အိမ်အပြန်လမ်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

အိမ်အပြန်လမ်း



 
အဝေရောက်သား အိမ်မျော်ကာလွမ်းတိုင်း
တွေးကာဆွေး ကြားယောင်သေးရဲ့
သြော်....ချစ်သားငမောင်
ကြိုးစားပါကွဲ့ တမူထူးအောင်
ရပ်ရေးသာယာ မြင်လိုပါသတဲ့.......


အဝေရောက်သား စာသင်ကြားတိုင်း
ကြိုးစားကာမနှေး အားစိုက်သွေးလျက်
သြော်...ချစ်တဲ့မေမေ
ဂုဏ်ယူမဆုံး ရွှင်ပျော်ပြုံးဖို့
လုံးပမ်းစွမ်းဆောင် ကြံတိုင်းအောင်.......


အဝေရောက်သား နှစ်ကုန်ငြားတော့
မေမေ့မေတ္တာကြွေး ဆပ်လိုသေးရဲ့
သြော်...ဘဝအခြေပေး
ကျေးဇူးစွမ်းကုန် ဆပ်ခွင့်ကြုံဘို့
သားမောင်စိတ်ရည်သန်း အိမ်အပြန်လမ်း။


ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages