်တို့မှာ လည်း လွန်စွာအရေးပါသောအခန်းကဏ္ဍတွင်ရှိသည်။


၃။ ဆုကျေးဇူးနှင့်အစွမ်းတန်ခိုး။
ဆုကျေးဇူးသည် ဘုရားသခင်၏ မေတ္တာတော်နှင့်အညီလူတိုင်း ကိုပေးသ နားတော်မူသော ကျေးဇူးတရား သက်သက်ပင်ဖြစ် သည်။ ဆုတောင်းလာသည်နှင့်အမျှ သာ၍ ဆန္ဒတိုးပွားကာအထံတော်တွင် ဆုကျေးဇူးများကိုသာ၍ တောင်းခံလိုသည်။ အချိန် တိုင်း၌ မိမိဆန္ဒကိုရှေ့တန်းတင်ကာ တောင်းလျှောက် လိုကောင်း တောင်းလျှောက် လိုပေမည်။ ဘုရားသခင်၏ မျက်မှောက်တွင် မှန်သောအရာမဟုတ်၊ ပျက်စီးခြင်း သို့သာ ရောက်စေသည့်အရာဖြစ်သောကြောင့် သမ္မာသတိဖြင့် သတိပြု သင့်သည်။


တမန်တော် ၈ တွင် ရှိမုန်အမည်ရှိသော နတ်ဝိဇ္ဇာသည် ဖိလပုထံတွင်တရားကို ကြားနာရပြီနောက်တွင် လိုက်ပါကာ တန်ခိုး၊ နိမိတ်လက္ခဏာအံ့သြ ဖွယ်ကိုမြင် တွေ့ရသည်။ (တ ၈း၉-၁၃) ယောဟန်နှင့် ပေတရုတို့ လက်တင် ဆုတောင်းသောအခါ ဝိညာဉ်တော်ဆင်းသက်သည်ကို မြင်တွေ့ရသဖြင့် ”အကျွန်ုပ်၏ လက်တင်ခြင်းကို ခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစေမည့်အကြောင်းအကျွန်ုပ်ကို အခွင့်ပေးပါ” ဟု ငွေကိုပေးကာ တောင်းဆိုခဲ့သည်။


(တမန် ၈း၁၇-၁၉)သူ၏ စကားအား ပေတရုမှ ”ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟုအကြံ ရှိသောကြောင့် သင်နှင့်တကွ သင်၏ငွေသည် ပျက်စီး ခြင်းသို့ ရောက်ပါစေ။သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား သင်၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ၊ ထို့ကြောင့် သင်၌ယခုဆိုးညစ်သော အမှုကို နောင်တရလော့။ သင်၏ စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကိုလွတ်ကောင်းလွတ်လိမ့်မည်ဖြစ်၍ ဘုရား သခင်ကို တောင်းပန်လော့။ သင်သည် ခါးလှစွာသော သည်းခြေစွဲသည်ဖြစ်၍ ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည် ” (တမန်တော် ၈း၂ဝ-၂၃) ဟု ပြန်၍ဆုံးမခဲ့သည်။


ဆုကျေးဇူးဟူသည် ဘုရားသခင်ကိုဖော်ကျူး၍ လူအပေါင်းတို့အား ကယ်တင်ခြင်းသို့ ရောက်စေသည် ဖြစ်သောကြောင့် ထိုသူတို့သည် ဝိညာဉ်တော်၏လမ်းပြမှု အောက်တွင်လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဆုကျေးဇူးကိုမတောင်းလျှောက်မှီ ဦးစွာမျက်မှောက်တော်၌ဖြောင့်မတ်သောသူဖြစ်ရန်လိုအပ်သည်။


ကျွန်ုပ်တို့ စိတ်ဝိညာဉ်သည် ကြီးထွားလာပြီး ဘုရားသခင်၏တန်ဆာပလာများ ဖြစ်လာသောအခါ ဘုရားသခင်က သူ၏ အလိုတော်နှင့် အညီ ဝိညာဉ်တော်၏ လမ်းပြမှု အောက်၌ဆုကျေးဇူးကို တောင်းလျှောက် စေရန် အခွင့်ပေးကာ တောင်းသော ဆုကိုလည်း နားညောင်းအဖြေပေးတော်မူမည်။


ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဖခင်တို့သည် ယုံကြည်ခြင်းအပေါ်တွင် ဘုရားသခင်က အကြံအစည်တော်နှင် အညီ အသုံးပြုသွား သည်ကို ကျွန်ုပ်တို့အားလုံး သိကြသည်။ အချို့က ဘုရားသခင်ဘုန်းတော်ကို အံ့သြဘွယ် ထင်ရှားစေပြီး အချို့ဘုန်းတော် ထင်ရှားခြင်းမရှိဘဲ ပရောဖက်ပြုခဲ့ကြသလို အချို့ကား သွန်သင်မြဲ သွန်သင်နေခဲ့ကြသည်။ ယုံကြည်ခြင်းနှင့်မေတ္တာတရားကို ခံစားလာသည်နှင့်အမျှ ဘုရားသခင်သည် ကြီးစွာသော ယုံကြည်ခြင်းကို ပေးတော်မူပြီး အံ့ဖွယ်တန်ခိုး နိမိတ်လက္ခဏာများကို ပြုစေတော်မူသည်။


ဖါရော အိမ်ရှေ့မင်းသားဘဝ၌ မောရှေသည် စိတ်လျင်မြန်သူဖြစ်သဖြင့်ဣသရေလ အမျိုးသား အပေါ်အနိုင်ကျင့်သောသူကို အလျင်အမြန်သတ်ပစ်လိုက်သည်။ (ထွက် ၂း၁၂) ဘုရားသခင်၏ သွန်သင်မှုပေါင်းများစွာကို ခံယူပြီးနောက်ကမ္ဘာပေါ်တွင် အနိမ့်ချဆုံးသောသူဖြစ်လာသည်။ တဖန် အကြီးမား ဆုံးသောယုံကြည် ခြင်းကို ပိုင်ဆိုင်သူဖြစ်၍ ဣသရေလလူမျိုးတော်များအား အဲဂုတ္တုပြည်မှအံ့သြဘွယ်ရာ တန်ခိုးနိမိတ်လက္ခဏာအသွယ်သွယ်ဖြင့် ခေါ်ထုတ်ခဲ့သည်။ (တော၁၂း၃) ပရောဖက်ဧလိယ၏ ဆုတောင်းခြင်းကိုလည်း ကျွန်ုပ်တို့သိကြသည်”ဧလိယသည် ငါတို့ကဲ့သို့ လောကဓံ တရား၌ ကျင်လည်သောသူဖြစ်သော်လည်း မိုးမရွာမည့် အကြောင်း အထူးသဖြင့် ဆုတောင်းသော အခါ သုံးနှစ်နှင့်ခြောက်လပတ်လုံးမြေပေါ်သို့ မိုးမရွာဘဲနေ၏။


တဖန်ဆုတောင်းသောအခါ မိုးကောင်ကင်သည်မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏” (ယာ ၅း၁၇-၁၈)။


သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုးပါ၏ဟု သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဖတ်မိကြသည်။


သူတော်ကောင်း (ဖြောင့် မတ်သူ)၏ခွန်အားနှင့်တန်ခိုးတို့သည် ကွဲပြားကြသည်။ နာရီပေါင်းများစွာ ဆုတောင်းလည်းအချို့မှာ အဖြေကိုမရရှိကြ၊ တဖန်ကြီးစွာသောဆုတောင်းခြင်းမှ အဖြေနှင့်ဘုန်းတော်ကိုထင်ရှားစေသည်ကိုလည်းရှိသည်။ ယုံကြည်ခြင်း၊ မေတ္တာ တရားဖြင့်စွန့်လျက် အနစ်နာခံသူတို့၏ အသက်တာကို ဘုရားသခင် အားရနှစ်သက် တော်မူပြီးနိမိတ်လက္ခဏ ာများကို ဖြစ်စေ၍ ဘုန်းတော် ထင်ရှားစေသည်။အစအဦး၌ ကျွနု်ပ်တို့သည် ဖြောင့်မတ်သောသူ (သူတော်ကောင်း)မဟုတ်သော်လည်း ခရစ်တော် ဘုရားအား ကိုးစားယုံကြည်ပြီးနောက် ဖြောင့်မတ်သောသူ (သူတော်ကောင်း) ဖြစ်လာသည်။ နှုတ်ကပတ်တော် တရားကို ကြားနာခံယူ၍မသမာသောဇာတိသဘောကို ဖယ်ခွာလာသည်နှင့်အမျှ ကျွန်ုပ်တို့စိတ်ဝိညာဉ်သည် ကြီးထွားလျက် ဖြောင့်မတ်သော (သူတော်ကောင်း) ဘဝကို ရရှိလာလေဖြစ်သည်။


တမန်တော်ရှင်ပေါလုကဲ့သို့ ”ငါသည် နေ့တိုင်းအသေခံရ၏” (၁ကော၁၅း၃၁) ဟူသော ဝန်ခံချက်နှင့်အညီ နေ့စဉ်အလင်းတရား၌ ကျင်လည်လာသည်နှင့်အမျှ သာ၍ဖြောင့်မတ်သောသူအဖြစ်သို့ ရောက်ရှိမည်။အယောက်တိုင်း မိမိ၏အတိတ်ကာလမှ ယနေ့ အချိန်ထိ ဘုရားရှင်နှင့်ကျွန်ုပ်တို့အကြားထံတိုင်းကို တည်ဆောက်နေခြင်းလား (သို့) နှောင့်နှေးခြင်းမရှိဖြိုဖျက်သူလားဆိုသည်ကို ဆင်ခြင်သိမှတ်ရန် တောင်းဆို ပါရစေ။


အယောက်တိုင်း ဖြောင့်မတ်သောသူ (သူတော်ကောင်း) ကဲ့သို့ မေတ္တာတရား ၌ စွန့်လွတ် အနစ်နာခံခြင်း၊ယုံကြည်ခြင်းဖြင့်နာခံ၍ ပြုလေသမျှတို့၌ ကောင်းကြီး မင်္ဂလာကို ကြွယ်ဝစွာခံစားပြီး မဆိုင်းမတွ ဘုရားသခင် ဘုန်းတော် ထင်ရှား စေသူများ ဖြစ်ဖို့ သခင် ယေရှုခရစ်နာမဖြင့် ကျွနု်ပ်ဆုတောင်းပါ၏။


ဆယ်မြူရာယ်စိုးလွင်


ဝန်ခံချက်။ ။ Dr. Jaerock Lee ၏  Keeping watch and pray! အားမြန်မာမူပြုပါသည်။


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages