အသစ်ဝေစေတာကျမ်းသမ္မာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, May 20, 2010

အသစ်ဝေစေတာကျမ်းသမ္မာ



ညစ်နွမ်းတဲ့ ဒြပ်ဝတ္ထုတွေကို လျှော်ဖွတ်ဆေးကြော
ထုထောင်းရိုက်ချေ Powder တွေ
Liquid တွေ Detergent တွေနဲ့သာမက
Technical နည်းတွေဖြင့်
အစို လျှော်လား ။ အခြောက် လျှော်လား
ကြိုက်ရာရွေး ။


သန့်စင်ပေးတော့
Miracle အသွင်ပြောင်း ညစ်နွမ်းတဲ့ ဒြပ်ဝတ္ထုဟာ
နှုတ်ဖျားမှာ သြချရ ။
အသစ်ပြုတဲ့ ဒီကာလ ။

နှစ်ဟောင်းကိုပစ် ။ နှစ်သစ်ကိုဆက်ဖို့
ခေါင်းလျှော်ဆေးကြော ဝတ်စားသစ်လွင်
ပြောင်ပြောင်တောက်တောက် ဖြူဖြူလို့ခေါ်ရလောက်အောင်
လုံချည်ဖြူဖြူ ရှပ်ဖြူဖြူနှင် စွပ်ကျယ်ဖြူဖြူ
ဟိုဒီဟာတွေ အရာရာ ဖြူနေလည်း
မဲညစ်တဲ့နှလုံးသားကိုတော့ ဆေးကြောဖို့မေ့သူများ ။

ကြက်မှာအရိုးလူမှာအမျိုးတဲ့
Miracle တွေကို Update စနစ်တွေနဲ့
မွမ်းမံပြုပြင် အသစ်ထွင်လည်း
တိုးတက်တဲ့ ဒီခေတ်မှာ ညစ်နွမ်းတဲ့နှလုံးသား
ဖြူစင်သွားဖို့ ဓါတုဆေးလည်း မတည်ရှိ
Formula လည်းမရှိ
မျိုးဆက်သစ်တို့က ဒါကိုမသိ ။

အရင်လို လမ်းအို လိုက်တဲ့ အသစ်အသစ်ဟု လိုက်အော်
ခေတ်ပေါ် Duplicate အကြား နှလုံးဖြူဖြူ စိတ်ဖြူဖြူဖြင့်
နှစ်သစ်ကို ခရီးဆက်နှင်ဖို့ မက်လုံး ပေးပေမဲ့
နှလုံးသွေး ပျက်စေမဲ့ အော်ကာ ညာတဲ့
အလိမ် အညာတွေကို ပစ်ပယ် ပြီး
လမ်းဟောင်းတိုင်းသာ လှမ်းခဲ့ပါတော့ ။

လမ်းဟောင်းလို့ ဆိုပေမဲ့ ။ အဖုအထစ် ကင်းတဲ့လမ်း
ကောက်ကွေ့မှုတွေ ရှင်းတဲ့လမ်း ။
အဆိပ်အတောက်လည်း ကင်း
Fake နှင့် Trick လည်းကင်းပြီး ပြောင်းလဲခြင်းမရှိ
ကာလ အစဉ်အဆက် Genuine ဂုဏ်တွေဝင့်ပြီး
ခေတ်နောက် ဘယ်ခါမကျ ။
အကျိုးလွန် ပေါက်မြောက်၍
နှစ်သစ်။ လသစ် ။ နေ့ရက်သစ်နှင့် ။
အသစ် အသစ်တွေကို ပိုင်ဆိုင်ဘို့
လူသစ်တိုင်း လွန် အားထားတာ ။
ထာဝရဘုရား၏သမွ္မာကျမ်းပါ ။ ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages