ဆန္ဒရှိရာသင့်စိတ်သာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, May 20, 2010

ဆန္ဒရှိရာသင့်စိတ်သာ



အမြဲတမ်းတော့ မဟုတ်ပေမဲ့
လွမ်းတတ်တဲ့ စိတ်တွေနှင့်
နေ့နေ့ ညည ဖြစ်တည်ခဲ့တတ်ခဲ့ပေမဲ့
သခင့်အတွက်ဆို
ဘယ့်အတွက်များ
ငါ မလွမ်းတတ်သလဲ .....

အကောင်းဆုံးတော့မဟုတ်ပေမဲ့
မှတ်မှတ်ရရ အဖြစ်တွေနှင့်
လူတကာကို ဖေးကူတတ်ပေမဲ့
သခင့် အမှုတော်အတွက်ဆို
ဘယ့်အတွက်များ
ငါ မပါဝင်အားတာလဲ ...

အတော်ဆုံးတော့မဟုတ်ခဲ့ပေမဲ့
လုံးလ ကြိုးကုတ် အားထုတ်မှုတွေနှင့်
ကျရာကဏ္ဍမှာအစွမ်းကုန် လုပ်ခဲ့ပေမဲ့
သခင့်အတွက် ဆိုရင်
ဘယ့်အတွက်များ
အလိုတော်ပင် မသိငြားတတ်တာလဲ ....

နောက်ဆုံးတော့
သခင်က ငါ့ကိုဆို
ဘဏ္ဍာရှိရာသင့်စိတ်သာယာသည်
ထိုအရပ်သာသင့်စိတ်ပါသည်
အကြောင်းရင်းကားဆို
“သင့်မနောက အရင်းအမြစ်ဟူလို” တဲ့ ။ ။


ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages