မေမေ့ဂုဏ်ရည် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

မေမေ့ဂုဏ်ရည်

အူဝဲအစဘဝမှာ ခြူချာနုံကာ
မြဲအတည်ဟစ်ကြွေး နေ့ညမရွေးလျှက်
အိပ်ပျက်စားပျက် အနေခက်လည်း
ချီးသေးသုပ်သင် မြဲသာချစ်မြဲ
ကြီးမြတ်ကျေးဇူး အမေ့ဂုဏ်ရည်အလွန်ထူး ။


အရွယ်လေးရ ဇကလေးပြကာ
လိုရာသာရွေး ပူဆာတွေးလျှက်
ခံစားသည်းပျက် သားမိုက်ဖြစ်လည်း
လမ်းပြသွန်သင် မေတ္တာယှဉ်တွဲ
ကြီးမြတ်ကျေးဇူး အမေ့ဂုဏ်ရည်အလွန်ထူး ။


ရပ်တည်ဘဝ ခြေတည်ချကာ
ကိုယ်မူရာရေး ချိန်ပြည့်ပေးလျှက်
မေမေ့အတွက် ငဲ့မကွက်လည်း
အပြစ်မမြင် ကရုဏာယှဉ်ဆဲ
ကြီးမြတ်ကျေးဇူး အမေ့ဂုဏ်ရည်အလွန်ထူး။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages