အပြစ်၏အလေးချိန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, February 12, 2010

အပြစ်၏အလေးချိန်


 

 

 

 

ထိုနေ့က မောင်နွေ ဉီးသည်

ခါတိုင်းကဲ့သို့ပင် ပုံမှန် လုပ်နေကျအတိုင်း နံနက်ပိုင်း ကျမ်းစာဖတ်၍ အပြီးတွင် ရွာရိုးကိုးပေါက် လျှောက်ခြင်း မဟုတ်သော်လည်း ရွာထဲရှိ ဆွေမျိုးများထံသို့ အလည်သွား ဖြစ်လေသည် ။ 

သို့ဖြစ်၍ မိခင်ဘက်မှ အဖိုးတော်သူ  ဉီးမောင်ကြီးတို့အိမ်တွင် ရောက်ရှိနေခိုက် ဘုရားတရား အကြောင်းဆွေးနွေးစဉ် ၊ ကြုံနေကြအတိုင်း မောင်ဝင်းအောင် နှင့်တွေ့ဆုံကာ ထီမထင်ဟန်အသွင်ဖြင့် မထီမဲ့မြင်ပြုသော သဘောမျိုးကို ရင်ဆိုင် တွေ့ကြုံရပြန်လေသည် ။

"စကား မစပ်ကွာ ငါက မင်းကို လူလိမ္မာလို ့ထင်ထားခဲ့တာ အခုမှပဲ တက်တက်စင်အောင် လွဲမှန်းသိတော့တယ် ငါ့ဖြင့် ငါ့နား ငါတောင် မယုံဘူး အခုတော့ ကွာ "

"ဘာဖြစ်လို့လည်းဗျာ ဘုမသိ ဘမသိနှင့် ရှင်းရှင်းပဲ ပြောပါဗျာ "

" မင့်ပြောတော့ လူဟာ အပြစ်ဝန်တွေပိပြီး လေးနေကြသူတွေဆို။  ဘယ်မလဲ မင့်ပြောတဲ့ အပြစ်ဝန်တွေ ဘာမှလည်း မလေးပါဘူး ငါးပိဿာလား ၊ ဒါမှမဟုတ် ဆယ်ပိဿာလား ၊ အိုကွာ ပိဿာချိန် ငါးထောင် ၊ ငါးသောင်းလားကွာ ဟားဟား မင့်ဟာက တော်တော် ရီ(ရယ်) စရာကောင်းတာပါလား နွေ ဉီးရာ ယောက်ျားပဲကွ ကြိုးစားရမှာပေါ့ အခုဟာက အပြစ်ဝန်တွေ လေးနေတဲ့လူတွေလို့ပြောတာနှင့် မင်းက ယုံသွားရော့ပေါ့ ကောင်းကွာ "

" ဝင်းအောင်ရာ လူတိုင်းမှာ အားသန်ရာကို် ကိုးကွယ်ခွင့်ရှိတာပဲ မင့်အသာ နေစမ်းပါ "

အဖိုး  ဉီးမောင်ကြီးမှ ဝင်ထောက်သော်လည်း ဝင်းအောင်သည် ရပ်တန့်သွားခြင်းမရှိ သူ့စကားကိုသာ အားရပါးရ ဆက်ရန်သာ ဆန္ဒရှိ စိတ်စော၍သာ နေသည်။

ထိုအခိုက်တွင် အိမ်ခြေရင်း နှစ်အိမ်ကျော်မှ သေဆုံး၍ အသုဘပင် မပို့ရသေးသော ဒေါင်းတင်ကို သူ သတိရသွားသည်မို့ ဖျတ်ကနဲ ပြောဆိုရန် စကားစ ရသွားလေသည် ။

" ဒီလိုဆိုရရင် ဝင်းအောင်ရာ မင်းကို ငါမေးမယ် အခု သေသွားတဲ့ ဒေါင်းတင် အပေါ်မှာ မင့်ပိဿာချိန် ငါးဆယ် သွားတင်မယ် ဆိုရင် သူ လေး မလား ၊ သူဘယ်လို ခံစားရမလဲ "

" မင့်ကြိုက်သလောက် တင်၊ ဒေါင်းတင် ဘာမှ ခံစားမှာ မဟုတ်ဘူး။ သူက လူသေလေ ၊ ပိဿာချိန် လေးသန်း တင်ရင်လည်း ဘာမှ သိမှာမဟုတ်ဘူးလေကွာ "

"ထိုနည်းတူပဲ ဘုရားစကား နားမထောင်တဲ့ အကျိုးကြောင့် ဘုရားကျိန်စာ သင့်ခဲ့ကြတဲ့လူသားတွေ ၊ နောက်ပြီး တရားကိုလိုပေါင်း ၊ မလိုထပ်နှုတ် ပြုတဲ့ လူသားတွေ ဘုရား ကျိန်စာသင့်ခြင်းဆိုတဲ့ ရလဒ်ကြောင့် နာမ်သက် ပြတ်သွားတဲ့သူ ၊ တနည်းပြောရရင် ဘုရားသက်သေ ရနေကြတဲ့ လူတွေကလည်း အပြစ် ဆိုတဲ့ ဝန်ကို ဘယ်လိုမှ မခံစားရဘူး နောက်ပြီး လေးရမှန်းလည်း ဘာမှမသိကြဘူး။ ဘာကြောင့်လည်းဆိုတော့ ဒေါင်းတင်လို ရုပ်သက် မသေကြသေးပေမဲ့ နာမ်(ဘုရား)သက်သေ နေကြလို့ပါ ဝင်းအောင်ရာ "

          မှတ်မှတ်ရရ နွေ ဉီးနှင့် ဝင်းအောင် နောက် ရှစ်နှစ်အကြာ ထပ်ဆုံဖြစ်တဲ့အချိန်မှာတော့ ဝင်းအောင်တယောက် ခရစ်တော် ဘုရားကို လက်ခံလာသောသူ အဖြစ်နှင့် တွေ့ရချိန်မှာတော့ ဟေရှာယ (၅၅း၁၁) ကိုအမှတ်ရကာ သူ ဘုရားရှင်ရဲ့ကတိတော်နှင့် ပြုတော်မူသော အမှု၊ အကြံအစည်တော်ကို အံ့သြမိသည်ကိုကား ရိုးသားစွာ ဝန်ခံရပေတော့မည်။

ဓမ္မအဆွေများ အမောပြေကာ အစဉ်ခိုင်ခန့်စေဖို့ ။

နာမတော်မြတ်၌
Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages