မေတ္တာရောင်ပြန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

မေတ္တာရောင်ပြန်

 
 
 
 
 
 
 
"အောင်အောင်ရေ"

အိမ်ရှေ့မှ မောင်မောင်ရဲ ့ခေါ်သံကြောင့် အောင်အောင် ထမင်းဝိုင်းမှ အမြန်ထလိုက်သည်။ ....

"ဘာများ ဖြစ်တာလည်းကွာ မင့်ဟာက ရေးကြီးသုတ်ပျာနဲ့ဘာလည်းပြော "

"ဟုတ်ပ နောက်က ကျားလိုက်တဲ့ အတိုင်း နင့်ဟာက ငါတောင် အထိတ်တလန့်ဖြစ်သွားတယ် "

အတူ ရှိနေသော မာလာ ကလဲ ဝင်ထောက်လိုက်လေသည်။

မောနေသေးသော မောင်မောင် စကားပင် မဆိုနိုင်အားသေးပဲ၊ မှားပါတယ် ကိုသောင်းရယ် ဆိုသော အထာဖြင့် ကြည့်နေသည် အလား .....

"ဟေ့ကောင်တွေ မင်းတို ့မနောက်နဲ့နော်၊ အခုဟာက မင်းကိစ္စကွ ဟိုလေ  ဟို"

" ဟယ် ဘာတွေဖြစ်နေမှန်းကို မသိဘူး တဟယ်ဟယ်နဲ ့သေရေး ရှင်ရေးဆိုရင်တော့ ပြီးပြီ" သူသာ မက မာလာကပင် စိတ်မရှည်စွာဖြင့် မောင့်မောင့် ခေါင်းအား ဝင်ထု လိုက်လေသည်။ သူလည်း အနည်းငယ်တော့ ရင်ခုန်မိတာကအမှန်။

" ဟိုလေ။ ခင်မေဝင်းက မင့်ကို တွေ့ချင်လို့တဲ့၊ သူငါ့ကို လာပြောတာ တော်တော်လေး အရေးကြီးပုံ ရတယ် "

"အေးလေ ငါသွားတွေ့လိုက်ပါ့မယ်။ မောင်မောင်ရာ စိတ်သာ ချပါ "

ခင်မေဝင်းသည် အောင်အောင်၏ ဘဝတွင် တစ်သက်မှာ တစ်ခါ နှလုံးသားနှင့်ရင်းပြီး ချစ်ခဲ့ရသူ ဖြစ်သည်။ သူကလည်း အဝင်း (ခင်မေဝင်း) နှင့်ဝေး၍ မနေနိုင်သလို သူချစ်ရတဲ့ အဝင်း ကလည်း ထို ့အတူပါပင် ။ကံပုလဲ ရွာလယ်လမ်းလေးအတိုင်း ဆက်လျှောက်လာရင်း စိမ်းလန်းနေတဲ့ ဂျပန်ပိတောက်ပင်တွေက အစီအရီ ပေါက်နေတာကို တွေ့မြင်နေရသည်။ ပြေးလွှား ဆော့ကစား နေကြတဲ့ ကလေးတွေကို ကြည့်ရင်း သူ၏ ငယ်စ ဉ်ဘဝတွေကိုပင် ပြန် တမ်းတမိသလို ဤလမ်းမ ထက်မှာ ပင် သူနှင့် အဝင်းတို ့အတူကစားရင်း နေထိုင်လာခဲ့ကြတာ ယခုဆိုရင် ဘဝကြင်ဖေါ်အဖြစ်သို ့ပင် ကူးခြေတော့မည်။ လာမည့် ဝါကျွတ်တွင် နှစ်ကိုယ်အတူ နီးကြဖို့အရေး တောင်းရမ်းဖို ့ရန်ပင် တူနှစ်ကိုယ် တိုင်ပင်ခဲ့ပြီးပေပြီ။ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ထွန်းလင်းတို ့အိမ်ဆီသို ့သူ ခြေ ဉီးတည်ကာ ကွေ ့ဝင်လိုက်သည်။

"ကြာလိုက်တာ ငအောင်ရာ"

"အဝင်း မင့်ကို စောင့်နေတာ အတော်ကြာသွားပြီ။ စိတ်မတိုဘူးတဲ့ အဝင်း ဘာ့ကြောင့်မှန်းမသိဘူး ပြန်မယ် တကဲကဲ လုပ်နေလို ့မနည်း ချော့ပြောထားရတယ် ငအောင်ရာ၊ မင့် လည်း နောက်မကျစဖူးပဲ ဘာ့ကြောင့် ဒီနေ ့မှ နောက်ကျရတာလဲ "

" ဧည့်သည်တွေ ရောက်နေလို့ပါကွာ "

ထွန်းလင်း အား အားမပါစွာ ဖြေရင်း အိမ်ပေါ်သို ့လှမ်းကြည့်လိုက်မိသည်။ ထွန်းလင်းက ချစ်ရတဲ့ အဝင်းနှင့်တွေ ့ရန် အမြဲ စီစ ဉ်ပေးနေကျမို ့ယခုလည်း သူ့ ့အိမ်တွင် တွေ ့ဆုံရန် ချိန်းဆိုထားခြင်းဖြစ်သည်။ စောစော ထွက်လာရန် စိတ်ကူးခဲ့ပေမဲ့ ဆရာစောရန်အောင်တို ့ရောက်လာသောကြောင့် နောက်ကျသွားခဲ့ခြင်းကိုတော့ ရှင်းမပြဖြစ်ခဲ့တော့ပါ။ အိမ်ပေါ် ကုလားထိုင်တွင် အပေါက်ဝကို ကျောပေး ထိုင်နေသော အဝင်းကို တွေ ့တော့ သူ ရင်တွေ လေးနေမိသည်။

"စောင့်နေတာ ကြာလှပြီ ကိုအောင်ရာ။ ဘာကြောင့် နောက်ကျရတာလည်း ပြောပါ ဉီး"

စူပုပ်နေတဲ့ ချစ်သူ အဝင်းအား အဘယ်သို ့ဖျောင်းဖျရမည်ကိုပင် သူ မသိတော့လောက်အောင်ပင် သနားသွားမိသည်။ အဖြစ်မှန်ကိုတော့ "အမှန်တရား ဟူသည် ဘယ်တော့မှ ဖုံးကွယ်၍မရ ဟူ၍ " ဆိုထားသည်မို့ဘာပဲဖြစ်ဖြစ် အသိတော့ ပေးရပေမည်သာ။

"ဧည့်သည် ရောက်နေလို့ပါ အဝင်းရာ ကိုအောင် တောင်းပန်ပါတယ် "

"ဒါတွေ ထားလိုက်ပါတော့။ အဝင်း ကိုအောင့်ကို မေးချင်တာက ဒီအတွက် မဟုတ်ပါဘူး .... အဝင်းလေ ကိုအောင့်အတွက် စိတ်မကောင်းလို့ပါ"

"ဟာ အဝင်း အဲ့ဒီလိုပြောမှပဲ ကိုအောင် စိတ်ပူမိပြန်ပြီ ...... ပြောစရာရှိတာ ပြောပါ။ ကိုအောင် အဝင်းကို ဘယ်တုန်းကမှ မညာသလို နောင်လည်း ညာမှာ မဟုတ်ပါဘူး "

ပြောပြောဆိုဆို စိုးရိမ်စိတ်တွေကြောင့် နံဘေးမှ ကိုယ်ကို အသာစောင်းငဲ့ကာ အဝင်း၏ လက်ကို ဖွဖွကလေး ဆုပ်နယ်ဖြစ်သည် .....မွှေးကြိုင် သင်းပျံ့နေသော ကိုယ်သင်း ရနံ့တို့က နှာဝသို့ အေးမြမြ ဝင်ရောက်လာနေသော်လည်း မခံစားမိနိုင်တော့ပါ ....

"မြမြက လာပြောတယ် ...... ကိုအောင်.....ကိုအောင်က ခရစ်ယာန်ဘာသာထဲ ဝင်သွားပြီဆို ....... အဲ့ဒါ တကယ်လား ကိုအောင်"

ညိုးနွမ်းနေသော မျက်နှာဖြင့် မေးနေသော ချစ်တဲ့သူ အဝင်းအား သူ အဘယ်သို့ပြောရပါအံနည်း ။

"အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့ .... ငါသည်လည်း ထိုသူကို ကောင်းကင်တမန်နှင့် ခမည်းတော် ဘုရား ရှေ ့မှောက်တွင် ဝန်ခံမည်။ .... အကြင်သူသည် ငါ့ကို ငြင်းပယ်အံ့။ ငါသည်လည်း သူ့ကို ငြင်းပယ်မည် " ဆိုသော နှုတ်ကပါတ်တော်ကို ရင်တွင်းမှာ ပဲ့တင်ထပ်ကာ ကြားယောင်နေမိသည် ........

"ဘုရားသခင်ဟာ သင့်ကို ချစ်သော မေတ္တာတော်ကြောင့် ဤလောကသို့ဆင်းကြွလာပြီး မဖေါက် မပြန်သော အဂ္ဂါပေ မေတ္တာစစ်ဖြင့် သင့်ကို အသက်ပေး ချစ်တော်မူခဲ့ပါတယ်.... ထိုမေတ္တာရှင် ဘုရားသခင်အား သင်မျက်ကွယ်ပြု။ လျှစ်လျှူမရှှု လိုက်ပါနဲ့လား ဓမ္မမိတ်ဆွေတို့ရယ်"

သင်တန်း နောက်ဆုံးရက်မှ ဆရာစောရန်အောင် ဝေငှ ဟောကြားခဲ့သော ဒေသနာတရား စကားကိုလည်း ကြားယောင်နေမိပြီး .......သူ ချွေးပင် ပြန်နေမိသည်ထင့်... နောက်ဆုံးတော့ ဘုရားနှင့် နှလုံးသားအရေးကို ကောင်းစွာ ချိန်ထိုးခဲ့ပြီးပြီမို့ .....

" ဟုတ်တယ် အဝင်း ..... ကိုအောင် ခရစ်တော် ယေရှုဘုရားကို ကိုအောင့်ရဲ့ အသက်သခင် ကယ်တင်ရှင် အဖြစ် လက်ခံလိုက်တယ် "

"တော်ပါတော့ ကိုအောင်ရယ် ..... အဝင်း ကတော့ ကြားတဲ့အချိန်မှာ ဘယ်လိုမှ ကိုအောင် ဒီလို မဖြစ်နိုင်ဘူးလို ့ထင်ခဲ့တာ အခုတော့ သဲထဲ ရေသွန်ဖြစ်ရပြီပေါ့ ကိုအောင် ...ဒါ .... ဒါဆို.... ကိုအောင်က ....."

 "ကိုယ် ခရစ်ယာန် ဖြစ်သွားပေမဲ့ ကိုအောင် အဝင်း အပေါ်မှာ သစ္စာမမဲ့ပါဘူး အဝင်းရာ "

သူ၏ စကားဆုံးတော့ သူမသည် သူ ့အား တစိမ်းသွင်သွင် ကြည့်ကာ ....

"ဒီမယ် ကိုအောင် ဘာသာရေးကို ဖေါက်လွဲဖေါက်ပြန်ပြုတဲ့ ကိုအောင့်လို လူမျိုးကို အဝင်း ဘယ်တော့မှ...ဘယ်တော့မှ .... "

စကားကို အဆုံးတိုင်အောင် နားထောင်ခြင်း မရှိသလို ထင်ရာစွတ်ပြောနေလေတော့လည်း အငိုဖြင့် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သော စကားကို ငိုသံနှောနေတဲ့ အဝင်း.....

"အဝင်း ကိုလည်း ကိုယ် ဘယ်တော့မှ သစ္စာ မမဲ့ခဲ့သလို ဆက်လက်ပြီးလည်း ချစ်နေမှာပါ အဝင်း။ နောက်ပြီး ယေရှု ခရစ်တော်ဆိုတာက ..... ကိုယ်တို့ ့လောကသားတွေ၊ အထူးသဖြင့် လောဘ။ ဒေါသ။ မောဟတွေ ပြည့်နှက်နေတဲ့ လောကီလူသားတွေအတွက် အသက်တော်ကိုစွန့်ပြီး အပြစ်ငရဲမှ ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ပါ အဝင်းရယ်"

"တော်ပါတော့ ကိုအောင်....... အဝင်း အထင်ကြီးခဲ့လေသမျှ ရှင် ဟာလေ ဖွတ် သာသာနဲ့ အလကား လူမှန်း အခုလို ကြိုသိလိုက်ရတာ အဝင်း အတွက် သိပ် ကံကောင်းတယ်..... ဒီမယ် ကို်အောင်၊ အဝင်းကို အဲ့ဒီ ယေရှုထက် ပို မချစ်နိုင်ဘူး မဟုတ်လား။ ဖြေပါ ဉီး တရားဟော ဆရာကြီးရဲ့"


"အရာရာမှာ ဘုရားကိုသာ  ဉီးထိပ်ထားရမယ်လို့ဆိုထား ....."

"ဖြန်း .... ဖြန်း "

"စကော လောက်မှ စောက် မနက်တဲ့ ရှင့်အတွက်....... ဒါနောက်ဆုံး လက်ဆောင်ပါပဲ "

"ဒုန်း. ဒုန်း. ဒုန်း"

"အဝင်း..အဝင်း..ကိုအောင် ရှင်းပြပါရစေ.."

ပြောပြောဆိုဆို အဝင်း သူ ့ရှေ ့မှောက်မှ တားဆီးချိန်ပင် မရ ပြေးထွက်သွားလေတော့သည်....အနမ်းတွေ ဝေကာ၊ အကြင်နာ အပြည့်ဖြင့် အနမ်းမိုးတွေ ခြွေခဲ့သော သူ ့ပါးပြင်ထက်မှာ နူးညံ့သော လက်တစ်စုံက သံမဏိအသွင် ဖြစ်တည်ခဲ့သောကြောင့် ထူပူသွားသော သူ ့ပါးပြင်အား သူ အသာ ပွတ်သပ်မိလျှက်သာ ......

"ဆရာ.ဆရာ၊ ဟာ ဘာဖြစ်နေတာလည်းဗျာ.ခေါ်လည်း မကြား။ အော်လည်းမကြားနဲ့။ ပါး ယောင်နေလို့လား ဆရာ။ မှန်းစမ်း ညကလည်း အကောင်းကြီးပါ..ဟာ ဘာမှလည်း မဖြစ်ပါဘူး "
လက်ထောက် သင်းအုပ်ဆရာ မောင်သွင်က ပြောပြောဆိုဆို သူ့လက်ကို အသာဆွဲဖယ်ရင်း နောက်ဆုတ်သွားကာမှ သူ ့စိတ်တွေကို ပြန်စုစည်း မိလိုက်လေသည်။

"သြော်..ဘာမှ မဖြစ်ပါဘူးကွာ၊ အတွေးလွန် သွားလို့ပါ"

"စိုးရိမ်သွားလို့ပါဆရာ..... ဆရာ့အတွက် စာတစ်စောင် ရောက်နေတယ် ကြားလို ့ကျွန်တော်  ဉီးသောင်းပိုတို ့အိမ်က ယူလာပေးတာပါ။ ရော့ ဆရာ"
လက်တွင်းသို့အတင်း ထိုးထဲ့ပေးပြီး၊ ထွက်ခွါသွားသော ဆရာမောင်သွင်အား မြင်ကွင်းမှ ကွယ်သွားသည့်အထိ ငေးကြည့်နေမိရင်း။ လက်မှ စာကို ကြည့်လိုက်တော့..
သို ့ ဆရာစိုးညိုအောင် လှိုင်းဘုန်းမြို။ မော်ကျွန်းမြို့နယ်။

လိပ်မူစာကို ကြည့်ပြီး သူ အံ့သြသွားမိသည်။ အလျင်အမြန်ပင် စာအိတ်ကို ဖွင့်ဖတ်မိသည်။ သေသပ်ကာ မိန်းခလေး ပီသသော လက်ရေးလေးက သူ အလွတ်ရနေသော ချစ်ရသူ အဝင်းရဲ့ လက်းရေး ဝိုင်းဝိုင်းလေးတွေမို့သူ့ရင်ကို လှိုက်ဖိုတလှည့် ..... ပဟေဠိတွေအဖြစ် တလှည့်စီ ဖြစ်ပေါ်နေစေသည်က အမှန်။

ကိုအောင် (သို ့မဟုတ် ဆရာအောင်)။ အဝင်း စာရေးလိုက်ပါတယ်။ ကိုအောင်ရဲ ့စေတနာ နှင့် ရဲရဲဝင့်ဝင့် ယောက်ျား ပီသတဲ့ ဆုံးဖြတ်ချက်တွေကြောင့်..အဝင်း ယေရှု ခရစ်တော် ဘယ်သူ ဘယ်ဝါဆိုတာ ကောင်းကောင်းသိခဲ့ရပါပြီ၊ အချစ်ကြီး ချစ်တတ်တဲ့ ကိုအောင် ဘာ့ကြောင့် ဒီလောက် ရက်စက်နိုင်ရတာလည်း ဆိုတဲ့ သိချင်တဲ့ ခံပြင်းစိတ်ကြောင့် .... လေ့လာရင်း လေ့လာရင်းဖြင့် အဝင်း ထာဝရအသက်ကို လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ အားလုံးရဲ ့ကဲ့ရဲ့ ဝိုင်းပယ်မူတွေကို ရင်ဆိုင်ပြီ့း မတွန့် ့မဆုတ် နှင့် ယုံကြည်ရာကို သစ္စာတရားဖြင့် ရပ်ရွာကနေ ပျောက်ကွယ်သွားတဲ့ ကိုအောင်ကို အဝင်း ဒီတစ်သက် တွေ့ရတော့မယ်လို့ထင်မှတ် မထားရဲတော့ပါဘူး ။ ကိုအောင်က လွဲရင် အခြားသူကိုလည်း အစား မထိုးနိုင်တဲ့ အဝင်းရဲ့ သစ္စာတရားကြောင့်လည်း သခင့် စေရာလမ်းမှာ ခန္ဓာ၊ စိတ်။ ဝိညာဉ် အားလုံး အပ်နှံကာ ဆက်ကပ် အစေခံခဲ့ပါတယ်။ ကိုအောင့်ကို အဝင်း တစ်နေ့မှတော့ မေ့လို့မရခဲ့ပါဘူး။ အခုတော့ ငါးနှစ် ဆိုတဲ့ ရာသီခွင် လည်ပတ်အပြီးမှာ ကိုအောင်နေတဲ့ လှိုင်းဘုန်းမြို့ကို ရောက်ဖူးတဲ့ ဆရာသောင်းပို ရဲ့သမီး ဆရာမ မီးမီးထံက ကိုအောင့် အကြောင်းတွေ သိခွင့်ရခဲ့တာပါ။ အခု အဝင်းလည်း  ဉပုဒ်စာဖြေ ဆရာမ မွမ်းမံသင်တန်းမှာ ရပ်ရွာ အတွက်ကိုယ်စားသင်တန်းတက်ရောက်ခံယူဖို့ တစ်လ တိတိ ရန်ကုန်မှာ ရှိနေမှာပါ။ အဝင်းကို ခွင့်လွှတ်ပါလို့တောင်းပန်ရင်း ။ ကိုအောင် အချိန်ရရင် လာခဲ့ပါ လို့တောင်းဆိုပါရစေ..

မှ..ဆရာမ ခင်မေဝင်း ( ဓမ္မပညာတာဝန်ခံ)
ခေတ္တ။ ရန်ကုန်၊


"အဝင်းရယ် ... ကိုအောင် မင်းလေးကို ခွင့်လွှတ် ရုံသာ မကပါဘူး။ အဝင်းရဲ ့သစ္စာတရား နည်းတူ။ မဖေါက်မပြန်သော မေတ္တာတရားတွေဖြင့် ကိုအောင့် ရင်ထဲက အချစ် တွေက မင်းကလေးအတွက် ရှင်သန်နေဆဲပါကွာ။ မွှေးပျံ ့နေမြဲပါ။ ခိုင်မြဲနေဆဲပါ အဝင်း "

ချစ်သော်လည်း။ မတူညီသော ထမ်းပိုးပေမို့ဘယ်တော့ မှ မဆုံနိုင်ဟု သခင့် အလိုတော်ကို ရှေ့တန်းတင်ရင်း ကုန်လွန်ဖြတ်သန်းခဲ့တဲ့ နေ ့တွေ ရှိခဲ့ပေမဲ့။ လွမ်းရေးထက် သခင့်ပေး တာဝန်သာ အဓိက ပေမို့ ထိန်းချုပ်ကာ ထားခဲ့တဲ့ အချစ်စိတ်တွေက အခုအချိန်မှာတော့ သူ့ရင် အနက်ရှိှုင်းဆုံးအတွင်း ကာလ အတန်ကြာ တိမ်မြုပ် နေရာမှ ရုန်းကန် ပေါက်ကွဲထွက်ရန် တာစူ နေခဲ့လေပြီ..။        ။


"ဓမ္မအဆွေများ အမောပြေကာ အစ ဉ်ခိုင်ခန့်စေဖို့ "
နာမတော်မြတ်၌
Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages