ညဉ့်ယံလွန်သော် သို့မဟုတ် အာရုံဦးသို့အရောက် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

ညဉ့်ယံလွန်သော် သို့မဟုတ် အာရုံဦးသို့အရောက်

 

 

 

 

 

စစ်မှန်သော ယုံကြည်ကိုးစား

သက်ဝင်မှုတို့သည်လည်း အလွဲထင်မှားခံရပြီ ဟု သူနားလည်သည်။ သူ့ကို မြင်သည်နှင့် အဖွားအိမ်ပေါ်က အပြေးဆင်း လာပြီး နောက်ကျယ်လောင် အက်ကွဲစွာ ကြိမ်းမောင်းလိုက်၏။

    "နင် . . . . . . နင် အမျိုးဖျက်၊ သာသနာဖျက်၊   ခွေးလောက်မှ အသိဉာဏ်မရှိတဲ့ မိန်းမ . . . ."


    "မ . . . .  မဟုတ်ဘူး အဖွား . . . . ."

    "နင့်ပါစပ်ပိတ်ထားစမ်း . . . . .ငါဘာမှ မကြားချင်ဘူး"

ဟု အဖွား၏ မီးဝင်းဝင်းတောက်နေသော အကြည့်က သူအားပြာပင်ဖြစ် သွားစေမည့် အလားမို့ မျက်ရည်ဝဲခြင်းနှင့် အတူ၊သူအမောဆို့လုမတတ်။ ဘုရားရှင်ရယ်ကယ်မ တော်မူပါဟူ၍ ရင်တွင်းကြိတ်ဆုတောင်းရုံမှတပါး သူ့အဖို့ဘာမှ မတတ်နိုင်ပြီ။

    ခန္ဓာ၊စိတ်၊ ဝိညာဉ် သုံးပါလုံးဖြင့် ခရစ်တော်အား ဝန်ခံနိုင်ကြမည်လား ဟု သင်တန်းမှာ ဆရာစော မေးစဉ်ကတည်းက ဒီလိုအဖြစ်ကို ကြုံရမည်လို့တော့ တွက်ထားခဲ့သည်။ တစ်ချိန်တည်းမှာ ဆရာစောက ကံသုံးပါဖြင့် ပြစ်မှားခဲ့သော သူတို့သည် ကံသုံးပါးအားဖြင့်သာ ခရစ်တော်အားဝန်ခံခြင်း ပြုရန်မှတပါးမရှိဟုအားပေး ဝေဌချက်အဆုံးတွင် သူခရစ်တော်အား အ ကြွင်းမဲ့လက်ခံ ခေါ်ဖိတ်ခဲ့လေသည်။

    "နင် . . . . . . နင်ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား"

    အဖွားကမျက်ရည်တွေကို လက်နှင့်သုတ်ရင်း လေသံပျော့ပျော့ဖြင့် မေးစဉ် ခိုင်မာသော သံဓိဌာန်ကြောင့် သူမျက်နှာတည်သွားရသည်။ အဖွားဒါကိုနားလည်သွားမည်မှာမလွဲ။ သူ့ူလက်ကိုဖမ်းဆုပ် လှုပ်ကိုင်၍ . . . . .
    " နင့်အဖွားငါဟာ  . . . . . .  ဘာလူမျိုးလဲဆိုတာ သိသေးရဲ့လား"
    အဖွားကစိုးရိမ်ဟန်ဖြင့် သူလက်ကို ကိုင်လှုပ်နေဆဲ  .. . . . . သူအစွမ်းကုန်အိန္ဒြေဆည်ရသည်။ လောကရဲ့ အပူဒုက္ခတရားတွေအပေါ်မှာ တမလွန်အတွက် အပူကိုထပ်မဆင့် ပြီးတော့ ခရစ်တော်အားငြင်းပယ်ရန်လည်း ဆန္ဒစွမ်းအားမရှိ။ ဘုရားရှင်ရဲ့ မေတ္တာတရားတို့က ရင်မှာ နွေးထွေးလုံခြုံမူကို ပေးနေမြဲမို့  . . . . .
    "အဖွား  . . . . .သမီးတို့အတွက် အပြစ်ငရဲမှ လွတ်စေဖို့ ကိုယ်စားပြုအသေခံပြီး . . . ရှင်ပြန်ထမြောက်တော်မူခဲ့တဲ့ ဘုရားကို သမီးယုံကြည်ကိုး ကွယ်ပါရစေ"
    ဟူ၍သာ ဖြေရင်း  . . . . .အဖွားကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ရင်းအိမ်အပေါ်သို့ တက်ခဲ့လေသည်။
    အဖေကအခြေအနေအရပ်ကိုရင်ဆိုင် တွေးခေါ်နိုင်စွမ်းရှိသောသူပမာ တွေတွေကြီးရပ်ကျန်ခဲ့ရင်း ဘာမှ မမေးရှာပေ။
    "အောင်မင်းနဲ့ နင့်သူငယ်ချင်းတွေ စောစောကမှ ပြန်ထွက်သွားကြတာ။ လွန်ခဲ့တဲ့ တနင်္လာနေ့ထဲက မြန်မာဘာသာဖြင့်ခရစ်တော်ရဲ့သက်သေခံ မိဿဟာယမှာ Campaign နင်တက်နေတာ၊ သူတို့ လာမပြောရင် ငါတို့ဘာမှသိရမှာမဟုတ်ဘူး"

    အဖေက သာမန်အသွင်ဖြင့် ပြောနေသော်လည်း . . . . . သူရင်ကိုတော့ လှိုက်ဖိုကာ ရင်ပင်တုန်လာလေသည်။

    အိမ်ဦးခန်း၏ နေရာတိုင်းမှာကား ယေရှုခရစ်တော် ကယ်တင်ရှင်နှင့် ဆိုင်သော အရာများကား တစိုးတစိမျှ မတွေ့မမြင်နိုင်ရပါတကား။

    ဘဝတစ်လျှောက်လုံးတွင် အိမ်မက်မက်ဖို့ပင် မထားနှင့် စိတ်ကူးဖြင့်ပင် မထင်မှတ်ခဲ့သောအဖြစ်သည်ကား Backsliding  ပါဘဲ။
    အစပဌမတော့ သူဘယ်လိုမှ မပျော်နိုင်ခဲ့။

    "ကိုယ်ရပ်ကိုယ်ရွာမှာပဲ နေရင်း၊ နင့်ဘုရားကို နင်ကိုးကွယ်ပေါ့အေ . . . . မဟုတ်ဘူးလား။ ဒါပေမဲ့  . . . လူမှုရေးလေးအရတော့ ရပ်ရွာရဲ့သာရေးနာရေးမှာတော့ အများနည်းတူလုပ်ရမှာပေါ့  . . . . "

    ဆေးလိပ်တိုကိုဖွာရင်း အဖွားရဲ့ စကား မဆုံးခင်မှာပင်၊ အနီးမှာရှိနေကြသောအောင်မင်း၊ ခင်ဝေ၊ သီတာ၊ စုစုတို့ကသဘောတူ ဟုတ်မှန်ကြောင်း ခေါင်းလေး တွေ့ညိမ့်ရင်း  ခင်ဝေက  . . . . .

    "ညည်းစိတ်ထဲကဘုရားကို ယုံရင်ပြီးတာပဲမဟုတ်လား . . . .ညည်းယေရှုဘုရားကို ယုံတာကယုံ . . . . . ရပ်နဲ့ရွာနဲ့နေတာကိုလည်း သတိရပေါ့အေ"
    နေ့စဉ်ကြားနေရသော စကားတွေကြားမှာ သူဘယ်လိုမှ ပြောပိုင်ခွင့်မရှိသည့်ပမာ အရာရာမှာ ယုံကြည်ခြင်း၌ မအောင်မြင်ခဲ့ပါ။

    "ဥမ္မာနင့်ကြည့်ရတာ ဒီအပေါက်မျိုးခဏခဏချိုးပုံထောက်တော့ နင်က နင့်ရဲ့ယေရှုကို ငါ့ထက်ချစ်တယ်ပေါ့ -- ဟုတ်လား၊ အေး ငါ့ရဲ့ဆန္ဒကတော့ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိသလို နင်လည်း ယုံကြည်ရာကို ကိုးကွယ်ဘို့ ငါမတားပါဘူး  . . . . တခုတော့ရှိတယ် . . .  ငါတို့ရဲ့မင်္ဂလာပွဲမှာတော့ . . .  ဓလေ့ထုံးတမ်းစဉ်လာအရ    ဦးချဝတ်ပြုရမှာပဲ ဥမ္မာ၊ အဲလိုမဟုတ်ရင်တော့"

    ဆက်မတွေးရဲလောက်အောင် ကြောက်စရာကောင်းသော ချစ်ရသူ၏ စကားများဖြစ်သော်လည်း ငယ်စဉ်မှ ချစ်ခဲ့ရသော မြင့်ထူးရဲ့အပြော  . . . .  အေးအတူပူအမျှ တရပ်တည်းသားမြင့်ထူး၊ အဖွားရဲ့စီမံကိန်းမှာ သူနှင့်မြင့်ထူး အနာဂါတ်အရေး။ ဒါတွေကိုဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ။
    သူကမြင့်ထူး၏ မာကျောသော စကားရိုင်များ နောက်ကွယ်မှ ခန့်ထည်သောမျက်နှာ၊ ဆူဖြိုးမောက်ကြွကာ လှိုင်းသဖွယ်ရှိလှသည့် ရင်အုပ်နှင့် ကြွက်သားတို့ကို လွမ်းမောဖွယ်ငေးကြည့်ရင်း စိတ်ကိုအမြဲ ပျော်ဝင်ကာ လိုက်လျောချင်နေခဲ့သူမဟုတ်ပါလား။    

    ဘယ်လောက်အထိသူလိုက်လျောခဲ့ရပြီလည်း။ ပညာတ်တော်ဆယ်ပါးရဲ့တစ်မှလေးအထိတော့....အထည်ဟောင်းဆွေးဆွေးမှာ သီထားတဲ့ အပ်ချည်တွေလို အပ်ကြောင်းထပ်ယုံမက အပ်ကြောင်းပင် ထုံး၍ မောက်နေခဲ့ပါပြီ။

    "သမီးအခုလိုတိတ်တဆိတ်အိမ်က ထွက်စရာမလိုတော့ပါဘူး၊ ဖေဖေတို့ကိုယ်တိုင် လိုက်ပို့မှာပေါ့ "

    မနက်အာရုံလင်းရဲ့ ရွှေရောင်ခြည်သန်းချိန်မှ ဖေဖေက Hand Bag ကို ကိုင်ကာရွာမှ ထွက်လာတော့ ဖွားဖွားရဲ့ မျက်ရည်ကြားမှ လက်ပြ နှုတ်ဆက်ခြင်းကိုကား သူမမေ့နိုင်တော့ပါလေ။

    "ပွမ် . . . . ပွမ် . . . .  ပွမ်"

    "အားလုံးစုံတယ် ဆရာရေ"

    ကလေးကားကြီးဝင်မှ ချင်းတောင်တန်းကားတန်းကြီးက မန္တလေးသို့ ဦးတည်ရန် ဘီးများစလိမ့်ချိန် . . . . 

    "သမီး  . . . . . သမီးဓမ္မပညာကျောင်းကပြီးရင်တော့  ကံပုလဲရွာလေးမှာလာပြီး သမီးရဲ့ဘုရားကို ကိုးကွယ်ခွင့်ပြုသလို သမီး ပြောတဲ့ကယ်တင်ခြင်း တရားတွေကို ကြားပြောလှည့်ပါ . . ."

ထိုကဲ့သို့ ဖေဖေ့ရဲ့ စကားသံတို့က နားဝမှာ သာမက ရင်တွင်းမှာပင် ပဲ့တင်လျှက်  . . . .
           
နာမတော်မြတ်၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages