သင်ရှာလျှင်တွေ့မည် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

သင်ရှာလျှင်တွေ့မည်

 

 

 

 

 

နိ ဒါန်း။


လူ သား တိုင်း ကိုအ ဖြူ အ မည်း မ ခွဲ ခြား၊ ဆယ့် နှစ် လ ရာ သီ သင့် လျော် စွာ သော ကောင်း ကြီး မင်္ဂလာ များ ဖြင့် အ သက် ထင် ရှား ရှိ သည့် ဘု ရား မြတ် သ ခင် အား သိ ရှိ လာ စေ ဖို့ အ လို့ ငှာ အ မြဲ မေတ္တာ ပြ တော် မူ သော ဘု ရား သည် ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ၍ မင်္ဂလာ ရှိ ပါ စေ သော်ဝ်။

    လော က မှာ နေ ရာ ဒေ သ မ ရွေး လူ မျိုး ဓ လေ့ တို့ မ ခြား နား အား လုံး ရဲ့ စိတ် မှာ တော့ လော က မှာ တ ဆူ တည်း သော ဘု ရား ဟူ သည် ရှ ိပေ လိမ့် မည် ဟူ ၍ ကား၊ တွေး ထား၊ တေး ထား ကြ ပေ ၏။ ဘာ သာ တ ရား ၏ စ ကား ဖြင့် ဆို ရ ပါ မူ၊ လူ သည် - - -

၁) မွေး ရာ ပါ နာမ် အ သိ စိတ် ဖြင့် ၎င်း၊

၂) အ ကျိုး ရှိ လျှင် အ ကြောင်း ရှိ ရ မည် ဟု ၎င်း၊

၃) မှန် သည် မှား သည် ခွဲ ခြား တတ် သော ဩတ္တပ္ပ စိတ် ဖြင့် ၎င်း၊

၄) ပြည့် စုံ ခြင်း ဟူ သည့် (ဘု ရား အ ဖြစ်) တောင့် တ မှု ဖြင့် ၎င်း၊

၅) စံ နစ် တ ကျ တည် ရှိ နေ မှု များ အား ဖြင့် ၎င်း၊


    စ သည့် အ ချက် အ လက် များ အား ဖြင့် ဘု ရား ရှိ ကြောင်း ကို လူ တို့သည် တွေး တော တတ် ကြ သော် လည်း၊ လူ အ ချို့ သာ လျှင် စိတ် နှ လုံး အ ကြွင်း မဲ့ ဖြင့် ဘု ရား စစ် ဘု ရား မှန် ကို ရှာ ဖွေ တွေ့ ရှိ ကြ ရ လေ သည်။


    ဘု ရား ကို လူ တို့ ရှာ ဖွေ တတ် ကြ သည် ဟု ဆို ရာ တွင် ဘု ရား ရှင် သည် လူ တ ချို့ ကို သာ အ တွေ့ ခံ သည် ဟု မ ဆို လို ပါ။ အ ကြောင်း မူ ကား ဝန် လေး ၍ ပင် ပန်း သော သူ အ ပေါင်း တို့ ငါ့ ထံ သို့ လာ ကြ လော့။ ငါ သည် ချမ်း သာ ပေး မည်။ ငါ့ ထံ သို့ လာ သော သူ အား လည်း ငါ သည် အ လျှင်း မ ပယ်။ ဟုခ ရစ် တော် ဘု ရား မိန့် မြွက် ထား တော် မူ သည် မ ဟုတ် ပါ လား။ တ ဖန် ထာ ဝ ရ ဘု ရား ကို၊ ကိုး ကွယ် သော သူ သည် သစ္စာ ဖြင့် ၎င်း နမ် ဝိ ညာဉ် ဖြင့် ၎င်း ကိုး ကွယ် ရ မည် ဆို သည့် စ ကား တော် ကို လည်း အောက် မေ့ ခြင်း အား ဖြင့် လူ အ ချို့ တို့ သာ ဘု ရား ရှင် ၏ စိတ် တော် နှင့် တွေ့ ကြ ရ ခြင်း ပင်ဖြစ် ၏။

အ ယူ လွဲ က ဘု ရား နှင့် လွဲ

 
    မှား ယွင်း သော၊ သို့ တည်း မ ဟုတ် ချ မှတ် ထား သော နည်း စံ နစ် တ ခု မှ သွေ ဖည် သော သူ များ တို့ ကို မိစ္ဆာ ဒိ ဌိ ဟု ခေါ် ဆို ကြ ပေ ၏။ လူ တို့ သည် အ ဘယ် မျှ ရိုး သား ဖြောင့် မတ် နေ စေ ကာ မူ၊ သူ ၏ အ တွေး အ ခေါ် အ ကြံ အ စည် တို့ သည် လမ်း ချော် မှား ယွင်း နေ ပါ က ထို သူ သည် ကား ဘု ရား သ ခင် ၏ စိတ် တော် နှင့် မ တွေ့ နိုင် ပါ ချေ။ ဥ ပ မာ ပြ ရ ချေ က၊ မြန် မာ စ ကား ပုံ တ ခု ကို ( တံ လျှပ် ကို ရေ ထင်၊ ရွှေ သ မင် အ လိုက် မှား ) မီး မောင်း ထိုး ပြ ပါ ရ စေ။ ရွှေ သ မင် အ နေ ဖြင့်၊ ရေ ဆာ ငတ် လွန်း ရ လား ဟု ကျွန် တော် တွေး မိ ဖူး ပါ ရဲ့။ အ ဘယ် သို့ ဆို စေ ကာ မူ။ ရွှေ သ မင် သည် ရိုး သား စွာ။ ဩတ္တပ္ပ စိတ် ကြည် လင် စွာ ဖြင့် ဖြစ် နေ ငြား သော် လည်း တံ လျှပ် ကို ရေ ဟု ထင် နေ ခြင်း ကို ထောက် သော် ထို ရွှေ သ မင် သည် င မိုက် သား ပင် ဖြစ် ရ ကား အ ဆုံး တွင် သေ ပွဲ သို့ မြန်း ရ လေ ၏။ ထို့ ကြောင့်လည်း ရောမ ၁း၁၉-၂၀ တွင် အ ထက် ပါ နည်း လမ်း များ အား ဖြင့် သိ လျှက် နှင့် တံ လျှပ် ကို ရေ ထင် ငြား က၊ လွတ် မြောက် ရာ လမ်း မ ရှိ ဟု ဆို ထား ပေ ၏။


    အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ သိ အပ် သော ဘု ရား သ ခင် ၏ အ ကြောင်း အ ရာ တို့ သည် သူ တို့ တွင် ထင် ရှား လျက် ရှိ ၏။ ဘု ရား သ ခင် သည် သူ တို့ အား ပြ တော် မူ ပြီ။ အ ဘယ် သို့ နည်း ဟူ မူ ကား၊ ဖန် ဆင်း တော် မူ သော အ ရာ များ ကို ထောက် ရှု သ ဖြင့်၊ ထာ ဝ ရ တန် ခိုး တော် နှင့် ထာ ဝ ရ အ ဖြစ် တော် တည်း ဟူ သော မျက် မြင် မ ရ သော ဘု ရား သ ခင် ၏ အ ရာ တိို့ သည် ကမ္ဘာ တည် သည့် ကာ လ မှ စ ၍ ထင် ရှား လျက် ရှိ ကြ ၏။ ထို ကြောင့် သူ တို့ သည် ကိုယ် အ ပြစ် ကို မ ဖုံး နိိုင် ရာ။


    မိ ဘ စ ကား နား ဝယ် ထား က မှား တယ် လို့ များ ကြား ဖူး ပါ သ လား။ ဟု ကျွနု်ပ် တို့ ဆို ကြ။ သွန် သင် ကြ လျှက် နှင့် ကျွနု်ပ် တို့ ကိုယ် တိုင် ကား အ ဘယ် ကြောင့် မ ကျင့် သုံး ကြ ပါ သ လဲ။ တ မန် တော် ၁၇ း၂၈ တွင် ငါ တို့ သည် ကား နွယ် တော် သား ပင် ဘု ရား မျိုး ပေ ဖြစ် ကြ လေ ဟု တွေ့ ရ သော် လည်း ဘု ရား လမ်း ကို မ လို်က်။ အ မှား လမ်း ကို ကြိုက် နေ သ ရွေ့ ဘု ရား ၏ စိတ် တော် နှင့် ကား တွေ့ လိမ့် မည် မ ဟုတ် ပါ လေ။

အ နေ နီး လျှက်၊ ခ ရီး ဝေး သည့် အ ဖြစ်

 
    မသဲ။၂၁း၂၈-၃၂ တွင် သား နှစ် ဦး အ နက် တ ဦး က ဟုတ် ကဲ့ ဟု ဆို လျှက် လက် တွေ့ မ လုပ် ဆာင်။ အ ခြား သော သား က တော့ ငြင်း ဆို မိ ပြီး မှ နောင် တ ရ ကာ ဖ ခင် စ ကား အား အ ကောင် အ ထည် ဖေါ် သည် ကို တွေ့ ရ ပါ သည််။ ဒီ နေ ရာ မှာ နောင် တ နှင့် အ တူ ဖ ခင် ၏ စ ကား အား မြေ ဝယ် မ ကျ နား ထောင် သော သူ သည် သား လိမ္မာ ဟု သတ် မှတ် ခံ ရ ပြီး ဖ ခင် ၏ စိတ် တော် နှင့် လည်း တွေ့ သော သူ ပင် ဖြစ် ၏။ တ အိမ် တည်း နေ၊ တ ဝိုင်း တည်း စား၊ တ ရေ တည်း သောက် အ တူ တူ နေ ထိုင် ငြား သော် လည်း ဒု တိ ယ သား မူ ကား ဖ ခင် ၏ စိတ် တော် နှင့် မ တွေ့ နိုင် ပါ ချေ။ နီး လျှက် နှင့် ဝေး သော သူ ပင် မ ဟုတ် ပါ လား။


    ယ နေ့ လော က ကို ဖန် ဆင်း တဲ့ ဘု ရား သည် ဒိဗ္ဗ သော တ။ ဒိဗ္ဗ စက္ခု အ နာ ဂ တံ သ ဉာဏ် တော် တို့ နှင့် ပြည့် စုံ တော် မူ သည်။ ဧ မာ နွေ လ ငါ တို့ နှင့် အ တူ ရှိ သော ဘု ရား ဟု ဆို သော် ငြား လည်း ဘု ရား လမ်း ကို မ လိုက် ၊ အ မှား လမ်း ကို ကြိုက် နေ ပါ က၊ ဒု တိ ယ သား ကဲ့ သို့ အ နေ နီး လျှက် ဘု ရား နှင့် ဝေး နေ ကြ ရ ပေ တော့ မည်။ ရ တောင့် ရ ခဲ လူ ဖြစ် ရ တဲ့ အ ဖိုး အ နဂ္ဂ ရ တ နာ ကို ကျွနု်ပ် တို့ ကောင်း စွာ အ သုံး ချ သင့် ပေ ၏။  ငါ တို့ သည် ကား နွယ် တော် သား ပင် ဘု ရား မျိုး ပေ ဖြစ် ကြ လေ ဟု ဆို သော် ငြား လဲ ဘု ရား စ ကား နား ဝယ် မ ထား က အ မှား နွံ မှာ နစ် သ ထက် နစ် ကာ လူ ဖြစ် ရှုံး ရ လျင် မည် သူ ၏ အ ပြစ် ကြောင့် မှ မ ဟုတ် မိ မိ ၏ အ ပြစ် ကြောင့် သာ လျှင် ဖြစ် ၏ ဟု ကြို တင် တွေး တော ထား သင့် ပေ ၏။ ရောမ ၁ း ၁၉-၂၀ မှာ ရှင် ပေါ လု ပြော သ ကဲ့ သို့ ကျွနု်ပ် တို့ မှာ ဆင် ခြေ ဆင် လက် များ လည်း ပေး နိုင် မည် မ ဟုတ် ပါ လေ။

ငါ အ စွဲ နှင့် နောင် တ င မွဲ၊

 
    ပျက် အ စဉ် ပြင် ခ ဏ၊ ဟူ သော စ ကား သည် တိမ် မ ယောင် နှင့် နက် ၊ အတ္တ မာ န အ စွဲ ကြီး သူ တို့ အ တွက် လွယ် မ ယောင် နှင့် ခက် လှ ပေ ၏။ မသဲ ၁၉း၂၄ နှင့် မာကု ၁ဝး၂၅ တွင် မိ မိ ကိုယ် ကို အ ခြောက် တိုက် ဘ ဝင် မြင့် နေ သူ အား ခ ရစ် တော် က ကု လား အုပ် သည် အပ် နှ ဖါး ပေါက် အ တွင်း သို့ ဝင် ရန် လွယ် ကူ သော် လည်း ထို လူ မျိုး သည် ကား ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို ဝင် ရန် ခက် ခဲ လှ ၏ ဟု မိန့် တော် မူ ၏။ အ ကြောင်း မှာ ထို သူ ၏ အ စွ ဲအ လန်း နှင့် ပိုင် ဆိုင် မှု များ က သူ နှင့် ဘု ရား ရှင် အ ကြား၊ ဘာ လင် တံ တိုင်း ၊ ဂ ရိတ် ဝေါ တံ တိုင်း တို့ ထက် ပင် ခိုင် ခံ့ စည်း ခြား စေ သော ကြောင့် ပင် ဖြစ် လေ ၏။ ပျက် အ စဉ် ပြင် ခ ဏ ဆို သော စ ကား တွင် နောင် တ ဆို သော အ ရာ ကား မ ရှိ မ ဖြစ် လို အပ် လှ ပေ ၏။  ထို မှ တ ဆင့် လွန် သော အ ခါ မှ သာ အ ကောင်း ဆို သော ပြည့် စုံ ခြင်း သို့ ရောက် ရှိ မည် မ ဟုတ် ပါ လား။ ယ နေ့ လူ သား တိုင်း တို့ သည် ကား ဘု ရား သ ခင် ကို ရှာ ကြံ ကြ ပါ ၏။ သို့ သော် ကိုယ့် နည်း ကိုယ့် ဟန် ဖြင့် သာ ရှာ ကြံ နေ ကြ သူ များ ဖြစ် သော ကြောင့် အ ချို့ သာ လျှင် ဘု ရား စစ် ဘု ရား မှန် အား ဖူး တွေ့ ခွင့် ရ ကြ လေ ၏။ အ ယူ သည်း ကာ မည် သို့ ပင် ကောင်း ရာ ကို ပြု စေ တော့၊ နောင် တ ဆို သော လှေ ကား ကို ခါး ကော့ ရင် မော့ ကာ မျက် ကွယ် ပြု နေ လျှင် ပျက် အ စဉ် သေ လျှင် င ရဲ ဟူ သော စ ကား ပုံ တ ခု ကို စာ ရေး သူ ထပ် ရေး ပြ ပါ ရ စေ တော့။

    အ ကြောင်း မူ ကား ခ ရစ် တော် က ငါ သည် နောင် တ ရ သော သူ တို့ အ တွက် သာ လာ ၏။ ကျန်း မာ သော သူ သည် ဆေး သ မား ကို အ လို မ ရှိ။ နာ သော သူ တို့ သာ သ မား တော် ကို အ လို ရှိ ကြ ၏ ဟု ဆို ထား တော် မူ ၏။ ယ နေ့ မိ မိ ကိုယ် ကို ကျန်း မာ ရေး နှင့် ပြည့် စုံ သူ ဟု ထင် နေ သော သူ အ တွက် ကား ခ ရစ် တော် ဘု ရား သည် သ မား တော် မ ဟုတ် ပါ လေ။ သို့ သော် လူ မှန် လျှင် အ ပြစ် နှင့် မ ကင်း ဆို သော စ ကား ကို စာ တွေ့ သာ မ က၊ လက် တွေ့ သိ မှတ် ကာ မိ မိ သည် အနိစ္စ သက် သက် ၊ ငါ သည် ဘာ မှ မ ဟုတ်၊ ဘု ရား မ ဖက် က လူ ဖြစ် ကျိုး ဆုံး ရှုံး ရ မည် ဟု ယုံ ကြည် သော သူ တို့ အ တွက် ကား ခ ရစ် တော် သည် သ မား တော် ဖြစ် လေ ၏။ အ ကြောင်း မှာ တ ရား ကို ဖက် သော သူ အ တွက် အ မျက် ပြေ ရာ ငြိမ်း ရာ ဖြစ် ကာ ၊ ဘု ရား ကို ဖက် သော သူ တို့ အ တွက် ကား ၊ ဘေး ဘ ယာ ကင်း ကာ အ သက် ရှည် ရာ ရှည် ကြောင်း ပင် ဖြစ် လေ ၏။

နိ ဂုံး။

 
    ခ ရစ် တော် ၏ နာ မ မှ တ ပါး ကောင်း ကင် အောက် မြေ ကြီး ပေါ် တွင် ကယ် တင် နိုင် သော နာ မ မ ရှိ ဟု တ မန် တော် ၄း၁၂ တွင် ဆို ထား လေ ၏။ ထို မျှ မ က ရှင် ယော ဟန် ၁၄း ၆ တွင် ခ ရစ် တော် ဘု ရား သ ခင် က ငါ သည် လမ်း ခ ရီး ဖြစ် ၏။ သမ္မာ တ ရား လည်း ဖြစ် ၏။ အ သက် လည်း ဖြစ် ၏။ ငါ့ ကို အ မှီ မ ပြု လျှင် ( မိ မိ ကိုယ် ကို အား ကိုး၊ ကြွား ဝါ ) လျှင် အ ဘယ် သူ မျှ ခ မည်း တော် ထံ သို့ မ ရောက် ရ ဟု မိန့် ဆို တော် မူ ခဲ့ လေ ပြီ တ ကား။ ယ နေ့ လော က ၏ ခ ရီး သွား ဓမ္မ မိတ် ဆွေ အ ပေါင်း အား စာ ရေး သူ သ တိ ပေး နှိုး ဆော် ပါ ရ စေ။ အ ရွယ် သုံး ပါး တွင်၊ ရောက် ရှိ နေ သည့် လက် ရှိ အ ချိန် တွင် ဘု ရား ကို ရှာ ကြံ ကြ ပါ။ သေ ခြင်း ဟူ သည် နေ့ ည မ ခြား ဖြစ် ကြုံ တွေ့ ရှိ နိုင် သည် မို့ နေ့ ည ရွှေ့ ခိုင်း သည့် အ တွေး အ ခေါ် အ လွဲ တွေ ကို လစ် လျူ ရှု လိုက် ပါ။ နောက် ပြီး ဘု ရား နည်း ဖြင့် သာ ဘု ရား ကို ရှာ ကာ မာန် မာ န ကို ပယ် ပြီး "တ ရား ရှာ ကိုယ် မှာ တွေ့" ဆို သည့် အ တိုင်း မိ မိ ဘ ဝ အ မှန် ကို မိ မိ ကြည့် မြင် တတ် ပြီး သ ကာ လ။ ပျက် အ စဉ် ပြင် ခ ဏ ကို လက် တွေ့ ကျင့် သုံး ပြီး ထာ ဝ ရ ကယ် တင် ရှင် ဘု ရား ၏ ထာ ဝ ရ အ သက် ကို အ ရ ယူ နိုင် ပါ စေ ဟု ဆန္ဒ ပြု လျှက် - -။

နာမတော်မြတ်၌-
                               
Samuel Soe Lwinမှတ် ချက် ။  ။ သ ခင့် စ ကား စာ စောင် ၌  ဖေါ် ပြ ထား ပြီး သော စာ မူ အား ပြန် လည် ဖေါ် ပြ လိုက် ခြင်း ဖြစ် ပါ သ
ည်။



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages