ဥပေက္ခာပြုသင့်ချိန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

ဥပေက္ခာပြုသင့်ချိန်

 
 
 
 
 
 
 
"စပါဂျန်" လူငယ်ဓမ္မဆရာအဖြစ်အမှုတော်မြတ်တွင် ပါဝင်စက အပြောအဆို ရိုင်းစိုင်းသော အမျိုးသမီးတစ်ဦးက သူ့အား အမနာပ စကားများဖြင့်အရှက်ခွဲရန်  

ကြံစည်နေကြောင်းသတိပေးစကား   ဆိုလာသူများအားအောက်ပါအတိုင်း ပြန်လည် ဖြေကြားပြောဆိုခဲ့သည်။

    "ကောင်းပါပြီဗျာ၊ ဒါက လူနှစ်ဦးအားဖြင့်သာ ကစားနိုင်တဲ့ ပွဲစဉ်လေးပေါ့"

    သိပ်မကြာခင်မှာဘဲ   ထိုအမျိုးသမီးနှင့် ဆုံသောအခါ အမျိုးသမီးကကက်ကက်လန်အောင်  ငါးစိမ်းသည်ပမာလား အသွင်ယူကာ သူ့အား ပြောဆိုပြုမှုစဉ်  သူက  ပြုံးပြရင်း

စကားဆိုလိုက်တာက -

    "အော် - ဟုတ်လား၊ ကျေးဇူးပဲ၊ကျွန်တော်    အဆင်ပြေ   ပါတယ်၊  မိတ်ဆွေလည်း   အဆင်ပြေမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်"

    တစ်ဖန်   နောက်တစ်ကြိမ်မှာတော့ အမနာပ စကားတွေဖြင့် ပထမအကြိမ်ထက် ကီးမြှင့်ကာ သူ့အား ထိုအမျိုးသမီးက ပြုမူပြောဆိုသော်လည်း'စပါဂျန်' ဆိုလိုက်တဲ့ စကားက -

    "ဟုတ်ကဲ့၊ ဒီလောက် ဖြစ်ပျက်နေမှတော့ ဒီလိုလေးပြောတာ ကောင်းပါတယ်၊ ဪသာ် - ဒါနဲ့  ကျွန်တော်သွားသင့်ပြီမို့ သွားပါရစေဦး"

    "စပါဂျန်" က  အမျိုးသမီးအားစကားဆို ထွက်သွားချိန်မှာတော့ -

    "သူဟာ အမှန်  မင်္ဂလာရှိသောသူပေပဲ၊ ဖြောင့်မတ်စွာ ဥပေက္ခာပြုနိုင်အားလေတော့ သူ့ကို ကောလဟလဖြင့် တိုက်ခိုက်နေလည်း ဘာအကျိုးရှိနိုင်ပါ့မလဲ"

    'စပါဂျန်' အား  ထိုအမျိုးသမီးသည် ချီးကျူးစကားဆိုရင်း သွားပုတ်လေလွင့် ပြောဆိုပြုမူရန် ဘယ်သောအခါမှ မကြိုးစားတော့ပေ။

     အနှောင့်အယှက် မြောက်မြားစွာရှိသော ဤမြေပေါ်၌ ကျွန်ုပ်တို့အားလုံး ငြိမ်ဝပ်စွာ ဆက်ကပ်အသက်ရှင်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း........



နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်



သက်ထာဝရ မဂ္ဂဇင်းမှ ပြန်လည် ဖေါ်ပြပါသည်။ ။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages