နွေဦးနှင့်မောင်သူ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, February 12, 2010

နွေဦးနှင့်မောင်သူ

 

 

 

 

 

 

တခါက နွေဦး ဆိုသောလူငယ်လေး

တစ်ဦး သည် မိဘစကားကို အလွန်နားထောင် လေ့ရှိသည်သာမက လက်တွေ့လုပ်ဆောင်လေ့လည်း ရှိလေသည်။

 
ထို ကဲ့သို နေထိုင်ရာမှ ဓမ္မဆရာ တဦးနှင့် တွေ့ကာဧဝံဂေလိတရားကို ကြားနာရပြီး ခရစ်တော်အား ခေါ်ဖိတ်လက်ခံခဲ့လေသည် ၊ ရရှိသောတရားအတွက် အင်မတန်ဝမ်းမြောက်ပြီး မိမိနေရပ်ဌာနေသို့ ပြန်သွားကာ ပုံသက်သေအကောင်းဆုံးဖြင့် အသက်ရှင်မည်ဟု စိတ်ဆုံးဖြတ်၍ အသက်ရှင်လေသည်။


 တနေ့အမှတ်မထင် အိမ်ရှေ့တွင် သန့်ရှင်းရေးလုပ်နေခိုက် ကိုမောင်သူ တယောက်ဝင်လာကာ...

 "နွေဦး မင်းက ခရစ်ယာန်ဖြစ်သွားပြီးတဲ့နောက်မှာ ရိုင်းလာတယ်ဆို "

 တံမြက်စည်းလှည်း နေရာမှ ကိုယ်ကိုမတ်လိုက်ရင်း ဝင်လာသော ကိုမောင်သူ အား သူရိုသေစွာ စကားဆိုခွန်း တုန့်ပြန်လိုက်သည်။

  "ကျွန်တော်ဘာတွေရိုင်းနေလို့လည်း ခင်ဗျာ"
  "ဟာ မင်းရိုင်းတာ မင်းမသိဘူးလား မိစ္ဆာဒိဌိ၊ မိဘကို ရှိခိုးရကောင်းမှန်း မသိဘာမသိနှင့်  ကိုယ့်ရဲ့မွေးမိခင်ကို တောင်စော်ကားရဲတဲ့ကောင် ဒီထက်ရိုင်းတာဘာရှိသေးလို့လည်း ကွ"

 "ဟာဒီလို တော့မမြောပါနဲ့ဗျာ ဘုရားနေရာမှာ အခြားအရာမထားရဘူးလို့ဘုရားကိုယ်တိုင်က မိန့်ကြားထား လို့ပါ ကျေးဇူးသိတတ်ခြင်းဆိုတာ လက်တွေ့နဲ့သာဆိုင်ပါတယ်၊ မျက်မြင်အမူအရာတွေနှင့် ဆုံးဖြတ်လို့မရပါဘူး  "

"   ဟား ဟား ဟား ဒီမှာနွေဦး မင့်လောက်ရိုင်းတဲ့ သူကိုတော့ ငါမတွေ့ဘူးသေးဘူး "

"အေးပါဗျာ ကိုမောင်သူ ပြောတာတွေမှန်သလား မှားသလားဆိုတာ အချိန်က ပြောသွားပါလိမ့်မယ် "

"  ဟေ့ ကောင် လုပ်မနေနဲ့ဘယ်ဘုရားကမှ မိဘ ကိုမရိုသေရဘူးလို့ဟောမှာမဟုတ်ဘူး ယေရှူက အဲ့သလိုဟောသလား "

" ယေရှူက သားသမီးတို့သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကိုနား ထောင်ကြလော့လို့ ဆိုထားပါတယ် ရှိခိုးဦးချတာနဲ့ ကျေးဇူးသိတတ်တာက တခြား တကဏ္ဍပါဗျာ၊ ပါးစပ်ကဘုရား ဘုရား လက်ကကားယားကားယား ကျွန်တော် မလုပ်ပါဘူးပြီးတော့ ဒီလိုရှိပါတယ် ကိုမောင်သူ၊
ယေရှူခရစ်တော်က ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်ရ။ ရုပ်တုဆင်းတုမပြုလုပ်ရ ၊ ငါ့ကိုဘယ်အရာ နှင့်မျှ နှိုင်းယှဉ်အစားမထိုးရလို့ဘုရားရဲ့နှူတ်တော် ထွက်မှာ ပါရှိပါတယ်   တနည်းပြောရရင်တော့ ဘုရားနေရာမှာ မိဘကို ကိုးကွယ်တဲ့ဘုရားက ခွင့်မပြုပါဘူး  မြတ်ဘုရားစကားတော်နှင့်အညီ မိဘကျေးဇူးကို သိတတ်ကာ ကျေးဇူးစောင့်သွားမှာပါ ကျွန်တော့ ကြောင့် မိဘမျက်ရည် ဘယ်တော့မှ မကျစေရပါဘူး၊ ကျွန်တော့ကြောင့် လူမျိုးရေး နာမည်မထိခိုက် မနစ်နာစေရပါဘူးဆိုတာ အသက်ရှင်တဲ့ ဘုရားကို ရှေ ့ထားပြီး ကတိပြု ပါတယ်"

"အေးပေါ့ကွာ မင်းဟာနဲ့မင်းကတော့ ဟုတ်နေတာပဲ"
                
 စကားလက်စဖြတ်ကာ လုပ်လက်စတွေကို ဆက်လက်လုပ်ကိုင်နေသော နွေဦးအား ကိုမောင်သူ ကနှာခေါင်းရှုပ် ခေါင်းခါပြုကာ ထွက်သွားချိန်မှာ......အိမ်ဦးခန်း၌ သမ္မာကျမ်းစာအုပ်ကိုကိုင်ပြီး ထွက်မြောက်ရာ ကျမ်း အခန်းကြီး ၂၀ ကို ဆင်ခြင်နေသော အမျိုးသမီးကြီးတဦးကား အံသြမှင်သက်မိသောအကြည့် ဖြင့် အသာအယာခေါင်းလေးညိတ်ပြီး တီးတိုးရေရွတ်လိုက်သည်ကား  .......

 "သြော် ခရစ်ယာန်ဖြစ်ပြီးတဲ့နောက် ငါ့သားဘယ်လောက်လိမ္မာလာတယ်ဆိုတာ၊ မိခင်ကို မိခင် မှန်းသိတတ်ကာ ငါ့စိတ်တွေဘယ်လောက် စိတ်အေးချမ်းသာ ပေးစွမ်းနိုင်တဲ့သားဆိုတာကို ငါမိခင်ကိုယ်၌ ထက် ဘယ်သူတွေကမှ မသိနိုင်ပါလား  "

နွေဦး၏ မိခင်ရွက်ဆိုလိုက်သော အထက်ပါစကား ကိုတော့ ဘုရားမှတပါး အဘယ်သူမှမကြားလိုက်တော့ပါ လေ ......

 ခရစ်တော်အား ခေါ်ဖိတ်လက်ခံယုံကြည်သက်ဝင်လာသော နွေဦးသည် မိမိ၏ ယုံကြည်ခြင်းကို ကောင်စွာ ခိုင်ခန့် စေမည့်အကြောင်းသာ  အစဉ်အမြဲအာရုံဝယ်စွဲမှတ်လေသည် ၊ သို့နှင့်အညီ ပြုလေ့ပြုထရှိသည့်အတိုင်း တနေ့ ရွာထဲလျှောက်သွားစဉ်တွင် ကိုမောင်သူ က မျက်နှာခြင်းဆိုင်ကာ မေးခွန်းမေးလေ တော့သည်ကား......
  
"မင်းရဲ့ ဘုရားသခင်အား ပြနိုင်ပါက ပြပါ  မတွေ့မမြင်ရသောအရာ နှင့် မရှိသောအရာ ကို အရှိလုပ်နေသော သူဟာ အရူး သက်သက်ဘဲ ဖြစ်တယ်"

  နွေဦး က"ဘုရားဟူသည်ကား မျက်မြင်မရသော အရှင်ပင်ဖြစ်သောကြောင့် လက်ဆုပ်လက်ကိုင်ပြရန် အကြောင်းမရှိပါ။
 ကိုမောင်သူ က ပြန်ပြော သည်မှာ " တကယ်တော့ မင်း ဟာ အရူး သက်သက်ဘဲ"...

  အထက်ပါ ကိုမောင်သူ၏ စကားအား အဘယ်သို့ချေပရမည်ကို သိသော်လည်း နွေဦးသည် အောင့်အီးသည်းခံ ကာ နူတ်စိတ်နေလေသည် ။
 
၄င်းအရာကို မသိသော ကိုမောင်သူ က အားရပါးရဖြင့် အနိုင်ရလေဟန်ဖြင့် တစခန်းထကဲလေတော့သည်....
  
"ပြောပါ လောကမှာ အရာရာကို မြင်တွေ့ရခြင်းမရရင် အဘယ်သူယုံနိုင်ပါမလဲ တကယ်လို့ယုံရင်လဲ မင်း ဟာ  အရူး ဘဲ ဖြစ်လိမ့်မယ်  အကြောင်းအကျိုး ဆိုတာရှိကို ရှိရမယ် "
 အားရပါးရဖြင့်ပြောနေသော ကိုမောင်သူ အား နွေဦးသည်အတန်ကြာအောင် ကြည့်ရင်း....

  "မိတ်ဆွေအနေဖြင့် ဤလောကတွင် ရူပအရာကို ယုံကြည်တယ်မဟုတ်လား နောက်ပြီး အရူပအရာကို ယုံကြည်သည် မဟုတ်ပါလား အကယ်၍ မျက်မြင်မရ၍ မယုံပါက အရူပအရာတွေအား မရှိသောအရာ မမြင်ရသောအရာ နှင့် မသိနားမလယ်သောအရာတွေကိုများ အဘယ့်ကြောင့်မျော်ကိုကား ဘာသာတရားအား ဆည်းကပ်နေရပါသနည်း "
 
သူ၏အဖြေနှင့်အမေးစကားကို ကြားသောအခါ ကိုမောင်သူ သည် ဘာမှမပြောတော့ဘဲ ထွက်ခွာသွားလေတော့သည်။
 
တနေ့တွင် နွေဦး ဘုရားဝတ်ပြုအပြီး လုပ်ငန်းဆောင်တာများအတွက် သွားရောက်တွေ့ဆုံရန်ရှိသော ရွာလယ် ဦးအောင်မောင်း ထံသို့အသွား၊ အာပေါင်အာရင်းသန်သန် ငြင်းခုံတတ်သော မောင်သူ နှင့် ရွာလယ် အုတ်တံတားလေးတွင် ဆုံဖြစ်လေသည် ၊ ဆုံဖြစ်သောအခိုက်တွင် မောင်သူသည် သူ့အားစေ့စေ့ကြည့်ပြီး "နေပါဦး" ဟုဆိုကာ မေးခွန်းမေးလေသည် ......

  "နေပါဦး မင့်ကိုးကွယ်တဲ့ ဘုရားက အသက်ရှင်တဲ့ဘုရားလို ့ပြောကြောင်းငါကြားရတယ် အဲ့ဒါ ဟုတ်မဟုတ် ပြောပေးပါဦးကွ"
 "ဒါဆို ရင် လောကမှာ ကိုယ်လုပ်တာကို ပဲခံရတာဆိုတာ မင့်လည်း သိလျှက်နှင့် ယေရှူဘုရားက မင့်အတွက် အသေခံတယ်ဆိုတာ တကယ်ဟုတ်ပါ့မလား ကွာ"

 "ဟုတ်ပါတယ် လောဘ၊ ဒေါသ၊ မောဟ တွေနှင့်ပြည့်ပြီး မိမိကိုယ်ကို မိမိ မကယ်နိုင်တဲ့ ကျွန်တော်တို ့ ကို အပါယ်ငရဲမှ လွတ်ကင်းဖို ့အရေး ခရစ်တော်ယေရှူဘုရားက ဤလောကမှာ လာပြီး ကိုယ်စား အကုသိုလ် အပြစ်ကြွေးကို ကြေအေးစေခဲ့ပါတယ် ဗျာ ကျွန်တော့် အတွက်ယေရှူခရစ်တော်ကို ယုံကြည်ခြင်းမှ တပါး လွတ်ရာလမ်းမရှိတော့ပါဘူး"

 "ဟ ငါသိတာတော့ ကိုယ်လုပ်ရင် ကိုသာခံရတာပါကွာ မင့်ကျမှ အဆန်းပါလား ကဲ့ အခု မီးပုံတခုရှိမယ် မင့်ခုန်ချလိုက်စမ်းပါလား မင့်ဘုရားယေရှူက လာခံမလား မင့်ပဲခံရမလား လုပ်ပြလေကွာ "

  မောင်သူ ၏အပြောအား သူအံ့သြစွာကြည့်မိယုံသာမက များစွာ အခက်တွေ့နေရသည်ကား အခြားအကြောင်း ကြောင့်တော့ မဟုတ်ပါ သူလိုချင်သော အရှုံးကိုမရမချင်း ဂျီကျတတ်သောအကျင့်ကြောင့်ပင်ဖြစ်သည် ၊ သို့သော် အမေးရှိက အဖြေရှိရပေမည် မဟုတ်ပါလား နောင်ခါလာ နောင်ခါဈေး သဘောပိုက်ကာ အမေးတခုဖြင့်မေးဖြေဖြေရန် စိတ်ဆုံးဖြတ်လိုက်လေတော့သည်။

  "ဒါဆို မေးခွန်းတခုမေးပါရစေ ကိုမောင်သူ စိတ်တော့မရှိနဲ့ပေါ့၊ ဘာကြောင့် ဘုရားကို ကိုးကွယ်ရတာလဲဆိုတာကျေးဇူးပြုပြီးဖြေပေးပါလာ ဗျာ"

 "ဟ ဒါကတော့ အရှင်းကြီးပါ ကိုးစားအပ်သောအရာ။ ကိုးကွယ်အပ်သောအရှင်ဖြစ်သောကြောင့် ကိုးကွယ်ရခြင်းပေါ့ကွာ ဒါလေးတောင်မသိတဲ့ မင့်က ယေရှူကို ကိုးကွယ်လက်ခံသွားတာ ငါ့အတွက်တော့ မထူးဆန်းပါတော့ဘူးကွာ"

 "ခုနက ကိုမောင်သူ ပြောတဲ့စကားအတိုင်း ဘုရားဆိုတာက ကိုးစားဘို့နော်"
 
 "မြေကြီးလက်ခတ်မလွဲ မှန်တာပေါ့ကွာ ဘုရားဆိုတာ ကိုးစားအပ်သော အရာကွ လုံးဝမပြစ်မှား အပ်တဲ့အရာဖြစ်ပြီး ပြစ်မှားမိရင် ယ္ခုဘဝနောင်ဘဝ ဒုက္ခရောက်တတ်တယ်လေကွာ ဒါလေးတောင်မင်းမသိဘူးလား "

 "ကျွန်တော်ကလည်း ဒီအရာကိုသာ မေးချင်တာပါ တဲ့ ကိုမောင်သူ၊ ဘုရားကိုကိုးစားဘို့လား ခိုင်းစားဘို့လားဖြေပေးပါလား  "

 "ကိုးစားဘို့လေကွာ ခိုင်းစားဘို့မှမဟုတ်တာ"

 "ဘုရားဆိုတာကိုးစားရန်ဖြစ်ပြီး ခိုင်းစားရန် မဟုတ်ရင်တော့ ကျွန်တော့ကို လာပြီး ဘုရားကို ခိုင်းစားရန်လာပြောရတာလဲဗျာ  .... သမ္မာကျမ်းစာထဲမှာလည်း စာတန် မာန်နတ်က သခင်ယေရှုကို သွေးဆောင်ဖျားယောင်းပြီး အမြင့်ပေါ်က ခုန်ချခိုင်းတဲ့ အခါမှာယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို စုံစမ်းစစ်ဆေးခြင်း အမှူ မပြုရ လို့ပြောထားပါတယ်၊ ကျွန်တော့အတွက်ယေရှူပြုပေးခဲ့တဲ့အမှူတွေက ယ္ခုဘဝနောင်ဘဝ အတွက်သာမက ဤလောကမှာပင် ကျေးဇူးတရားအလွန်များပြီးရေတွက်မကုန်နိုင်တဲ့ အထဲမှာ ကျွန်တော် ထပ်ပြီးခိုင်းစရာလုံးဝ မလိုအပ်တဲ့ ဘုရားကို ကျွန်တော်ခိုင်းစားခြင်းအားဖြင့် အပြစ်ပြုရန် မတိုက်တွန်းပါနှင့်တော့လား ကိုမောင်သူရာ "

 "သြော်.......  အင်း ........ဟုတ်သားပဲ  .......အေးပါကွာ မင်းပေးထားတဲ့ ဧဝံဂေလိတရားဆိုတဲ့ ဝေစာတွေနဲ ့ သမ္မာကျမ်းစာကို အိမ်ရောက်မှ ကောင်းကောင်း ပြန်ဖတ်လိုက်ဦးမယ် "
 "ကောင်းပါပြီဗျာ  ကျွန်တော်လည်းသွားလိုက်ပါဦးမယ်  "
 
ထိုနေ့ရက်မှစ၍ ကိုမောင်သူသည် မောင်နွေဦးအား တရားအကြောင်းကို လူမျိုးရေးမပါ ၊ နိုင်ငံရေးမပါ ၊ ဘာသာရေးအကြောင်းမပါ ၊ ဘုရားအကြောင်းသာ လာရောက်ဆွေးနွေးကြရင်းဖြင့် ခရစ်တော်ဘုရားအား မိမိ၏ဘဝတွင် အသက်သခင် ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံလာကာ မောင်နွေဦး ဓမ္မတက္ကသိုလ် တက်ရောက်သော အခါတွင် ရပ်ရွာ၌ အားကိုးအားထားပြုရသော ယုံကြည်သူဖြစ်နေလေပြီ ။ ။
 
ဓမ္မအဆွေများ အမောပြေကာအစဉ်ခိုင်ခန့်စေဖို့
 
 
နာမတော်မြတ်၌
 
Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages