ညဉ့်ယံအလွန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, February 14, 2010

ညဉ့်ယံအလွန်

 

 

 

 

 

မရေမရာတာတွေကိုတော့

မသိချင်မမြင်ခြင်ပေမဲ့ ဘဝဆိုတာ အကောင်းအဆိုးတွေ အမြဲဒွန်တွဲနေလေတော့ လိုသည်ရှိ မလိုသည်ရှိ တွေ ့ကြုံရင်ဆိုင်ရမည်ကား သဘာဝ တရားပေမို့ သူရင်ဆိုင်ရန်အသင့်ပါလေ..


ယခုပင်ကြည့်ပါလေ မကောင်းခိုးဆိုး နေသူတွေကို လူမျိုးတိုင်း တိုင်းနိုင်ငံတိုင်းက မုန်းတီးရွံရှာကြပေမဲ့ ကောင်းသောအရာအတွက် ဘယ်သူတွေကမှ မမုန်းကြပါဘူး ဒါက သဘာဝကြပေမဲ့ အဖြစ်က မနှစ်ကနှင့် လုံးလုံးကို မတူတော့တာကကြည့်ပါတော့ .. ကျုပ် အသောက်အစား မလုပ် အလောင်းအစားဆိုရင် ဝေးဝေးကရှောင်ပါတယ်၊ အကောင်းကို အယ ဉ်ဆင့်ဆိုသလို ဒီလို အခြေကနေ လုံးလုံးကောင်းသွားတော့မဲ့ လူကောင်းတကာ့ရဲ့ လူကောင်းလေး ဖြစ်ဖို့လူသစ်စစ်စစ် ဖြစ်လာချိန်မှာ ပြဿနာဆိုတာက ရောက်ချလာပါလေရော့၊ သူမှားတယ် ကျုပ်မှန်တယ်လို့မဆိုလိုပါဘူး၊ ဒါပေမဲ့ သေချာရန် ရင်ဖွင့်လိုတာက ဒီလိုရှိပါတယ်..

"အမေဘာကြောင့်သားကို မနှစ်သက်တာလည်းဆိုတာ သားလည်းသိလျှက်နှင့် ဘာ့ကြောင့် သားဒီလောက် မိုက်ချင်ရတာလည်း ကွယ် "

"အမေရယ် သားအခု ဆိုးပေတေ လေလွင့် နေလို့လား "

"အဲ့လိုတော့ မဟုတ်ပေမဲ့ အခုဘာထူးသေးလည်းကွယ် လူဆိုတာ အသိုင်းနှင့် အဝိုင်းနှင့် နေကြရတဲ့ အချိန်မှာ သားက အားလုံးနှင့်ထူးပြီးနေတာ တော့ သဘာဝ မကျလှပါဘူး နောက်ပြီး အမျိုး ဘာသာ သာသနာဆိုတာ သား သိသိကြီး နှင့်ကွယ် "

" သားမကောင်းတာ လုပ်နေတာဆိုရင်တော့ သားပြင်ဆင်ပါ့မယ် အခုလို့သက်သက်မဲ့ ဝေဖန်နေတဲ ပါတ်ဝန်းကျင်စကားကြောင့် တော့ သား အမေတို့စကားကို မြေဝယ်မကျ နားထောင်ခဲ့ပေမဲ့ ဒီတခါတော့ သားကို ခွင့်လွတ်ပါ အမေ သားဘယ်လိုမှ ပါတ်ဝန်းကျင်ရဲ့ အလိုကို လိုက်ပြီး လုပ်ဆောင်ရန် မတတ်နိုင်ဘူးမေမေ "
 
အခြေအတင် ဆွေးနွေးကြရာ မှ အမေက သူ့အား ဘာမှ ပြောမရတော့ဘူးလား ဆိုတဲ့အသွင် နှင့် ကြည့်နေတဲ့အမေ့ကို သူစိတ်မကောင်းစွာဖြင့်သာကြည့်နေမိသည်။ မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့သည်က ဤအသက်အရွယ် ထိအောင်ပါ။ မိဘကျေးဇူး မဆပ်နိုင်သည့် အဆုံး မိဘ စိတ်ဆင်းရဲအောင်တော့ သူမပြုလုပ်လို ပါ။ ယခုတော့ ခရစ်တော်ဘုရား၏ ဧဝံဂေလိတရားကို ယုံကြည်လက်ခံ လိုက်ခြင်းက ဤမျှ ပြဿနာဖြစ်လာမည် ဟု ထင်မှတ်မထားခဲ့ပါလေ ၊ မိဘတို ့မည်သည် သားသမီးတို ့အား ဆင်စီး၍ မြင်းရံတာကိုသာမြင်ချင်တတ်ကြ သူတွေပေမို့ ပစ္စုပ္ပန်တွင် လူကောင်းဖြစ်နေသည့် ဘဝမှ ယခုဘဝ နောင်ဘဝ တိုင်အောင် သာ၍ကောင်းသွားမည့် ဆုံးဖြတ်ချက်ကို သူ သန္နိဌန် ခိုင်ခိုင်ချခဲ့ရာမှ အစပြုလာရသော အရာပါလေ။

"သား ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလားကွယ်"

" အမေရယ် ဘုရားမှ တပါး အားကိုးရာမရှိလို့ဆိုထားတာပဲ သား ကိုးကွယ်ပါရစေ သားဘာမှ ပြန်မပြင်နိုင်ပေမဲ့ တနေ့အမေတို့သားသဘောကို နားလည်လာမှာပါ အမေ "

"ဘာပဲဖြစ်ဖြစ် သားရေ မိဘစကားနားထောင် ခြင်းကိုတော့ ဘယ်ဘာသာ တရားကမှ တားမြစ်မယ်လို့အဖေ မထင်ပါဘူး ယေရှုခရစ်ကကော တားမြစ်လေရော့သလား ကွာ "

အိမ် ဉီးခန်း တွင် ထိုင်ပြီး ပြောင်းဖူးဖက် ဆေးလိပ်ကို ဖွာ၍ အားရပါးရ သောက်နေသော အဖေက ဝင်ပြောခြင်းပင် ဖြစ်သည် ၊ အဖြစ်က အများနှင့် မတူ ရိုးရာ အစ ဉ်အလာ ကိုစွန့်ပယ် ခြင်းအမှု ၊ တိုင်းတပါး အယူကို လက်ခံခြင်း စသဖြင့် တရွာနှင့်တယောက် ထူးကဲ၍ ရူးနေသူအဖြစ်ထင်မှတ်ခံနေရခြင်းပင်ဖြစ်သည်..

" အမေ နှင့်အဖေ ရာ ခရစ်တော် ဘုရားက သားသမီးတို ့သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘစကားကို နားထောင်ကြလော လို့မိန့်ဆိုထားပါတယ် "

သူ့စကား အဆုံးမှာ တော့ အဖေက..

" အမေကြီး ရေ မင့်သားကတော့ အယူတိမ်းလို့နတ်စိမ်းဖြစ်သွားပါပြီကွာ ပြောမနေပါနဲ့တော့"

အချိန်တွေ နှင့် အတူ အဖေအမေ တို ့နှင့် ဝေးကွာ နေခဲ့ရသည်က ရက်မှ လ၊ လ မှနှစ် ၊ နှစ်တွေ ပင် ဆယ်ချီခဲ့ရပေပြီ ။ သားနှင့် မိဘ ဆိုသော အဖြစ်က အကြောင်းကြောင့်သာ မသင့်မြတ်မူတွေ ရှိကောင်း ရှိနိုင်ငြားလည်း သွေး ဆိုသည်ကား ဖြစ်တည်ခဲ့ပြီမို ့ မခေါ်ချင်နေ၍ ရမည် မတော်ချင်၍ကား မရနိုင်ပါဆိုသလို ၊ တောင်းဆိုး ပလုံးဆိုးသာ ပစ်ကောင်းပစ်မည် သားဆိုး သမီးဆိုးကိုကား ပစ်ရိုးထုံးတမ်း မရှိ ဆိုသော စကားတို့လည်း သက်သေအဖြစ် ထားရှိ ခဲ့ကြပြီမို့ အမှန် တကယ်တွင်မူကား မိဘက သားသမီးကို မပစ်နိုင်သလို ၊ သားသမီးများကလည်း မိဘများအား အဘယ်မှာလျှင် ကျေးဇူးကန်း မေ့ပစ်နိုင်ပါအံ့နည်း ။ နေ့ညမပြတ် ဆုတောင်း လျှက်ရှိနေသည်ကိုလည်း ဘုရားမှ တပါး အဘယ်သူကမျှ မသိနိုင်ပါလေတော့ ။

"မင့်အတွက် Register Letter ရောက်နေတယ် နွေဦး"

နာကျ ဉ်းဖွယ် အတိတ်မှ အဖြစ်အပျက် အတွေး တွေအား ရုတ်တရက်ဖြတ်တောက် ပြစ်လိုက်သည်က ရိန်းဇောင်း ( မ် )၏ အသံပင်ဖြစ်သည် သူအသာအယာပင် ထိုင်နေရာမှ ညှင်သာစွာ ထလိုက်၍ လက်မှတ်ထိုး၍ စာကို ရယူလိုက်သည် ဘာပဲဖြစ်ဖြစ် ရောက်ရှိလာသည့် စာက ဆယ်နှစ်ဆိုသော ကာလအထိ ရောက်လာခြင်းမရှိဘူးသော မွေးသမိခင် မိဘနှစ်ပါးထံမှ စာဖြစ်သည် စာအား သူတုန်ယင်သော လက်များဖြင့် ဖွင့်လိုက်မိသည် အိမ်၌ ဘာအရေးပေါ် ဖြစ်နေပြီလည်းဆိုသော စိုးရိမ်သော အတွေးတို့က စိတ်ကို ဂဏာ မငြိမ် ဖြစ်စေသည်။

" သား အဖေနှင့် အမေ စားရေးလိုက်ပါတယ် သားထံမှ စာတွေကိုလည်း အမေတို ့ ပုံမှန် ရရှိပါတယ် သားရဲ့ သက်သေခံချက်တွေကို အစကတော့ သားပြောတာတွေကို တိုက်ဆိုင်တာလို့ အမေအဖေတို့ထင်မိပေမဲ့ အချိန်တွေကြာလာသည်နှင့် အမျှ ဒါတွေဟာ တိုက်ဆိုင်တာမဟုတ်ဘူး ဆိုတဲ့ အသိနှင့် အတူ သားပြောတဲ့ ယေရှု အသက်ရှင်ခြင်းမှ တပါး အခြားအကြောင်း အရာ မရှိနိုင်တော့တာ တွေကြောင့် အမေတို့လည်း စိတ်ထဲမှာ တော်တော်လေးတော့ သားစေတနာ နဲ ့သားအပေါ် လူကြီး ဆိုပြီး အပိုင် ချုပ်ကိုင်ခဲ့မိတာတွေ ကိုတွေးတိုင်း ယူကျုံးမရ ဖြစ်မိကြရပါ တယ်သား သားအပေါ်မှာ အမေတို့အထင်လွဲ အမြင်လွဲခဲ့ မိတာတွေအတွက် အမေတို့ကို နားလည်ပေးပါလို့တောင်းဆိုချင်တယ်ဘာပဲဖြစ်ဖြစ် သားနှင့် အတူ အမေတို့လည်း လောကရဲ့ အသက် သခင်ကယ်တင်ရှင်ကို အတူတကွ ကိုးကွယ်ပါတော့မယ် သား။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော သားပြောခဲ့ဘူးသလို အမေတို့မိသားစု အားလုံး ယောရှုစကား အတိုင်း ထာဝရဘုးရားကို သာ ကိုးကွယ်ကြရမယ်လို့မျှော်လင့်ထားကြတယ် ။ သားကျောင်းပြီးရင်သာ အမေတို့ထံ ပြန်လာခဲ့ပါသား၊ သားညီလေးတွေရဲ့ နောင်ရေးတွေအတွက်လည်း သား မြင်လှည့်စေချင်တယ်သားရေ၊ သားပြန်လာမှ အမေတို့အားလုံး အတူတကွ ထာဝရဘုရားကို ချီးမွမ်းကြရအောင် ။ သားကိုချစ်တဲ့ အမေနှင့် အဖေ "

နှစ်ချို့ဝိုင်သည်ကောင်း၏ ဟုသူကြားဘူးသည် ။ယခု နှစ်ချို့အလွမ်းတွေအား ဆုတောင်းခြင်း တန်ခိုးကြောင့် နှစ်ချို ့မေတ္တာတွေက အားသစ်တွေဖြစ်စေခဲ့သည် နှစ်တွေ ကုန်၍ အိမ်အပြန် လမ်းမှာတော့အကြင်သူသည် ငါ၏နာမ ကြောင့် လယ်ယာ မိဘ တပါးပါးကိုစွန် ့၏ ထိုသူသည် ထာဝရ အသက်နှင့်တူ အဆတရာသော အကျိုးကို ဤလောက၌ ရမည် ဆိုသော ကတိတော်က ရင်မှာ အမှန်နွေးထွေး စေသည်။

"သား ကတော့ အာဃသတ္တိခဲပဲကွ တကယ့်စွန့်စွန့်စားစားနှင့် ဒီလောက်နှစ်တွေကြားမှာ အသက်ရှင်တဲ့ ယေရှုဘုရား အကြောင်းကို အပြောသာမက လက်တွေ့ကျကျ သက်သေပြခဲ့တယ် ဒါမှ အဖေ့သားကွ "

" အံမယ် ရှင်ပဲ အစကတော့ မင့်သားက အယူတိမ်းလို ့နတ်စိမ်းဖြစ်သွားပြီလေး ဘာလေးနှင့် အခုကြတော့ သူ့သားတဲ့ တော်တော် တရားပါသလားနော် အဖေကြီးရေ "

" မှားတဲ့အခါလည်း မှားပေမပေါ့ ကွာ ဟဲ.ဟဲ.ဟဲ."

"ဟုတ်တယ် နော် ဒီအမှား မကင်းနိုင်တဲ့ အခြေအနေတွေကြောင့် သခင်ယေရှုဤလောကကို ကြွလာစရာ အကြောင်းတွေ ဖြစ်ခဲ့ရတာ နော် သား "

" ဟုတ်တာပေါ့ အမေ "

"ဟား..ဟား... ဟား "

"ဟား..ဟား..ဟား "

"ဟား ..ဟား.. ဟား "

အမှောင်တွေ သမ်းခဲ့သော အခိုက် အတန် ့နှစ်တွေ ကျော်လွန်လာသော မိသားစု အိမ်ကလေးသည် ယခု့ တော့ ဧဝံဂေလိ တရားအလင်းကြောင့် သာယာသော ရီမောသံတွေဖြင့် ပြည်လျှံကာ သယာသော အသံတွေက လှိုင်လှိုင်ကလေး အသွင်ဆောင်နေလျှက် တကယ့် ဆည်းလည်း သံတွေ အဖြစ်ပြောင်းလဲ ခဲ့လေပြီ။

ဓမ္မအဆွေများ ဘဝမောပြေ၍ခိုင်ခန်ကြပါစေသော်ဝ်။

နာမတော်မြတ်၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages